Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်စိတ်ချရမှုဌာနခွဲအလိုက် အလှည့်ကျလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး တက်ရောက်ခြင်း

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၂၈ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအလိုက် အလှည့်ကျလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေး‌နွေးပွဲအား ညနေ(၁၆း၀၀)နာရီအချိန်တွင်   ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သင်္ဘောဖြင့် ဝင်ရောက်လာသောကုန်စည်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်ဆိပ်ကမ်း ဝင်းဖူးခိုင်တံတားသို့ ရောက်ရှိဆိုက်ကပ်လာသော MV ရွှေပြည်တန်(၁) သင်္ဘော၌ တင်ဆောင်လာသော ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(၄/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃) ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍  ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ အတွင်းရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ကာ တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ပါသည်။

    ထို့နောက် အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဥက္ကဋ္ဌမှနိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်  (၁၆း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချနေခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

   ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ထားဝယ်မြို့ရှိ အွန်လိုင်းစနစ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ဒေါ်အေးအေးလွင်မှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသောပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းထားဝယ်မြို့ရှိ ဂန္ဒဝင်ရိုး သွင်းကုန်၊ ထုတ်ကုန် C၀.,Ltd အား မြေပြင်ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ဝဲကျွန်းထိမ်သစ်ရပ်၊ မေမြို့လမ်း၊ အမှတ် (ဌ/၂၆၈) ရှိ ဂန္ဒဝင်ရိုး သွင်းကုန်၊ထုတ်ကုန်ကုမ္မဏီတည်ထောင်ထားမှုနှင့်ပတ်သက်၍ ကုမ္ပဏီရုံခန်းလိပ်စာ အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များ နေရပ်လိပ်စာများတွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုအခြေအနေများအား သတ်မှတ်ပုံစံများနှင့်အတူ စနစ်တကျမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းမျာသည် ၂၆.၉.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း၊ မပြုလုပ်ကြစေရန် ဈေးနှုန်းများကို အများပြည်သူများမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo) တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခြင်း၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဝမ်းပျက်ဝမ်လျောရောဂါ ကာကွယ်ဆေးဝါးများ ပြတ်လပ်ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ တို့နှင့်ပူးပေါင်း၍  စျေးကွက်အတွင် လတ်တလောကာလတွင် ဖြစ်ပေါ်နေသောဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဆေးဝါးဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ဝမ်းရောဂါကာကွယ်မှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို စစ်ဆေးရာ ဈေးကွက်အတွင်း ဝမ်းရောဂါကာကွယ်မှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ်၊ တောမ (အထက)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း”

     ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၂၀) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ တောမ (အထက)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊  ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးရဲမြင့်ဆန်း ၊ဒု-ကြီးကြပ်ရေးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းရခြင်း၏ ရည်မှန်းချက်၊မျှော်မှန်းချက်များ စားသုံးသူအခွင့် အရေး(၈)ချက်နှင့် လိုက်နာရမည့်  တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံး၍ တိုင်ကြားမှုများအား ဖြေရှင်းဆောင် ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca .gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး  နေ့လယ်(၁၃း၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                  

                                     

“မိတ္ထီလာခရိုင်အတွင်းရှိ ဆေးဝါးအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၂၆.၉.၂၀၂၂) ရက်နေ့ ၊နေ့လယ် (၁၄:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းအတွင် မိတ္ထီလာမြို့ ပေါ်ရှိ ဆေးဝါးရောင်းချနေသော လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥပဒေတွင်ပါရှိသည့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းအပြင် စျေးကွက်အတွင်း ဆေးဝါးများကို ရောင်းချရာတွင် စားသုံးသူများနစ်နာဆုံးရှုံးစေမည့် ရက်လွန်ဆေးဝါးများ မရောင်းချစေရေး၊ ဆေးဝါးများကို ထိန်းသိမ်းသိုလှောင်ရာတွင် သတ်မှတ်ချက်၊ ညွှန်ကြားချက်တို့နဲ့အညီ ဆေးဝါးအလိုက်ထားရှိရမည့် အပူချိန်တွင် ထားရှိသိုလှောင်ရောင်းချစေရေး၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မပါရှိသည့် ဆေးဝါးမှတ်ပုံတင်မပါရှိသည့် ဆေးဝါးများကို မရောင်းချစေရေးစသည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရဖြစ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၂၁/၂၀၂၀)အရ ဆေးဝါးများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သဖြင့် ဆေးဝါးအရောင်း ဆိုင်များအနေဖြင့် ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်းမြင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်‌တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စျေးကွက်ပိုမို ရရှိလာနိုင်ပြီး၊ စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည် များကို ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိလိုသည်များ၊ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca. gov.mm Websit တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ ထိန်ကန် (အမက) ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

    မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ ထိန်ကန် (အမက)ကျောင်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ (၂၀) ရက်နေ့ နံနက်(၁၀:၃၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ သာစည်မြို့နယ် တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုရိုးရှင်းမှန်ကန်စွာ ဖော်ပြရန်တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၇၅ ) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ