Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၄.၉၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် လပွတ္တာမြို့နယ်  အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှုများမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန်မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် လပတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင်ခရိုင်၊မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှအမှတ်(၇)ရပ်ကွက်တွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

        ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၄၀၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြေင်းမြခရိုင်၊ဝါးခယ်မမြို့နယ် အနောက်ဒရင်းကျေးရွာရှိ ပြည်သူများအား ဓမ္မာရုံကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် အနောက်ဒရင်းကျေးရွာရှိ ပြည်သူများအား ဓမ္မာရုံကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ထုတ်ပြန်ထားသော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလတ်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူး ရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင် လည်းဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး‌ ဟောပြောခဲ့ပြီး ထိုဟောပြောပွဲသို့ ပြည်သူစုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ( ၄.၉.၂၂၀၂၅)ရက်နေ့၊ နံနက်(၉:၂၀)အချိန်တွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ်9l-4723 )မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၈)ပေပါ ဝါးခယ်မမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

      ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/ လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်း ရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် ကျေးရွာများတွင် စားအုန်းဆီရောင်းချမှု အခြေအနေများကို ကြပ်မတ်ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာများ စားအုန်းဆီ ထုတ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချခြင်းလုပ်ငန်းများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပါတ်အတွင်းက ကျေးရွာများမှ ဆီရောင်းချနေမှုများကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ညောင်တုန်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ကြရာ ရွာသစ်ကျေရွာတွင် စားအုန်းဆီရောင်းချရာတွင် ရောင်းချဆီပိဿာ၊ ရောင်းချသူအမည်၊ ရည်ညွန်းဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်းဖြင့် ရောင်းချမှု ရှိမရှိ၊ ဆီစာအုပ်ဖြင့်ဝယ်ယူသူ စာရင်းများ ကို ပြုစုရေးသွင်းထားရန်၊ ဆီများကို ပြည်သူများအတွက်မရောင်းချပဲ ဈေးကစားရန် သိုလှောင်ထားပြီး စီးပွားဖြစ်ဈေးတင်ရောင်းချခြင်းမပြုရန်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများကို ကြပ်မတ်ဆောင်ရွက်ရန်ကို အသိပညာပေးခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း’ မရှိကြောင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စိစစ်ရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းငွေကြေးလိမ်လည်မှုများဖြစ်ပေါ်နေ၍ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များမှ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

     မအူပင်ခရိုင်၊ အွန်လိုင်းမှတ်ပုံတင်ပြီးသော အဝတ်အထည်နှင့် ဖက်ရှင်အမျိုးမျိုး ရောင်းချသူလုပ်ငန်းရှင် (၃)ဦးမှ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ားစီးမှူးနှင့် လာရောက်တွေ့ဆုံ၍ အွန်လိုင်း ရောင်းချမှုလုပ်ငန်းနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု မဖြစ်ပေါ်စေရေး အသိပညာပေးဆွေးနွေးခဲ့ကို (၅-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက အွန်လိုင်းမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပြီး သော လုပ်ငန်းရှင် ၃ဦးအား အွန်လိုင်းငွေကြေားလိမ်လည်မှုများ ယနေ့တွင် များပြားစွာ ဖြစ်ပေါ်နေပြီး အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆက်နွှယ်မှုများကို အများပြည်သူများနှင့် လုပ်ငန်းရှင်များပါမကျန် သိရှိရန်လိုအပ်ကြောင်း၊ အွန်လိမ်းဖြင့် လိမ်လည်မှု ပုံစံများ အမျိုးမျိုးဖြစ်ပေါ်နေ၍ မိမိနှင့်မသိရှိသူများဖြစ်ပါက ငွေလဲလှယ်မှု မပြုလုပ်ရန်၊ မိမိထံမှ ကုန်စည်ဝယ်ယူသူမှန်ကန်မှသာ ငွေလဲလှယ်မှုများ သတိပြုလုပ်ဆောင်ရန်ကို မှာပြောကြားဆွေးနွေးပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းရှော့ပင်းလုပ်ငန်းများအားအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ခြင်းနှင့် အတူ လုပ်ငန်းများ လိုက်နာရမည့် ပြဌာန်းချက်တွေကိုပါ ထုတ်ပြန်လိုက်ပြီးမှတ်ပုံမတင်ဘဲ ဈေးရောင်းပါက ထောင် ၃ နှစ်အထိ ချမှတ်ခံရဖြစ်ကြောင်း ထို့ပြင် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနှင့်ငြိစွန်းသော၊ အများပြည်သူ၏လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံမရှိကြောင်း ယူဆနိုင်သော၊ ခွင့်မပြု/တားမြစ်ထားသော စသည့် ကုန်စည်များ ရောင်းချပါက မှတ်ပုံတင်ပြန်သိမ်းမည်ဖြစ်ကြောင်း သတိပေးထားကြောင်းကို လုပ်ငန်းရှင်များအား အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင် ကျေးရွာ များသို့ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျအပ်နှံခြင်း

   ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၄-၉-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ်  ကညင်ဝ ကျေးရွာ အုပ်ချုပ်ရေးမှုးများအား မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားအုန်းဆီထုတ်ယူခွင့်စာအုပ်များ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် အထက်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ စားအုန်းဆီများ ပြည်သူများလက်ဝယ် မှန်ကန်စွာ ရရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် များကို ဆီထုတ်ယူခွင့်စာအုပ်များ ထုတ်ပေးပြီး ဆီများကို ဆီလက်လီအရောင်းဆိုင်များမှ စနစ်တကျရောင်းချပေး လျက်ရှိပါသည်။ ကျေးရွာပြည်သူများပါ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဆီများ အသုံးပြုနိုင် ရေးကို ဆောင်ရွက်ပေးချက်ရှိပြီး အိမ်ထောင်စု( ၄၉၉ )စု အတွက် ဆီထုတ်ယူခွင့်စာအုပ် (၄၉၉)အုပ်ကို စနစ်တကျ ပေးဝေခဲ့ကြောင်း သိရသည်။ ကျန်ရှိသော ကျေးရွာများသို့လည်း ဆက်လက်ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ပြီး ကျေးရွာနေပြည်သူများကို ဆီရောင်းချရာတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး ကိုပါ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၄.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်များအား ကုန်ညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရီုင်ဦးဇော်မင်းက မြို့နယ်အတွင်းရှိ ရောင်းချနေသော အသင့်စားမုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ မုန့်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြရမည့်အချက်အလက်များ နှင့် ကိုက်ညီမှု ရှိသော မုန့်များကို ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီသော မုန့်များကို ရောင်းချရန်ဦ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ကုန်စည် အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အင်းမကျေးရွာရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည်(၂-၉-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့်အတူ ဆန်စက် ၅စက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ကျော်သက် အကြီးတန်းစာရေးက နေနတ်သား၊ မြသိန်းတန်၊ ရွှေရောင်းခင်း ဆန်စက်လုပ်ငန်းရှင်များကို Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ခြင်း၊ ဆန်စက်မှ စပါးကြိတ်ခွဲမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်လက်ကျန်၊ စပါးလက်ကျန်အခြေအနေများကို ကြည်ရှု့စစ်ဆေးခြင်း ဆန်၊ဆန်ကွဲတင်ပို့မှုကို မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ