Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နတ်တလင်းခရိုင်တွင် ဆန်/စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များ သက်တမ်းတိုးရေးနှင့် လစဉ် ရ၊ထုတ်၊ ကျန် စာရင်းများထည့်သွင်းရေးဆွေးနွေး

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍  မြန်မာ ဆန်/စပါး အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျှက်ရှိရာ  နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ၌ (၁၀.၁၁.၂၀၂၅)ရက်၊ နံနက် (၁၀;၀၀)နာရီတွင် နတ်တလင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်းက Myro တွင်  ဆန်/စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  Myro တစ်နှစ်သက်တမ်းပြည့်ပြီးသူများ ပြန်လည်သက်တမ်း တိုးရန်နှင့် သက်တမ်းတိုးပြီးသူများနှင့် အသစ်လျှောက်  ထားသည့် လုပ်ငန်းရှင်များ အနေဖြင့်  www.myro.com.mm  တွင် လစဉ်လဆန်း (၁)ရက်နေ့မှ (၇) ရက်အတွင်း ကုန်ပစ္စည်း ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများဖြည့်သွင်းရေး တို့ကိုဆွေးနွေးခဲ့ပြီး စာရင်းထည့်သွင်းရာတွင် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ် အ.လ.က ကျောင်းများ၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ  ဝန်ခံနှင့် ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ဦးစီး ဌာနတို့ ပူးပေါင်း၍  (၆.၁၁.၂၀၂၅)ရက်တွင် အ.လ.က လယ်တွင်းကျောင်း နှင့် (၇.၁၁.၂၀၂၅) ရက်တွင် အ.လ.က သစ်နဖားကျောင်း တွင်လည်းကောင်း အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့် ဈေးတန်းစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  စားသုံးသူအခွင့် အရေးများ အကြောင်း နစ်နာဆုံးရှုံးမှုများရှိပါ တိုင်ကြားနိုင်သည် နည်းလမ်းများ၊  ကုန်ညွှန်းအမှတ်အသား ဖော်ပြပါရှိခြင်းနှင့် စပ်လျင်း၍ စားသောက်ကုန် လူသုံးကုန် များ၏ သတင်းအချက်အလက်များ ပြည့်စုံစွာ ပါရှိမှသာ ရွေးချယ်စားသုံးတက်လာရန်နှင့် ဘေးအန္တရာယ်ရှိ ဓာတုဆေးဝါးများ အကြောင်းဆွေးနွေး ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက အလိမ္မာ စာမှာရှိ ခေါင်းစဉ်ဖြင့် လည်းကောင်း တိုင်းရင်းဆေးဦးစီးဌာန ဦးအောင်ညိုက အစာလည်းဆေး ၊ ဆေးလည်အစာ ၊ တန်ဆေး လွန်ဘေး ခေါင်းစဉ်ဖြင့် အသီးသီးအသိပညာပေး ဟောပြောခဲ့ပြီးနောက် စာသင်ကျောင်း အတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်၌ပြည်သူများအားအသိပညာပေးဟောပြောခြင်း

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊မြို့မရပ်ကွက်၊ လမ်းမတော်လမ်း၌ (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ပြည်သူ(၁၇၈)ဦးနှင့်တွေ့ဆုံ၍စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးရုံးမှဦးစီးမှူးဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်း အရာများ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူသူရေးဦစီးဌာန ဆိုတာကတော့    ယခင်ကုန်သွယ်လယ်ယာဌာနကို ပြောင်းလဲ၍ဖွဲ့စည်းထားသည့် ဌာန ဖြစ် ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ခုနှစ် ဧပြီလ(၁)ရက်နေ့ တွင် စတင်  ဖွဲ့စည်း ခဲ့ပါကြောင်း  စားသုံးသူရေးရာဦးစီးဌာနရဲ့ ဆောင်ပုဒ်ကတော့ စားသုံးသူအခွင့်အရေးဦးစားပေး မျှော်မှန်းချက်ကတော့  ပြည်တွင်းကုန်သွယ်မှုဖွံ့ ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်တို့ဖြစ်ပြီး ရည်မှန်းချက်(၄) ချက် ကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနဆိုတာ  စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ် ပြီးစားသုံးသူရေးရာဦးစီးဌာနလက်အောက်မှာတော့ဌာနခွဲ(၆)ခုရှိပါတယ်၊ ဌာနခွဲတိုင်းဟာလည်းဌာနခွဲအလိုက်လုပ်ငန်းတာဝန်များလုပ်ဆောင်လျှက်ရှိပါကြောင်း၊   စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိရှိစေရန်နှင့်  စားသုံးသူရေးရာဦးစီးဌာနတွင် Online  Sale ဖြင့် မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကိုဌာနမှ တာဝန်ယူ၍ လုပ်ဆောင် ပေးလျှက်ရှိကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင့်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

             ၈.၁၁.၂၀၂၅ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်အား ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်း(၂) ဦးတို့သည် ပန်းဘဲတန်းမြို့နယ်စည်ပင်မှ ရပ်ကွက်အပိုင်မှူး ဒေါ်သန္တာခိုင် (ဌာနခွဲစာရေး) တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်တွင် ရောင်းချနေသော ဆရာဝန်ထောက်ခံချက်မရှိဘဲ သောက်သုံးနိုင်သော ဆေးဝါးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် ၎င်းဆေးဆိုင်တွင်ရောင်းချနေသော Royal D (ဓါတ်ဆား)၊ Kremils(အစာအိမ်ဆေး)၊ Len San၊ Decolgen၊ Fluza၊ Enervon C အစရှိသော ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အုတ်ဖိုမြို့တွင် ဘူးသွတ်ဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအေးဇော်ထိုက် ဦးဆောင်လျက် ၂၇.၁၀.၂၀၂၅ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့မဈေး အတွင်း ရောင်းချနေသော ဘူးသွတ်ဆီ အမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှု ရှိမရှိအား ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ Goody (ဟင်းသီးဟင်းရွက်ဆီ)၊Mas (အဆင့်မြင့်စား အုန်းဆီ)၊LoTus (ဟင်းသီးဟင်းရွက်ဆီ)၊Fortune (နေကြာဆီ) စသောတံဆိပ်အမျိုးအစားများဖြင့် 1Litre၊ 5Liters ဘူးများဖြင့် ရောင်းချကြပြီး ကုန်းအညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ သိရှိစေရန်နှင့် ဘိလပ်မြေဈေးနှုန်း မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ဝယ်ယူရရှိ ပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

        ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာမွန်ဈေးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းဈေးတို့တွင် ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ရှိသူတို့မှ ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးများတွင်ရောင်းချနေသော  အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးမှ ၎င်းတို့ဈေးတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် စားသုံးသူများဘေးအန္တရာယ်မရှိစေရန်အတွက် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ အလေးချိန်အရွယ်အစားစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းထားသည့် အသင့်သောက်အချိုရည်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် စားအုန်းဆီလက်လီ/လက္ကားဈေးကွက် ရှောင်တခင်စစ်ဆေး

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော ပြည်တော်အေးလမ်း၊ ရွှေဥဒေါင်းရပ်ကွက်ရှိ  ဦးအေးလွင် ကုန်စုံဆိုင်အား ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေး  ခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်း သတ်မှတ်  ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေ ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌  ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၂၃.၁၀.၂၀၂၅ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သာယာဝတီဈေးအတွင်းရှိ ဒေါ်သန်းသန်းချို (ကုန်မျိုးစုံဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ