Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နောင်စွန်းရပ်ကွက်ရှိ ဆေးနှင့်ဖြည့်စွက်စာအမျိုးမျိုးရောင်းချသောလုပ်ငန်းရှင် ဦးစိုးရာဇာထွန်း နှင့် တွေ့ဆုံဆွေးနွေးခြင်း

      မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၁၁.၂၀၂၅ ရက်နေ့ ၁၃:၀၀ အချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ ဆေးနှင့်ဖြည့်စွက်စာ အမျိုးမျိုးရောင်းချသောလုပ်ငန်းရှင် ဦးစိုးရာဇာထွန်း (အသက် ၄၀ အထက် ကျား - ၁ ဦး) နှင့် တွေ့ဆုံ ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ FDA တွင် မှတ်ပုံတင် ထားသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ ဝယ်ယူရောင်းချရန်၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးတက်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်ပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

DOCA(ကချင်)

 

 

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရာဇာ အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၆၅၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိတို့ ခွဲတမ်းရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ပြုလုပ် ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း နှင့်စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၇.၁၁.၂၀၂၅ ရက်နေ့၊ ၁၂:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်ရင်ရင်(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Dragon အမှတ်တံဆိပ်ပါ ရှာလကာရည်တွင်  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မဲတူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၇.၁၁.၂၀၂၅ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စည်ပင်သာယာ ရေစင်ဈေးအတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော အောင်သိဒ္ဓိ (ကုန်စုံဆိုင်)သို့ သွားရောက် ၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် MAMA အမှတ်တံဆိပ်ပါ ကြက်သားအရသာခေါက်ဆွဲ တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြ ပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှဦးဇေယျာအောင်၊ခရိုင်ဦးစီးမှူးသည် ၇.၁၁.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော Two Boy (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် RicH အမှတ်တံဆိပ်ပါ ခရမ်မီကော်ဖီမစ် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဒေါ်ဘောက်နူး (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၇.၁၁.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ဒေါ်ဘောက်နူး (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မေမြို့ဖရက်(ရှ်) အမှတ်တံဆိပ်ပါ ဒေသထွက်သဘာဝနှပ်ကော်ဖီသည် အသင့်ဖျော်ကော်ဖီထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  လက်ပံတန်းမြို့နယ်စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်(၇)ဦးနှင့် (၂၉.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ၊ခရိုင် ဦးစီးမှူး မှ  တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး   ဥပဒေအခန်း  ( ၁၈ )ပါ  ကုန်စည်  များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊  ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏   တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကျောင်းမုန့်ဈေးတန်းများ သွားရောက်စစ်ဆေးခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးတင်စိုးနိုင်(ဦးစီးမှူး)နှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (.၁၁.၂၀၂၅)  ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(ရွှေကျ)ရှိ ကျောင်းမုန့် ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား သန့်ရှင်း လတ်ဆတ်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှသတ်မှတ်ထားသော ကုန်ပစ္စည်းများကိုရောင်းချ စေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲမပါသောမုန့်များရောင်းချခြင်း မပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းချရန်၊ ကျောင်းသား/ ကျောင်းသူများ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မင်းလှမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် မင်းလှမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ် စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၈.၁၀.၂၀၂၅) ရက်နေ့တွင် လမ်းမတော်လမ်းရှိ စိန်ရွှေဖြိုးဆန်စက်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက်ဧည့်မထစပါး များကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင်တစ်အိတ်လျှင် (၄၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် ဦးတင်စိုးနိုင်(ဦးစီးမှူး)တို့သည် (.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ရွှေကျ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ  ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲများ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ