Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် (သို့မဟုတ်) အာမခံပေးထားသည့် ကာလအတွင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ကုန်စည်ထုတ်လုပ်ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်တွင် တာဝန်ရှိကြောင်း၊ ပုဒ်မ(၃၈)(၃၉)တွင် ဖော်ပြထားသော မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်/ ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံပြီး (သို့မဟုတ်) ပြုပြင်ပြောင်းလဲပြီးမှ စားသုံးသူသို့ ရောင်းချမှုပြုလျှင်    ၎င်းတို့နှင့်စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းရန် တာဝန်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်/ ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့်ကာလ (သို့မဟုတ်) အာမခံပေးထားသည့်ကာလ   သက်တမ်းအတွင်း အပိုပစ္စည်းများရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ရောင်းချပြီးနောက် လိုအပ်သော ဝန်ဆောင်မှုများထပ်မံပေးခြင်းနှင့် သဘောတူညီချက်တွင် ပါရှိသည့်အာမခံချက်နှင့် အညီဆောင်ရွက်ခြင်းပြုရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့၊ IDEA  ကိုယ်ပိုင်ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး   

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ IDEA ကိုယ်ပိုင် အထက်တန်းကျောင်း ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)                            

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းအတွင်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 (၇.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေ အတွင်းရှိ ဖောင်းပြင်မြို့တွင် ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                  ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် အသင့်စား အစားအစာများ၊ ဖျော်ရည်များကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပြီး  စာသင်ကြားနေသည့် ကျောင်းသား/သူများအနေဖြင့် အတုယူမှားစေသည့် ဆေးလိပ်ပုံ ချိုချည်များ၊ အရက်ပုလင်းပုံစံဖြင့် ထုတ်လုပ်ရောင်းချသည့် အချိုရည်ဗူးများ ရောင်းချရန်မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားများအား မြန်မာစာဖြင့် ဖော်ပြပါရှိရမည့်အချက်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်းနီးကပ်သည့် အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များ မရောင်းချမိစေရန်အတွက် အထူးဂရုပြုရောင်းချပေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးရှိ အသင့်စား အစားအစာအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် မြို့မစည်ပင် သာယာဈေး၌ ရောင်းချ နေသော အသင့်စား အစားအစာအမျိုးမျိုးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ အသင့်စား အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့် အစား အစာများ ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော အစားအစာများ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့ကိုက်ညီသော ကုန်စည်များကိုသာ ဆက်လက်ဖြန့် ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)      

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

      ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)နေ့(၁၂:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသောဘိလပ်မြေအိတ်ဝယ်ရင်း ဈေးထက်အမြတ်%(၁၀%)ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေအရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက်အမြတ် (၁၀%)ထက် ပို၍ရောင်းချခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် လှည်းဆိပ်(အ မ က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

          ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးတင်စိန် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၅) ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် လှည်းဆိပ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ ဆရာမ (၅)ဦး ကျောင်းသူ/ ကျောင်းသား(၈၁)ဦးစုစုပေါင်း(၈၆)ဦးတို့အားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓာတုဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာများအကြောင်း၊ ကျောင်းနေအရွယ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် မုန့်များဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောမုန့်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စာဖတ်ပြည်သူများအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြော

        ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နို၀င်ဘာလ(၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌စာဖတ်ပြည် (၆) ဦးအားစားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးသိန်းမောင်ကစာသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများထဲမှ စားသုံးသူအခွင့်အရေးအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ဆိုင်သည့် ကိစ္စရပ်များအကြောင်း၊ ကုန်စည်၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးပေါ်တိုင်ကြားနိုင်သည့်call center1535 သို့ ဆက်သွယ်‌‌မေးမြန်း တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက ကုန်စည်၀န်ဆောင် မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်သိရှိလိုသည့်များကို မည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ‘ဝတစ်လုံး’ဆန်စက်သို့ ကွင်းဆင်း

          ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဝတစ်လုံးဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါးဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ တည်ငြိမ်မှုရှိ/ မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မိစေရေး၊ အချိန်အတွယ်နှင့် ပတ်သက်၍လည်းသတ်မှတ်ထားသည့် နှုန်းအတိုင်းပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊   MSMEs  လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်တော့ဘဲ စားဝတ်နေရေးအစဉ်ပြေကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ “ရွှေရိုး”ငပိထောင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ကနောင်စုရပ်ကွက်ရှိ “ရွှေရိုး”ငပိထောင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်များ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များ သိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်ရှိ ကျေးရွာအုပ်စုများတွင် ဆီဖြန့်ဖြူးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဒူးယားတိုက်နယ်ရှိ ကျေးရွာအုပ်စုများဖြစ်သော ဒူးယား၊ ကြပ်ကလေး၊ သပြုပင်၊ လှည်းလမ်းတက်ကျေးရွာများအား လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့် အကြိမ်ရေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ ကျေးရွာရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာရောင်းချမှုရှိ/ မရှိတို့ကို ဆီအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ