Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့၊ အထက(၁) ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ၊နံနက် (၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အထက(၄) ကျောင်းမုန့်စျေးတန်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများနှင့်ကျောင်းသား/ကျောင်း သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက် ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အ ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတောင်းမြို့၊ အခြေခံပညာ မူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် (၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင်  အသိပညာပေး ဟောပြော ပွဲကျင်းပခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  ပန်းတောင်း မြို့နယ် တာဝန်ခံမှ စားသုံးသူ အသိပညာပေးဟောပြောပွဲတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသော ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း မြေပဲစိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ရာသီချိန်အမီ သက်သာသော ဈေးနှုန်း ဖြင့် ရရှိရေး စိုက်စနစ်များ၊ သီးနှံဈေးကွက်တည်ငြိမ်ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများရရှိရေး အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးနှင့် ပြည်မြို့နယ်တာဝန်ခံတို့သည်(၁၃.၈.၂၀၂၅)     ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ဝါးရုံဆိပ်အုပ်စု၊ လျှော်ထုံးကျေးရွာရှိ မြေပဲစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံ၍ အစုအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများအား ရှင်းလင်းဆွေးနွေးရာ တောင်သူများမှ အစုအဖွဲ့ ဖွဲ့စည်းပေးရန် အဆိုပြု တင်ပြ သည့်အတွက် လျှော်ထုံးကျေးရွာ၊ မြေပဲစိုက်ပျိုးသူ အစုအဖွဲ့အား တောင်သူ (၁၅)ဦးပါကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

        စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျောင်း/အိုးရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ အောင်မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များသို့ အရန်အသင့် အစားအစာအမျိုးမျိုးကို လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဆင်တဲဈေးနှင့် ဥသျှစ်ပင်ဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ မြို့ပေါ်ကုန်စုံဆိုင်များသို့ အရန်အသင့် အစားအစာအမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၁၅)ရက်နေ့အထိပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၁၅)ရက်နေ့အတွင်း၌  ပြည်ခရိုင်တွင် ဆက်သွယ်ရေးအင်တာနက်(ဝန်ဆောင်မှု)လုပ်ငန်းရှင်များ၊ ပြည်မြို့နယ်တွင် မြို့သစ်(၄)လမ်းထိပ်၊ ဒေါ်ခင်မို့မို့ဝင်း၏ “အောင်မေတ္တာ”ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ မြို့မဈေးကြီး(၁)ရုံ ရှိ ဒေါ်ညွန့်ညွန့် ဆီဆိုင်သို့လည်းကောင်း၊ ရွှေကူရပ်ကွက်၊ လမ်းရှည်လမ်းရှိ ဒေါ်ပြုံးပြုံးအေး ဆီရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “ရွှေဖလား” ဆန်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် နွားမယံအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ၊ ဒေါ်ခိုင်မေသင်း၏ “မြသော်တာ”အသင့်စားနန်းကြီးသုပ် လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့ နယ်တွင် ဆင်တဲကျေးရွာရှိ “ဒေါ်ရင်မြိုင်”ဆန်ဆိုင်သို့လည်းကောင်း၊ ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးအောင်နိုင်ဖြူ၏ “သန်းကြွယ်”ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဥသျှစ်ပင်၊ ရွှေပင်ရပ်ကွက်ရှိ ဦးမျိုးနိုင်ဦး၏ “လာဘ်မိုးပွင့်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် သို့လည်းကောင်း၊ လဲကျေးရွာရှိ ဒေါ်သိမ့်သိမ့်စန်းဌေး၏ “ရတနာ”စိုက်ပျိုးရေးပစ္စည်းဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့ တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးသက်ဇော်အောင်၏ “ချမ်းမြေ့ပါစေ”ဣစ္ဆိတံလုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁)ရက်မှ(၁၅)ရက်အထိ ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် ပြည်နည်းပညာတက္ကသိုလ်၊ ရွှေတောင်မြို့နယ်တွင် အ.ထ.က(ကြာနီကန်) ကျောင်း၊ အ.လ.က(ချည်မျှင်)ကျောင်း၊ အ.မ.က(သဲတန်း)ကျောင်း၊ အ.မ.က(ဘယ်လက်)ကျောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ရွာထောင်အုပ်စု၊ အ.မ.က(မုန်ကုန်း) ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ်၊ အထက(၂)ဇေယျဝတီတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

      တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင်ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် မုန့်နှင့် အချိုရည်များကိုသာ ဝယ်ယူစားသောက် သင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုကို တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားပါသည်။

     ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က မူးယစ်ဆေးအန္တရာယ် သိကောင်းစရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၇၂ ဦး တက်ရောက်ကြောင်း၊ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော အသင့်စားမုန့်များနှင့် အသင့်သောက် အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အမက(လွန်)မိုးကောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား ကျောင်းသူများ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၅ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချစ်ကြည်စုကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ များကို အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတတ်သော ဆေးဝါးများ အန္တရာယ် နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေး အတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

     ညောင်ပင်ကြီး အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၁၂၇ ဦး၊ ချစ်ကြည်စု အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၆၉ ဦး တက်ရောက်ကြောင်းနှင့် ညောင်ပင်ကြီး အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လည်းကောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထန်းကုန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေး ဟောပြောခဲ့ပါ သည်။

    တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၇၅ ဦး၊ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲ ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၁၅၀ ဦး တက်ရောက်ကြောင်းနှင့် တပ်တွင်း အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ကျောင်းမုန့်ဈေးတန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ