PT TELEKOMUNIKASI INDONESIA INTERNATIONAL Co.Ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅)ရက် နေ့၊ နေ့လယ်(၁၂း၀၀)အချိန်ခန့်တွင် တိုက် (၁၅၈, ၁၆၈)၊ အခန်း (၁၉)ပထမထပ်၊ မဟာဗန္ဓုလ လမ်း၊ (၂)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်တွင်ဖွင့်လှစ်ထားသော PT TELEKOMUNIKASI INDONESIA INTERNATIONAL Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိ စေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၇)ရှိ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်ထံမှာသာ တာဝန် ရှိကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)









