Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါ်ညို (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၀.၁၁.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ ဒေါ်ညို (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Chilli Garlic Sauce အမှတ်တံဆိပ်ပါ ကြက်သွန်ဖြူ၊ ငရုတ်ဆီသည် ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကလေးဝမြို့တွင် အာဟာရဖြည့်စွက်အစာအမျိုုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့တွင် ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အဟာရဖြည့်စွက်စာအမျိုးမျိုးတွင် မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း ထားသိုရောင်းချခြင်း ရှိ/မရှိများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ သိရှိစေရန်နှင့် ဘိလပ်မြေဈေးနှုန်း မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၀၈၀၀) ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၀၈၀၀)ကျပ်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ဝယ်ယူရရှိ ပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်း ရှိ/ မရှိကွင်းဆင်းခြင်း

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက် သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဇီးကုန်းမြို့နယ်တွင် စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံသူရေးရာဦးစီးဌာန၌ (၇.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁) နာရီတွင် ဇီးကုန်းမြို့နယ်အတွင်းရှိ စားသာက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်ဖြန့်ဖြူး သည့်လုပ်ငန်းရှင်များနှင့် အွန်လိုင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက တွေ့ဆုံ၍ Onlie Sale ရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်း  အရာများကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  On Line ShoppIng မှတ်ပုံတင်လျှောက်ထားမည်ဆိုပါက (e-Commerce Registration  (Online) System) ဖြင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များကိုလည်းကောင်း ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအရစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ကုန်စည်များရောင်းချရာတွင်ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာဖော်ပြပြီးမှ ဈေးကွက် ဖြန့်ဖြူးကြရန် အသိပညာပေး ဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ပဲခူး)

၂၀၂၆-၂၀၂၈ မြို့နယ်ဆီကုန်သည်များအသင်းပြန်လည်ဖွဲ့စည်းရေးဆွေးနွေး

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု တည်ငြိမ်ဖွံဖြိုး တိုးတက် ရေးအတွက် အသင်းအဖွဲ့များ တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး private public production ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကိုခည်း ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ်အတွင်းရှိ  မြို့နယ်ဆီကုန်သည်အသင်းအား ၂၀၂၆-၂၀၂၈ သက်တမ်းအတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ၉.၁၁.၂၀၂၅ ရက်နေ့ နေ့လည်(၁:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာ အစည်းအဝေးခန်းတွင် အသင်းသားများနှင့် တွေ့ဆုံအစည်းဝေးလုပ်ခဖဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွေ့ဆုံပွဲသို့ ယခင်အသင်းဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ အသင်းသူ / အသင်းသား ၃၀ကျော် တက်ရောက်ခဲ့ပြီး အသင်းသစ်သားမြို့နယ်၊အထွေထွေအုပ်ချုပ်ရေး ဌာန၏ လမ်းညွှန်ချက်အတိုင်း အသင်းအဖွဲ့စည်းမျဉ်းနှင့်အညီ ပြန်လည်ဖွဲ့စည်းနိုင်ရန်၊ အသင်းပြန်လည် ဖွဲ့စည်းခွင့်ပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနသို့ လျှောက်ထားတင်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်းစိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဆကာရပ်ကွက်၊‌ တာကလေးရပ်ကွက်၊ မြဝတီရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်နှင့် နတ်မော်လမ်းတို့ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ရောင်းချမှုရှိ/ မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာယာဝတီခရိုင်တွင်ဆန်စပါးသိုလှောင်ရုံ များအား ကုန်ရ/ကုန်ထုတ်စာရင်းများ ဖြည့်သွင်းနိုင်ရေးကူညီဆောင်ရွက်ပေး

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်း ရှင်များအားလစဉ် ကုန်ရ၊ကုန်ထုတ်၊ လက်ကျန်စာရင်းများ ထည့်သွင်းခြင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိရာ (၅.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင်စားသုံးသူ ရေးရာဦးစီးဌာန၊သာယာဝတီခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး၊ သတင်းနည်းဌာနခွဲတာဝန်ခံ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများတို့က သာယာဝတီမြို့နယ် အလယ်ကုန်းဂိုဒေါင် ဧည့်ရိပ်သာဆောင် တွင်  သာယာဝတီမြို့နယ်ရှိ MyRoမှတ်ပုံတင်ထားသောလုပ်ငန်းရှင် များနှင့်တွေ့ဆုံပြီး အသိပညာ ပေးခြင်း၊ ဆွေးနွေးဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

          သာယာဝတီခရိုင် ဦးစီးမှူးရုံးတွင်လည်း ၁.၁၁.၂၀၂၅ ရက်နေ့မှ ၁၀.၁၁.၂၀၂၅ ရက်နေ့ထိ  ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များ ဖြည့်သွင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိရာ  Myro တွင်မှတ်ပုံတင်ထားသူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်လျှက်ရှိပါသည်။သာယာဝတီခရိုင် အနေဖြင့်အောက်တိုဘာလကုန်ထိ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု အခြေအနေမှာ၊ ဆန်ဆိုင်များ၊ ဆန် စပါးသိုလှောင်ရုံစုစုပေါင်း (၂၅၁)ရှိနေပြီး၊ ကျန်ရှိနေသော သိုလှောင်ရုံများကိုလည်း ဆက်လက်၍မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ Myro  သက်တမ်းတစ်နှစ်ပြည့်သူများ  သက်တမ်းတိုးနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့မှငွေစင်လင်းမုန့်လုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တည်ဆောက်ရေး(၉)လမ်းတွင် ရှိသော ဦးကျော်သီဟ၏ ငွေစင်လင်းမုန့်မျိုးစုံလုပ်ငန်းအား ဒု-ခရိုင်မှူး ဒေါ်ခိုင်ခိုင်ရီ၊ ထုတ်လုံတာဝန်ခံ ဦးဇော်ထွန်း၊ သာယာဝတီမြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင်  အရသာ အထူး ကောင်းမွန်သော ပဲအနှစ်ဂျုံ အကာဖြင့်ပြုလုပ်သော မုန့်လုပ်ငန်းခွင်မှ ထုတ်လုပ်မှု အဆင့်ဆင့် ကို လေ့လာခဲ့ပြီး မုန့်(၆)ခုပါ တစ်ဘူး လျှင် ၂၂၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ပြီး၊ဘူးတစ်ဘူးလျှင် (၇)ရက်အထိ ကြာရှည်ခံထားပြီး စားသုံးနိုင်ပါသည်။သာယာဝတီမြို့နှင့်အနီးတဝိုက် ကျေးလက်များ၊ ရန်ကုန်မြို့အထိ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း ငွေစင်လင်းမုန့်၏ ပုံရိပ်များအား သိရှိရေး သားလိုက်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ