Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တံတားဦးမြို့နယ်ရှိ သစ်လင်း သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ နိုဝင်ဘာလ(၁၉) ရက်နေ့တွင် တံတားဦးမြို့ရှိ သစ်လင်းသောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသောဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့ ရှိ ကလေးနှင့်လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာ အမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်မြို့ရှိကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကလေးနှင့် လူကြီး အာဟာရဖြည့်စွက်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း ပြေားကြားခဲ့ပြီး ဆက်လက်၍လည်း  စဉ်ဆက်မပျက် ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

     (၁၉.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ နေပြည်တော်ဦးစီးမှူး ဦးသိန်းထွန်း(ညွှန်ကြား ရေးမှူး)ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၁/၂၀၂၅)ကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“ကျောက်ဆည်မြို့ရှိ စားသောက်ဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများနှင့် အသား၊ ငါး၊ သီးနှံနှင့်ဟင်းသီးဟင်းရွက်များအား သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်မာရေးဆေးစစ်မှုများခံယူရန်၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့်အစား အသောက်များ၏ အမျိုးအစား၊ အရွယ်အစား၊ ဆိုဒ်၊ပမာဏအလိုက်စျေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဇေယျာသီရိမြို့နယ် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲ ”

       နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီနာယက၏ လမ်းညွန်ချက်အရ နေပြည်တော်MSME ဥက္ကဋ္ဌမှ အနီးကပ် ကြီးကြပ်၍ ပွင့်လင်းရာသီတွင် MSMEထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် ထုတ်ကုန် အမယ်သစ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ(၈)မြို့နယ်အတွင်း MSME လူသုံးကုန်နှင့်စားသောက်ကုန် ထုတ်ကုန်အမယ်ပြပွဲပြိုင်ပွဲများ စီစဉ်ကျင်းပနိုင်ရေးဆောင် ရွက်လျက်ရှိရာ (၂၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်၌ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်း အုပ်စု၊ ဝက်စုကျေးရွာတွင် ကျင်းပပြုလုပ်သော “ ဥတ္တရသီရိမြို့နယ် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲ ”   ဖွင့်ပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူး ဦးသိန်းထွန်း(ညွှန်ကြားရေးမှူး)နှင့် ဦးစိန်ဝင်း(ရုံးအုပ်)တို့မှ တက်ရောက်ခဲ့ပြီး  ပြိုင်ပွဲဝင် များ၏ ထုတ်ကုန်ပစ္စည်းများသတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရွေး ချယ်နိုင်ရေးအတွက် အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“ကျောက်ဆည်မြို့ရှိ ကျောင်းမုန့်စျေးတန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ဆိုးဆေးများပါရှိသော အစားအသောက်များအားရောင်းချခြင်းမပြုရန်၊  အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ အစားအသောက်များရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကို ရွေးချယ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

             မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေး ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ပါသည်။ ညောင်ဦးမြို့နယ်တွင် အဓိကသီးနှံများဖြစ်သော မိုးစပါး(၁၆၆၄)ဧက၊ မိုးပဲမျိုးစုံ(၃၂၉၈၁)ဧက၊ မိုးဆီထွက်သီးနှံ(၁၆၇၇၆၃)ဧကတို့အား အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပြီး ဆောင်းဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲလျားထား(၁၈၈၆)ဧက၊ ဆောင်းနှမ်း(၂၅၂၃)ဧက၊ ဆောင်းနေကြာ(၉၅၀၀)ဧက စိုက်ပျိုး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နေကြာမျိုးစေ့ထုတ် စံပြကွက်မှ တောင်သူများမျိုးကောင်းမျိုးသန့် သုံးစွဲရေးအတွက် ဆင်းရွှေကြာ-၂ မျိုးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် တို့က မျိုးများပေး အပ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ က ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ စံပြကွက်တောင်သူများအား ပံ့ပိုးပစ္စည်းများပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါနည်းပညာပေးဆွေးနွေးပွဲအား စိုက်ပျိုးသီးနှံထုတ်ကုန်များပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်ထွက်ရှိလာသောသီးနှံများပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပန်းတိုင်အထွက်နှုန်ုးရရှိအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ခရိုင် မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ၊ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန် မှ ပဲတီစိမ်းသီးနှံ၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)    

                                                                                               

ညောင်ဦးမြို့တွင် My RO ဆန်ပွဲရုံနှင့် သိုလှောင်ရုံများသို့ ကွင်းဆင်း 

                               မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ညောင်ဦးခရိုင်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဒေါ်အိပိုင်ဆက်(သီတာစိုး ဆန်ရောင်းဝယ်ရေး)၏ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံအလုံး(၁၀)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ကုန်ရ/ ကုန် ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့်အချက် အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 DOCA(မန္တလေး)                          

ညောင်ဦးမြို့တွင် My RO သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

       မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ညောင်ဦးခရိုင်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဒေါ်သဲစုအောင် (သူ့စိတ်ကြိုက် ဆန်ရောင်းဝယ်ရေး)၏ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံအလုံး(၁၀)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့်အချက် အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၀၈:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၉၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၁၅)ကျပ် များကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်တစ်လီတာလျှင်(၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ လျှင်(၆၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ဈေးနှုန်းတည်ငြိမ်စေရေး၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ