Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Feel Candy စက်ရုံသို့ ကွင်းဆင်းလေ့လာ

       ၂၄.၁၁.၂၀၂၅ ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့သည် အမှတ်(၁၃၂)၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Feel Candy စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       Feel Candy စက်ရုံတာဝန်ခံက စက်ရုံမှထုတ်လုပ်သော အမှတ်တံဆိပ်များမှာ Rain Bow Candy၊ Red Bull Flavour Candy၊ Classic Series၊ Feel သီးစုံအရသာနှင့်မန်ကျည်းအရသာတို့ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ သကြားလုံး(၃၀)ပါ အထုပ် ၂၀၀ မှ ၂၅၀ ပါကင် ထုတ် လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုမှာ ပျမ်းမျှအားဖြင့် အလှည့်ကျအမျိုးအစားပေါင်း(၅၀၀၀)ပါကင် ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၄၀)၊ မ(၉၀) စုစုပေါင်း (၁၃၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ Feel Candy စက်ရုံတွင် တာဝန်ခံဒေါ်ခင်သင်းမွန်နှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေ၊ စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များ သိရှိစေရန်အတွက် မိမိတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို လိုက်နာဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေး

       ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ၂၄.၁၁.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးခဲ့ရာ ဗူးပေါင်း(၂၉၈၀) ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများ အသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

May Paing Watch Store အား   Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

           ၂၁.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၆:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါမိုးမိုးကြည်နှင့်ဝန်ထမ်းများသည် ကျိုက္ကဆံလမ်း၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍  “May Paing Watch Store ” မှ  “ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ”အား မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိခြင်း ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ၊  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍစုံနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံး သူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ကြား မျှတသောလုပ်ငန်းစဉ်များဖြစ်ပေါ်စေရေး၊စားသုံးသူများစိတ်ကျေနပ်မှုရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အား ဆောင်ရွက်လျက်ရှိရာ ၁၈.၁၁.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးတွင် မြင်းခြံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ပွဲအား ဆောင်ရွက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှု၏အဓိပ္ပာယ်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့်အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆို နိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံခြုံစိတ်ချရမှုများ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံတို့မှ လုပ်ငန်းရှင်များသိရှိလို သည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါဆွေးနွေးပွဲသို့ မြင်းခြံမြို့နယ်ရှိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော MPT ၊ Mytel ၊ Oceon Wave ၊ Fly Net ၊ Fiber Life ၊ ERI / MGT စသည့်လုပ်ငန်းများမှ တာဝန်ရှိသူ(၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

CTs collection online shop မှ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများအား  Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို ၂၁.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၂:၅၀ နာရီအချိန်တွင် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများအား စက်မှု(၅)လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 Shopping With Koi Online shop အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင်  အမှတ်(၇၈)၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်သို့သွားရောက်၍ လူသုံးကုန်ပစ္စည်းများအား Online Sale မှတ်ပုံ တင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကို စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လင်းကမ္ဘာဒေသထွက် စားသောက်ကုန်လုပ်ငန်း online sale အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိကို (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် လင်းကမ္ဘာဒေသထွက် စားသောက်ကုန် Online Sale လုပ်ငန်းအား ရတနာပုံ(၂)လမ်း၊ (၁၀)မြောက်ရပ်ကွက်၊ သာကေတမြို့နယ် သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်စစ်ဆေးခဲ့ပြီး စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍လည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ငါန်းဇွန်မြို့နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားသုံးဆီရောင်းချပေး

                မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်မှသတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသောစားအုန်းဆီများ လစဉ်လတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် အိမ်ထောင်စုတစ်စုလျှင် (၂)ပိဿာနှုန်းဖြင် တစ်ပိဿာ (၇၇၀၀)ကျပ်ဈေးဖြင့် လည်းကောင်း၊ ရောင်းချ ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား လစဉ် (၁၅)ရက်နေ့ တစ်ကြိမ်၊ လကုန် ရက်တွင်  တစ်ကြိမ် ပေါင်းနှစ်ကြိမ်(နှစ်ပိဿာ) ရောင်းချပေးကြောင်းနှင့် ပင်စင်စားဝန်ထမ်း များအား လစဉ် (၂၃)ရက်နေ့မှ (၂၅) ရက်အတွင်း ရောင်းချပေးကြောင်း၊ ထိုသို့ရောင်းချရာတွင် အလေးချိန်မှန်၊ သတ်မှတ်သောဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးကြောင်း၊ ဒေါ်သန့်သန့် (ဆီကိုယ်စားလှယ်) ထံမှ သိရှိရသည်။  

DOCA(မန္တလေး)

A Touch of Beauty Online  shop အား မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည်(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် “A Touch of Beauty Online  shop” မှ အလှကုန်ပစ္စည်းများအား ပုညဝိသနလမ်း၊  ဌေးကြွယ်ရပ်ကွက်၊ တာမွေ မြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း ဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ