Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၅၆၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၅၆၅ ဖြစ် ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။   

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဖျာပုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေပေးအပ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  စက်တင်ဘာ (၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီခွဲအချိန်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

         အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထောက်ပံ့ချေးငွေရယူကြမည့် မြို့နယ်တွင်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းမှ လုပ်ငန်းရှင်များအား ပိုမိုတိုးတက်သောလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ရန် အတိုးနှုန်း (၀.၅)ရာခိုင်နှုန်းဖြင့်သာ ထောက်ပံ့ချေးငွေ ထုတ်ပေးသည့်အတွက် ချေးငွေရယူကြသူများအနေဖြင့် မိမိတို့လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက်သာ အကျိုးရှိရှိ အသုံးချကြရန် အမှာစကားပြောကြားပြီး မြို့နယ်နိုင်ငံ့ စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ် စီမံကိန်း ဦးစီးမှူး ဒေါ်မာမာဆွေက ချေးငွေထုတ်ချေးမှုနှင့်ပတ်သတ်သည်များ၊ လိုအပ်သည့် လမ်းညွှန်မှုများအား ရှင်းလင်းမှာကြားဆွေးနွေးသည်။ ထို့နောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်းစသော လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့အတွက် ချေးငွေကျပ် သန်း(၂၅၀)အား လုပ်ငန်းအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီလက်လီဆိုင်များမှ ဆီရောင်းချမှုအားကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ ဆီရောင်းချသူ လက်လီဆိုင်များမှသတ်မှတ်ချက်နှင့်အညီဆီရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိစေရေး၊ ဆီရောင်းချသူလုပ်ငန်းရှင်များ  စီးပွားရေးကျင့်ဝတ်နှင့်အညီ   မျှတစွာရောင်းချစေရန်နှင့် အလေးချိန်မှန်၊ ဈေးနှုန်းမှန်စွာရောင်းချစေရေး၊ ဆီစာအုပ်များကို ပျောက်ဆုံးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါက မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲ ရောင်းချနေကြောင်းဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်းရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုအခြေအနေနှင့် FDA ထောက်ခံချက်များပါဝင်သော မုန့်များကိုသာ ရောင်းချနေကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/ စပါးကိုအဓိကထားစိုက် ပျိုးထုတ်လုပ်ပြီး၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကျိုက်လတ်မြို့မှ မြိတ်မြို့သို့ တင်ပို့မည့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှုအခြေအနေ၊ ရေယာဉ်ကြံခိုင်မှုနှင့် လိုအပ်သည့် စစ်ဆေးမှုများ၊ ဆောင်ရွက်ခြင်း၊ ဆန်သယ်ယူရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ရွှေမြင့်မိုရ် ပုဇွန်ခြောက်ဘူးတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း “ရွှေမြင့်မိုရ်” ဆိုင်တွင် ရောင်းချနေသော “ရွှေမြင့်မိုရ်” ပုဇွန်ခြောက်ဘူးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက“ရွှေမြင့်မိုရ်”ပုဇွန်ခြောက်ဘူးတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ သုံးစွဲမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှု အခြေအနေတို့အား စိစစ်ခဲ့ရာ ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက်(၁၀း၄၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဖြစ်ပွားနေသော နယ်မြေအခြေအနေများအရ ကား လမ်းခရီးဖြင့် ပစ္စည်းများသယ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် လုပ်ငန်းရှင်များမှလည်း လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

  တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါရှိရမည့် အမျိုးအမည်၊ အရွယ်အစားနှင့်အသားတင်ပမာဏ၊ ထားသိုပုံအဆင့်ဆင့်များနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိ ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ ၁၃း၀၀နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၁၀) ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777 / Nissan မော်တော်ယာဉ်နှင့် အလားတူ Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါ နှင့် Yadanarbon Network Distribution Co,Ltd မှ စားအုန်းဆီ (၃၄) ပေပါတို့ကို ယာဉ်မောင်း ဦးစည်သူအောင်၊ ယာဉ်အမှတ် 1M-3466/ Isuzu မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီး ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၂၂၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန် လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ