Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ လပတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်စုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  လပတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Max Plus အချိုရည်ဘူးများ၊ Non-Stop အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဋ္ဌာန်းချက်များအနက် ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များကို   လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနအနေဖြင့် ဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်းများသိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ဆန်များအား  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

   တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၇၀ဝိ/)နှုန်းဖြင့် ဆီ (၃၂၀)ဘူး၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည် (၃၅၀) တို့ကို  ရောင်းချခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများမှ လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်မည်သူမဆို ပုဒ်မ(၆၇)၊ (၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီးနောက် လက်ရှိရောင်းဝယ်နေသော ကုန်စည်များနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန်နှင့် အလေးတင်းတောင်းမှန်မှန်ကန်ကန်ချင်တွယ်ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင် (၄၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ စက်မှုဇုံအတွင်းရှိ ခိုင်ဖြိုးကျော်အဆင့်မြင့်ဆန်စက်အား ကြည့်ရှုစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊    ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စက်မှုဇုံအတွင်းရှိ Paddy Star Co.Ltd ၏ ခိုင်ဖြိုးကျော်အဆင့်မြင့်ဆန်စက်သို့ (၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင်ရောက်ရှိခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးနှင့်အတူ      စားသုံးသူရေးရာဦးစီးဌာန၊       ခေတ္တညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်လှိုင်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်တို့အား မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆန်စက်ဧည့်ခန်းဆောင်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဆန်စက်လုပ်ငန်းရှင် ဦးဇော်မျိုးကြည်သည် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးက လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ပြီးနောက် ဆန်စက်၏ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့မှုများကို အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ထင်းအစားထိုး စပါးခွံလောင်စာတောင့်စက်ရုံသို့ ဆက်လက်ကြည့်ရှုခဲ့ပြီး စပါးခွံလောင်စာတောင့်ထုတ်လုပ်မှု၊ တင်ပို့မှု၊     ဈေးနှုန်းဈေးကွက်အခြေအနေများကိုမေးမြန်းခဲ့ပြီး    နေ့လယ် (၁၅း၄၅) နာရီအချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်  ခရိုင်ဆီကုန်သည်ဥက္ကဋ္ဌနှင့်  ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊   ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကုန်မျိုးစုံလုပ်ငန်းရှင်(၂၆)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ 

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်  အခွင့်အ‌ရေးများ၊  လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသော  ကုန်စည်များ၏တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ပုဇွန်တံဆိပ်ပါ ချိတ်ပိတ်ဘူးဆီများကို ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး၊ မြို့နယ်တာဝန်ခံက စားသုံးဆီများအား ရည်ညွှန်းဈေးဖြင့်ရောင်းချပေးရန်၊ ပဲရော/   နှမ်းရောဆီများမှာ ဈေးကွက်တွင်မရှိကြောင်း၊ ချိတ်ပိတ်ဘူးဆီများနှင့်ပတ်သက်၍ FDA ၏ ထောက်ခံ ချက်ပါရှိရမည်ဖြစ်ပြီး ကုန်အညွှန်းများကိုကြည့်လျှင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ဘူးဆီများကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချကြရန်နှင့် မြို့နယ်များတွင်လည်း ကုန်ဈေးနှုန်းကျဆင်းရေးတည်ငြိမ်ရေးအတွက်  အဖွဲ့များဖွဲစည်းထားကြောင်း၊ တရားမဝင်ကုန်စည်များနှင့်ပတ်သက်၍ ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ ဘိုကလေးမြို့နယ်အတွင်းရှိ “ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၏ဦးဆောင်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်၊ ဦးလှသိန်းလမ်းရှိ “ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    “ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး ဆန်ကွဲဖြင့် အဓိကထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့ထုတ်လုပ်ရာ၌ ဆန်ကွဲအိတ် (၈၀) အသုံးပြုရပြီး မုန့်ပိဿာချိန် (၅၀၀၀) ပိဿာကို နေ့စဉ် ထုတ်လုပ်လျက်ရှိပါသည်။ မုန့် (၁)ပိဿာလျှင် (၁၆၀၀) ကျပ်ပေးရပြီး  ဖောက်သည်ဈေးနှုန်းအနေဖြင့် (၁၄၀၀) ကျပ်ပေးရကြောင်း၊ လုပ်သားဦးရေ (၃၈) ဦးရှိပြီး နေ့/ည စသည်ဖြင့် အလှည့်ကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားတစ်ဦးလျှင် နေ့စားခ တစ်သောင်းကျပ်ပေးရပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းအပြင် ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်ကျွန်း၊ ကျိုက်ပိမြို့နယ်များသို့ ရောင်းချပေးလျက်ရှိပါသည်။

      ထို့နောက် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံကလည်း ထုတ်လုပ်သောကုန်စည်နှင့်ပက်သက်၍ ကုန်စည်အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး ဈေးနှုန်းဈေးကွက်အခြေအနေများပြည့်မီ မှန်ကန်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဓာတုဆေးဝါးများ (ဖော်မလင်) များကိုသုံးစွဲမှုမရှိစေရေး ဆွေးနွေးခဲ့မှုများကို သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၊ လေးကုန်းကျေးရွာ(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ လေးကုန်းကျေးရွာ (အ.မ.က)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စ္စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်စည်များကိုလည်း ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဘေးအန္တရာယ်မရှိ သောကုန်စည်များကိုနှိုင်းယှဉ်ဖော်ပြခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများကို အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၉၆)ဦး၊ စုစုပေါင်း(၁၀၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၃.၁.၂၀၂၄ ရက်နေ့ ၁၄း၀၀ နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညီနောင်အသင်းဝင်များ၊ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ “ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ” ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုပြုရာတွင် လိုအပ်သောစာရွက်စာတမ်းများကို လုပ်ထုံး လုပ်နည်းအတိုင်းဆောင်ရွက်ကြရန်နှင့် ကုန်သွယ်မှုပြုရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြရန် ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌက ဝဥအခြောက်များ ကုန်သွယ်မှုအခြေအနေကိုလည်းကောင်း၊ ပဲ၊ နှမ်းကုန်သည်အသင်း ဥက္ကဌက ပဲ၊ နှမ်း သယ်ဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်းကောင်း၊ ကွမ်းသီးအသင်း ဥက္ကဌက ကွမ်းသီးတင်ပို့ရန် ကြိုးစားနေမှုအခြေအနေများကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌက MyRO တွင် မှတ်ပုံတင်လျှောက်ထားမည့်ကိစ္စရပ်ကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၅း၃၀) နာရီချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မကွေးမြို့၊ မင်္ဂလာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့ပူးပေါင်း၍ မကွေးမြို့၊ မင်္ဂလာစျေးရှိကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ချောင်းဆုံမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၅.၁.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ချက်၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အထောက်အထားများ၊ လျှောက်ထားပုံနည်းစနစ်များ၊ အွန်လိုင်းမှတ်ပုံတင်သူများ လိုက်နာရမည့် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ဆက်သွယ်ရန် အီးမေးလ်နှင့် ဖုန်းနံပါတ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ