Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Besta Nail -Art Studio MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသည်  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၃၀-၉-၂၀၂၄) ရက်နေ့တွင် တာမွေမြို့နယ်၊ အမှတ် (၃၆၁) ဗညားဒလလမ်း၊ နတ်မောက်ရပ်ကွက်အတွင်းရှိ အသေးစား၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်  Besta Nail -Art Studio MSME လုပ်ငန်းသို့ ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး  ဦးလှစိုးအပါအဝင် စသည့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထို့ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များ ဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့်   တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ထောက်ခံချက်များကို ပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်တို့အတွက် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ်၊ ခရိုင်ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၄-၉-၂၀၂၄ ရက်နေ့မှ ၃၀-၉-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝ ဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ပသို့ ရာဘာတင်ပို့မည့်ရေယာဉ်အား ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ်အပေါ် ကြပ်မတ် စစ်ဆေးရေးအဖွဲ့ဖြင့် မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု၊   ဖိုးလမင်းတံတားရှိ ရေယာဉ်တွင်တင်ဆောင်ထား သော ရာဘာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ပသို့တင်ပို့မည့် ရာဘာအရေအတွက်များ ဖော်ပြသည့်စာရင်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိလာ

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Mahar Phone Let Yone ကုမ္ပဏီနှင့် Global Good Pure Group ကုမ္ပဏီမှ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၁၃၅ ပေပါ (သို့) ပိဿာ ၁၄၈၅၀ တင်ဆောင်လာသောမော်တော်ယာဥ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

အ.ထ.က ၁ ဓနုဖြူကျောင်း ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့်မုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြုမြို့နယ် ၉ရပ်ကွက်ရှိ (အ.ထ.က-၁)ကျောင်းတွင်ရောင်းချနေသော မုန့်များကို (၂၆-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်၌  ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

      ကျောင်းမုန့်ဈေးတန်းမှ မုန့်ဆိုင် (၈)ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကလေးသူငယ်များကို ရောင်းချနေသည့် အစားအသောက်နှင့်မုန့်များတွင် ဆိုးဆေးသုံးစွဲသည့်မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေးသုံးစွဲထားသော မုန့်များကိုစစ်ဆေးပြီး ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းခဲ့ပြီး စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့ပေါ်ဈေးများတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

        (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၄၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းစတိုးဆိုင်များ၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊  ရောနှောဆီများရောင်းချခြင်းရှိ/မရှိုစစ်ဆေးခဲ့ရာ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး ရောနှောဆီများကို ရောင်းချမှုမရှိကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး တက်‌ရောက်ခြင်း

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ ‌နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ယူရီးယား မြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် Virtual စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပခဲ့ရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးမှ သွင်းအားစုတန်ချိန်များအတည်ပြုမှတ်တမ်းတင်နိုင်ရေး တင်ပြသည့်အမှာစာနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

   ဆက်လက်၍ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့တိုင်းဒေသကြီး၏ မြေသြဇာအရည်အသွေးနှင့်ဈေးနှုန်းများ ရည်ညွှန်းဈေးထပ်ပိုမို ရောင်းချခြင်းမပြုအောင် စစ်ဆေးဆောင်ရွက်မှုများကို တင်ပြခဲ့ကာ ညနေ(၁၅း၀၀) အချိန်တွင် အစည်းအဝေးပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဓနုဖြူမြို့ပေါ်ဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

         (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းစတိုးဆိုင်များ၌ ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ ကော်ဖီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ပေါ်ဈေးများတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များ၌ ဘူးသွပ်စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

         ထိုသို့စစ်ဆေးရာ၌ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဈေးကွက်အတွင်းရှိ စားသုံးဆီများတွင် စားသုံးသူရေးရာဦးစီးဌာန၏ဥပဒေ အခန်း(၁၈)၊ ပုဒ်မ၄၁အရ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ရမည့်အချက်များ၊ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ရောနှောဆီရောင်းချခြင်းရှိ/မရှိ၊ ရောနှောဆီဖြစ်ပါကလည်း ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်နှင့်အညီထုတ်လုပ်သော ကုန်စည်များကိုသာရောင်းချနေကြောင်းတွေ့ရှိရသည်။ လုပ်ငန်းရှင်များကိုလည်း သက်ဆိုင်ရာဌာနတို့၏ ဥပဒ၊ အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်တို့ကို လိုက်နာဆောင်ရွက်ပြီး ကုန်စည်များကိုရောင်းချကြရန် မှာကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် (၂၄-၉-၂၀၂၄) ရက်နေ့ထုတ် စားအုန်းဆီများသည် အိမ်မဲမြို့နယ်ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ်  8F-6136)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇)ပေပါ (သို့) ပိဿာ၂၉၇၀သည် အိမ်မဲမြို့သို့ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ