Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

    ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အားတွေ့ဆုံးခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “ မြသိန်းတန်”  ဆီစက်လုပ်ငန်းရှင်နှင့် ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “ရွှေလင်းရောင်”ဆီစက်လုပ်ငန်းရှင်တို့အား တွေ့ဆုံပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် စားသုံးသူကာကွယ်အကြောင်းအရာများ ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ လျှောက်ထားဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

 

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

     ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာ အ..က ကျောင်းတွင်  စားသုံးသူအကာအကွယ် ပေးရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မူလွန်() ပိတောက်မြိုင်ကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထားကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု ဟူသော ဆောင်ပုဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး()ချက်၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာ ထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက် များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့်ရှင်းလင်းပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက်များ ပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးအသိပညာပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး အသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့်လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ဆန်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ သီးနှံမျိုးစုံရောင်းဝယ်ရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်းရှင်၊ စား‌သောက်ဆိုင်လုပ်ငန်းရှင်၊ ဆန်/ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်၊  အာလူးကြော်လုပ်ငန်းရှင်၊ ဝေဖာလုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်းရှင်၊ လ္ဘက်နှင့်အကြော်စုံလုပ်ငန်းရှင်၊ ငွေထည်/ကြေးထည်လုပ်ငန်းရှင်၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၇) ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး မြေပဲဝေဖာလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်မေသက်ထွန်း ( ဦးစီးအရာရှိ )နှင့် ဦးမျိုးထွန်း ( ဦးစီးအရာရှိ )ဦးဆောင်၍ စစ်ဆေးရေးအရာရှိတို့သည် ၁၈-၉-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကဲကဲအမှတ်တံဆိပ်မြေပဲဝေဖာလုပ်ငန်းသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးထွန်း (ဦးစီးအရာရှိ)မှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရရှိပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၃၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ အခြားပြုပြင် ထုပ်ပိုး/ ထုပ်လုပ်ထားသောစားသောက်ကုန်အမျိုးမျိုး၊ Solar လျှပ်စစ်ထုတ်စက်များအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေး ပြောကြားခဲ့ပါသည်။  

DOCA(စစ်ကိုင်း)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ “Talk Show” ပြုလုပ်ခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနမှ တာဝန်ခံဦးစီးအရာရှိ ဦးမျိုးထွန်းနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင်(၂၀-၉-၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ “Talk Show” ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ပြုလုပ်ရာတွင် Online မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဘယ်လိုအွန်လိုင်းစနစ်တွေက မှတ်ပုံတင်ရမလဲဆိုတာ ဆွေးနွေးခြင်း၊ Online မှတ်ပုံတင်စနစ်ဖြင့် ရောင်းချသည့်အခါ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ ဆွေးနွေးခြင်း၊ ဘယ်လိုလုပ်ငန်း၊ အဖွဲ့အစည်းတွေက ဒီစနစ်ကိုလျှောက်ထားရမည်ဆိုတာ ပြောပြပေးခြင်း၊ မှတ်ပုံတင်လျှောက်ထားရာမှ မဖြစ်မနေပူးတွဲတင်ပြရမည့် အထောက်အထားများကို ဆွေးနွေးပေးခြင်း၊ ယခုစနစ်ကိုဆောင်ရွက်ပါက အသုံးပြုရမည့် Link ကို ပြောပြပေးခြင်း၊ မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေးပေးသွင်းရမည့် နှုန်းထားတွေကိုရှင်းပြပေးခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်နိုင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးခြင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသူများကို ဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

      စားသုံးသူကာကွယ်ရေးဥပဒေအရ  ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြသိန်းတန် မြေပဲဆီသန့်၊ ရွှေလင်းရောင် မြေပဲဆီသန့်၊ MST သောက်ရေသန့်လုပ်ငန်းများမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊နေ့လယ်  (၁၃:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ​ရွှေမြင့်မိုရ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan NewAsia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဥ်မောင်း ဦးယဉ်ထွေး၊ ယာဉ်အမှတ် 9K-7917/ FUSO မော်တော်ယာဥ်နှင့် (၁၄း၃၀) အချိန်တွင် Mahar Phone Let Yone Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀)ပေပါကို ယာဉ်မောင်း ဦးအောင်ကျော်သူ၊ ယာဉ်အမှတ် 9I-4762Nissan Diesel တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါစားအုန်းဆီစုစုပေါင်း (၁၅၂) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်  အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့နယ် ခွေးတောက်ပင်ကျေးရွာတွင် အသိပညာပေးဟောပြောပွဲကျင်းပ

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ပင်ကျေးရွာ၌ (၂၀.၉. ၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)ပါအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နည်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ Online မှလည်း တိုင်ကြားနိုင်ခြင်း၊ Consumer  Call Center နံပါတ် ၁၅၃၅ သို့လည်းရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်ချက်များကိုလည်း ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း၊ ဆိုးဆေးနှင့်ဆိုးဆေးအန္တရာယ်အကြောင်း စသည်ဖြင့်အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ရပ်/ ကျေးဥက္ကဌနှင့်ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင် လိုက်လံစစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ၃ မိုင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း စုပုံထားသည့် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော  Instant Rice Vermicelli ကြာဇံထုပ် 55g×30pcs×6Packs  Band: wai wai C/O Thailand- 150 Ctns  တန်ဖိုးငွေ ကျပ် ၁၀,၈၀၀,၀၀၀ိ/-ပစ္စည်းများအားတွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေတို့အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ