Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

      ၂၇.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရော်ဘာကုန်သည်နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ကုန်စည်ဒိုင်ဖြစ်မြောက်ခြင်းသည် ဒေသတွင်းရော်ဘာထုတ်ကုန်များကို တစ်နေရာတည်း၌ ရောင်းဝယ်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် ဈေးကွက်အဖွဲ့အစည်းများ အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ရန် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၏ လမ်းညွှန်းချက်အရ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ

              မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၏ လမ်းညွှန်းချက်အရ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ မအူပင်မြို့နယ် အောင်ရတနာဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ကုန်ဆိုင် များအား ကုန်အညွှန်းအမှတ်အသား ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ဈေးကွက် စောင့်ကြည့်ခြင်းလုပ်ငန်းများ ၂၃-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်က ပူးပေါင်းဆောင်ရွက်ခဲ့ ပါသည်။

            အခြားဈေးကွက်စောင့်ကြည့်မှုကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက  မြို့ပေါ်ရှိ စတိုးဆိုင်များ လက်လီဈေးဆိုင်များနှင့် ဝန်ဆောင်မှုရှိသောလုပ်ငန်းများကိုလည်း စစ်ဆေးကြပ်မတ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြ ချက်များ၊ ညွှန်ကြားချက် ၂/၂၀၁၉ စပ်လျဉ်း၍ အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်ဆိုင်ရာမိတ်ဖက်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင်ကြည့် ကွင်းဆင်း စစ်ဆေး ကြပ်မတ်

         မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမားရေးဦးစီးဌာန၊ အစား  အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် အလျဉ်းသင့်သလို ပူးပေါင်း၍ စားသုံးသူများ ဒေသတွင်းအခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား  သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အဓိကထား၍ ကုန်စုံဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ လောင်စာဆီဆိုင်များ စားအုန်းဆီဆိုင်များနှင့် ဆေးဝါးဆိုင်များကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်က စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို သင့်တင်မျှတသော ဈေးဖြင့် ဝယ်ယူနိုင်ရေး၊ ကုန်စည်အမျိုးမျိုးတွင် ကုန်အညါှန်အ၎ှတ်အသားဖော်ပြပါဝင်ခြင်းရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီသော ကုန်စည်များ ရောင်းချခြင်းရှိမရှိ၊ ဒေသတွင်း ကုန်ဈေးနှုး အခြေအနေများကို မေးမြန်းခြင်း၊ သက်ဆိုင်ရာ ဌာနဆို့’ ခွင့်ပြုချက်ထောက်ခံချက် ပါရှိမှု ရှိမရှိကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသော ဆိုင်ရှင်များကို ဒေသတွင်းကုန်စည်များ ရောင်းချရာ၌ သင့်တင်မျှတသော ဈေးဖြင့် ရောင်းချရန်၊ သိုလှောင်ပြီး ဈေးကစားရန် ပြုလုပ်ခြင်းများ မရှိစေရေးကို ဆိုင်ရှင်များအား မှာကြားစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ Community Center ခန်းမတွင် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦး ဆောင်ကျင်းပ သော ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့်အတူ  ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး Community Center ခန်းမတွင်(၂.၉.၂၀၂)နေ့နံနက်(၁၀:၀၀)နာရီ မှ(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားကို ခရိုင်စိုက်တိုးမြှင့် ဥက္ဥဌမှ ငါးလုပ်ငန်းမွေးမြူရေး အကြောင်းကို အဖွင့်အမှာစကားပြောကြားပြီးနောက် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သမရိုးကျ မွေးမြူမှုမှသည် နည်းစနစ်ကျအရည်အသွေးကောင်း ငါးမွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာရေးနှင့် ပြည်တွင်းဈေး ကွက်မှသည် နိုင်ငံခြားဈေးကွက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မှု အလားအလာ ကောင်းများကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းဟောပြောခဲ့ပါသည်။

            ဆက်လက်၍ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မအူပင်မြို့နယ် ငါးလုပ်ငန်းရှင် ဦးမြစိုး နှင့်ငါးရှဉ့်လုပ်ငန်းရှင် ဦးအောင်ကျော်သူတို့မှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်အခြေ အနေများကိုတင်ပြပြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်အေးအေးမင်းက ဌာန၏ဆောင်ရွက်မှု နည်းပညာပေးနိုင်မှုကို ငါးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရှဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင် စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပြီး အခြားသိလိုသော အကြောင်းအရာများကို အကျယ်တဝင့်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် 17 တွင် စားသုံးသူရေးရာကဏ္ဍ သင်ခန်းစာပို့ချ

      ၂၃.၁၀.၂၀၂၅ ယနေ့ နံနက်(၀၈:၀၀) နာရီချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် 17 တွင် ပြည်သူ့အတွက်စားသုံးသူရေးရာကဏ္ဍ သင်ခန်းစာပို့ချခဲ့ပါသည်။

DOCA(မန္တလေး)

 

ပန်းတနော်မြို့နယ် ကျေးရွာများအား စားအုန်ဆီထုတ်ယူခွင့်စာအုပ်များ သတ်မှတ်စည်ကမ်းနှင့်အညီ ရောင်းချနိုင်ရေးပေးအပ်

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား (၂၀-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးများကို စားအုန်းဆီထုတ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

       ကျေးရွာနေပြည်သူများ စားအုန်းဆီဝယ်ယူခွင့်ရရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ကျေးရွာများအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်များကို အိမ်ထောင်စုအလိုက် စနစ်တကျပေးအပ်ရန်၊ ရောင်းချပေးသော ဆီစျေးနှုန်များကို မှန်ကန်စွာရောင်းချပေးရန်၊  စားသုံးသူများ ဝယ်ယူသည့်အခါ အခက်အခဲမရှိစေရေး သတ်မှတ်စည်ကမ်းများကို သိရှိနားလည်နိုင်ရေး အသိပေးပြောကြားပြီး ပြည်သူလက်ဝယ်သတ်မှတ်ဆီများ ရောက်ရှိစေရေး စနစ်တကျရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုအရ ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း

            မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆေးဝါးဆေပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သက်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး စည်ပင်သာယာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဆေးနှင့် ဆေးပစ္စည်းကုန်သည်အသင်းနှင့် အတွင်းရေးမှူးအဖြစ် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့သည် မအူပင်မြို့ပေါ်ရှိဆေးဆိုင်များသို့ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ကျားဗိုလ်ဆေးဆိုင်၊ မြမဥ္စူဆေးဆိုင်၊ ဒေါ်သိန်းညွှန်ဆေး ဆိုင်၊ စောဒေဝီဆေးဆိုင်၊ မြမြဆေးဆိုင်၊ ရိုဇီဆေးဆိုင်၊ ဦးလှထွန်းဆေးဆိုင်နှင့်မြို့ပေါ်ရှိဆေးဆိုင်များ အားလုံးသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆေးဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး နေ့စဉ်ဆေးဆိုင်ဖွင့်လှစ်၍ စည်းကမ်းချက် များနှင့်အညီရောင်းချနိုင်ရေး ဆေးနှင့်ဆေးပစ္စည်းများ သက်မှတ်အရည်အသွေးပြည့်မှီရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့ကို အကျယ်တဝင့်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ သကန်ဝကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြန့်ဝေပြီးစီးမှုခြေနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ ညနေ (၁၅:၀၀) သကန်ဝကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များလက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်(၉၇၀)အုပ် ပေးအပ်ခဲ့ပါသည်။

         အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း  စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက အောက်ကွင်းကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

      အဆိုပါတွေ့ဆုံပြောကြားရာတွင် အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီအမှန်တကယ်ရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး အောက်ကွင်းကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ သဲအိမ်တမံကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက သဲအိမ်တမံကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် သဲအိမ်တမံ ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး သဲအိမ်တမံကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ