Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

        (၂၁.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ် စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် တစ်အိမ်ထောင်စုစားအုန်းဆီ ရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကျောက်ဆည်မြို့ပေါ်ရှိ  ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး”

               ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ ဆန်လက်လီ ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူး ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်ရှိ ဦးသောင်ဆန်ဆိုင်၊ ဦးလှစိုးဆန်ဆိုင် နှင့် သမာဓိ ဆန်အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း ၊ နိုဝင်ဘာလအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန် နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။   

DOCA(မန္တ‌လေး)                     

စားသုံးသူပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်း ချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၂၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီထုတ်ကိုယ်စားလှယ်မှ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရောင်းချရာတွင်လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံစာအုပ်များထားရှိခြင်း၊ ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင်စု(၅၀)ကျပ် သား ရောင်းချပြီး တစ်လလျှင် (၄)ကြိမ်ဖြင့် (၂)ပိဿာရရှိကြောင်း အမှတ်(၁၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Crystal Paradise Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

          (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်တာဝန်ခံ ဦးအာကာမင်းအား ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း (PPRD)စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းနှင့် အညီ ပုံမှန်အတိုင်းရောင်းချရန်၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန်၊ စက်သုံးဆီအရည်အသွေး အလေးချိန်၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ပိုင်းခရိုင်အတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ ကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Orange တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသည့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်မှုရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ရောင်းချနေသော ဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

TM Clothing လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      (၂၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၄၃၀)၊ အေးရိပ်ငြိမ်(၂)လမ်း၊ ရှမ်းချောင်းရပ်ကွက်၊ တပ်ထိပ်မှတ်တိုင်၊ လှိုင်သာယာမြို့နယ်ရှိ TM Clothing လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက TM Clothing ပိုင်ရှင် ဒေါ်နီလာဝေနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၁:၂၀)နာရီအချိန်တွင် EK အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(2B/920)၊ မုဒိတာအိမ်ယာ၊ ပေါက်တောဝ၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

        မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ နိုဝင်ဘာ(၁၇) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ၊ တောက်ပရစ်ဘုရားဝန်းအတွင်း၌ အခြေခံစားသောက် ကုန်ပစ္စည်းများဖြစ်သောအမဲသား တစ်ပိဿာလျှင် (၂၅၀၀၀/-)ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ် ၊ ကြက်သား တစ်ပိဿာလျှင် (၂၀၀၀၀/-)ကျပ် ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၇၅/-)ကျပ် နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)              

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (20.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁0:45)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ Lucky Star Yangon Italy Silver 925 & Brand/Fancy အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်(၅/၁၀၆)၊ ပုလဲရိပ်မွန်အိမ်ယာ၊ ကျောက်စိမ်းလမ်း၊ (၁၄/၁၅)လမ်းဆုံ၊ အင်းစိန်မြို့နယ်ရှိ Lucky Star Yangon Italy Silver 925 & Brand/Fancy အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Our Vintage လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (20.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁0)နာရီအချိန်တွင် အမှတ်(၂၂၆/၂)၊ (၃၁)ရပ်ကွက်၊ မြရတနာလမ်း၊ ရွှေပြည်သာမြို့နယ်ရှိ Our Vintage အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ