Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သူဇာ လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၂၈.၈.၂၀၂၅)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိသည် သူဇာ လက်ဖက်လုပ်ငန်းရှင် ဒေါ်သူဇာလင်းနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

    ထိုသို့အသိပညာပေးရာတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြား ချက်အရ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်လိုအပ်သည့် အသေးစိတ်အချက်များ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည် ဆိုပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၃၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစား အစာအမျိုးမျိုး၊ စားသုံးဆီ အမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်း အမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိ နိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင် ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ ဩဂုတ် လအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

      စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသဖန်း ဆိတ်သားခြောက်ဖုတ် လုပ်ငန်းနှင့် ဂီတဥယျာဉ်သံစဉ် အာလူးကြော် လုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေးခြင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်တွင် ဦးစာပေး ဈေးကွက် စောင့်ကြည့် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ( ၃ ) ရပ်အတွင်းမှ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ပေးသည့် ကုမ္ပဏီများအား ( ၂၇.၈.၂၀၂၅ ) ရက်နေ့တွင် စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်အတွင်းရှိ 9 Plus Wifi ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ သွားရောက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ကုမ္ပဏီမှ Wifi အမှန်တကယ်အသုံးပြုသည့် စားသုံးသူများအား စာချုပ်ပုံစံများသတ်မှတ်ပေးထားခြင်း၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှု အရည်အသွေးများအား ယင်းစာချုပ်ပေါ်တွင် မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့် ဝန်ဆောင်မှုပေးထားသည်ကို တွေ့ရှိရပြီး၊ အသေးစိတ်ငွေတောင်းခံလွှာများ စနစ်တကျထားရှိခြင်း၊ စားသုံးသူများအား Refund Policy များ စနစ်တကျချမှတ်၍ Wifi ပြတ်တောက်မှုများ ရှိပါက ဝန်ဆောင်မှုရယူသည့် စားသုံးသူများအား ငွေများ ပြန်လည်အမ်းပေးခြင်း၊ မိမိတို့ ကုမ္ပဏီအနေဖြင့် Call Center များ ရှိပါသော်လည်း မိမိတို့၏ Local Phone Number များအား စားသုံးသူများ သိစေရန် အတွက် မိမိတို့၏ Page တွင် ဖော်ပြထားခြင်းများ၊ ဝန်ထမ်းများမှလည်း စားသုံးသူများအား ရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ မန်နေဂျာမှ ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ဂျပန်ဘာသာ စကားပြောသင်တန်းတွင် အသိပညာပေးဟောပြောပွဲ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍ ဝန်ထမ်းများသည် (၂၇.၈.၂၀၂၅)ရက်၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်“ ဂျပန်ဘာသာ စကားပြောသင်တန်း” တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များ၊   စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှဖြေရှင်းဆောင်ရွက်နေမှု အခြေ အနေများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့်  Consumer Call Center 1535သို့ ခေါ်ဆို မေးမြန်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး သင်တန်းသား/သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာ ရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည်များကို ရှင်းလင်းဖြေကြားပြီး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                         

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၁၈-၈-၂၀၂၅)ရက် နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများ အား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာ ပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ပုဒ်မ(၂၄)ပါအချက်အလက်များ၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပါအချက်အလက်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါကုန်စဉ်နှင့်ဝန်ဆောင်မှုများ၏ ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် လိမ်လည်လှည့်ဖျားခြင်းဆိုင်ရာ တားမြစ်ချက်များ၊ပြစ်မှု့ပြစ်ဒဏ်များအကြောင်း၊စစ်ဆေးရေးအရာရှိ၏လုပ်ငန်း တာဝန်များ အကြောင်းအကျယ်တဝံ့ရှင်းဆွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာနရုံးချုပ်၏ www.doca.gov.mm web site တွင် ဝင်ရောက်လေ့လာ နိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ဝက်သား တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)ကျပ်၊  ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)ကျပ်၊ဝက်သား၁ပိဿာ(၂၅၀၀၀)ကျပ် အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား             စားသောက်  ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ခိုင်ငှက်ပျောခြောက်ကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည်သြဂုတ်လ(၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး တံတားဦး မြို့နယ်၊ ရေကမိုးကျေးရွာရှိ ခိုင်ငှက်ပျောခြောက် ကြော်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ခိုင်ငှက်ပျောခြောက်ကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက် များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက် များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား (Myanmar Rice Online-MyRo)သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းကို အသိပေးဆွေးနွေးခြင်း

     ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်စပါးကုန်သည်များ အားစားသုံးသူရေးရာဦးစီးဌာန မော်ကျွန်းမြု့နဘ်တာဝန်ခံရုံးတွင် (၁၅.၈.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်၌ ((Myanmar Rice Online-MyRo)သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းကို အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသဉ်။

   အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လှိုင်း(MyRo)ကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပု့တင်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့ အတွင်း Update ဖြည့်သွင်းဆောင်ရွက်နေမှုအား  အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ပတွင် ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့် အထက်သိုလှောင်ပါက စစ်ဆေးအရေးယူဆောင်ရွက်မည်ဟု မဟုတ်မမှန်ဦ ကောလဟာလ သတင်းပြန့်လွှင့်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်း၊ တောင်သူ၊ စက်ပိုင် များအနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်နှင့် အညီအကန့်အသတ်မရှိသိုလှောင်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။

( DOCA ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ