Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 “ ကွမ်းခြံကုန်းမြို့နယ်တွင်စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချသောဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများ၊ ဆီကုန်သည် များအသင်းမှ ဦးကျော်ဇင်သင်း၊ ဇဗ္မူကံထွန်းဆီကုမ္ပဏီ ဒါရိုက်တာ ဦးဇေယျာချစ်၊ ကွမ်းခြံကုန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားအုန်းဆီလက်ကား ဖြန့်ဖြူး ရောင်းချသောဆိုင်များသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သတ်၍ ဆီကိုယ်စား လှယ်အား တွေ့ဆုံမေးမြန်းခြင်း၊ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် လစဉ်၊. အပတ်စဉ် ရောင်းချမှုပုံစံနှင့် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ  ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး စားသုံးသူရေးရာဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက စားအုန်းဆီကိုယ်စားလှယ်များနှင့်အတူ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် ဝယ်ယူသည့် စားသုံးသူများထံ အိမ်တိုင်ရာ ရောက်တွေ့ဆုံ၍ ဆီဝယ်ယူရရှိမှု အခြေအနေများနှင့် ပတ်သတ်၍ အမှန်တကယ်ရရှိခြင်းရှိ/မရှိ ဆီစာအုပ်များအား တောင်ယူ၍ ကြည့်ရှု့စစ်ဆေးခြင်းများ၊ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ဝယ်ယူသည့် စားသုံးသူများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များအား မေးမြန်းစုံစမ်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ အားကွင်းဆင်းစစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အချိုရည်၊ မုန့်မျိုးစုံ၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချသောဆိုင်များတွင် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိအား စက်တင်ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်းရောင်းချသော ဦးတင်ဝင်း၊ ဦးရဲလှဝင်းတို့၏ အလှကုန်ပစ္စည်းဆိုင်များနှင့် လန်း ဆန်းစတိုးဆိုင်တို့တွင် ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်ပစ္စည်းများ၏ ယခင်ပတ်ဈေးနှုန်း များ ကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား စာရင်းကောက်ခံခဲ့ရာ ထိုင်းနိုင်ငံထုတ် အချို ရည်၊ ပဲနို့၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများမှာ ယူ၍မရရှိ ကြောင်းနှင့် အချိုကုန်ပစ္စည်းများသည် လူသုံးနည်း၍ ယခင်ကလည်း ဆိုင်တွင်ရောင်းချမှုမရှိ ကြောင်း၊ ယခုကုန်ပစ္စည်းများသည်လည်း ဆိုင်တွင်လက်ကျန်များသာ ရောင်းချလျှက်ရှိကြောင်း ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၄)ဦးတို့သည် (၁၇.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၄၀)နာရီချိန်တွင် စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၅၂)၊ ရွှေမြင့်မိုရ်ပတ်လမ်း၊ ရွှေလင်ပန်းဈေးရှိ ဦးကျော်ဇင်သင်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား နေ့စဉ် ရပ်ကွက်နေပြည်သူများသို့ နံနက်(၉)နာရီမှ (၄)နာရီအထိ ရောင်းချပေးပါကြောင်း၊ စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပြီး ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်း မရှိပါကြောင်းနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါ်ကျင်စိန်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၁၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦးတို့သည် ရုံ(၇)၊ အမှတ်(၅)ပင်လုံဈေး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ဒေါ်ကျင်စိန်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီအရောင်းကိုယ်စားလှယ်ဖြစ်သော ဒေါ်ကျင်စိန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းကို စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အလိုက် ခွဲထားပါကြောင်း၊ ပုံမှန်အား ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ရောင်းပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာ များလည်းထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်း များသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)

ဦးမောင်ကျော်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့ပါဝင်လျက် (၁၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပင်လုံဈေးတွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ပင်လုံဈေးမှ ဈေးတာဝန်ခံပူးပေါင်းပါဝင်လျက် ဈေးအတွင်း ရောင်းချနေသော ဦးမောင်ကျော်ဆိုင်တွင်လက်ကားကိုယ်စားလှယ်များမှ ရရှိသောစားအုန်းဆီ ခွဲတမ်းအား စားသုံးသူပြည်သူများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခ၊ ကုန်ကျစရိတ်အမြတ်(၂)ရာခိုင်နှုန်း တွက်ချက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းလည်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး စည်းကမ်းချက်၊ သတ်မှတ်ချက်များ အတိုင်း ရောင်းချခြင်းမရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၀)ဈေးသို့ စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

     (၁၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၃)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၀)ဈေးတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ရုံ(ဃ)၊ အခန်း(၂၂)ရှိ ဒေါ်စန္ဒာဝင်း ကုန်မျိုးစုံဆိုင်တွင် စားအုန်းဆီကို နေ့စဉ်ပုံမှန်အတိုင်းခွဲတမ်းရရှိပါကြောင်း၊ ရရှိသောခွဲတမ်းများကို ရပ်ကွက်နေပြည်သူများသို့ တစ်နေ့လျှင် တစ်အိမ်ထောင်ကို (၅၀)ကျပ်သားနှုန်းဖြင့် (၁)လကို (၂.၅၀) ကျပ်သားပေးပါကြောင်း၊ တစ်နေ့စာတစ်နေ့ကုန်အောင်ရောင်းချပေးပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေးအတွင်းရှိ ဒေါ်အိအိဖြူ (ဆီဆိုင်) နှင့် ဦးထွန်းမြင့်နိုင် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၁၅.၉.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၆.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် ထူး (KIP) ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Online လိုင်စင်လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     အလုံမြို့နယ်၊ အမှတ်(၁/၃၀၂)၊  မင်္ဂလာဆင်မင်းအိမ်ရာ၊ ကမ်းနားလမ်းရှိ Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Sorella Luxe Online Sale လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၁၆.၉.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၇) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့ သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ တိုက်(၃)၊ အခန်း(၃/B)၊ စေတနာလမ်း၊ (၈) ရပ်ကွက်တွင်ရှိသော Essential Physiotherapy Online Shop လုပ်ငန်းသို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက် ၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ