Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၂/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၁၂/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူးဒေါ်ပြည့်ဖြိုးဝေက ကွမ်းစားဆေးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ပေါ်ရှိ SAN ဘက်ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

      ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၂၆)ရက်နေ့ ၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များဖြစ် သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ်ထုတ်ပြန်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၅.၉.၂၀၂၄) နေ့၊နံနက် (၁၁:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ အွန်လိုင်းစနစ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

    အသိပညာပေး ဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေးမြန်းရာ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေးနစ်နာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် အသေးစိတ်အချက်အလက်များ၊ Consumer Call Center 1535 ကို ၂၀၂၁ခုနှစ် ဇွန်လမှ စ၍ ၂၀၂၄ ဇူလိုင်လအထိ ဆက်သွယ်မေးမြန်းတိုင်ကြားမှု (၃၃၃)မှုရှိပြီး (၃၃၀) ဖြေရှင်းဆောင်ရွက်ပေးထား ပြီးဖြစ် ကြောင်း စားသုံးသူမှ စားသုံးသူအခွင့်အရေး အကြောင်းသိရှိလိုသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း စဉ်ကိုသိရှိလိုသော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာပါကလည်း ဆက်သွယ်တိုင်ကြားလို လွယ်ကူသော  Telenor, Ooredoo, Mytel User ဖြစ်ပါက Consumer Call Center 1535 သို့လည်းကောင်း၊ MPT User ဖြစ်ပါက ၀၉၇၆၅၄၃ ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်ပြီး သိရှိလိုသည်များ စုံစမ်းနိုင်ပါကြောင်း စားသုံးသူရော၊ လုပ်ငန်းရှင်အများပြည်သူ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် စက်တင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း (၄1)ဦးက အပ်နှံလာ သော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၁) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၂၃) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား စင်္ကာပူနှင့် ဂျပန် နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ဘိုကိတ်ပဲ ကော်ဖီစေ့၊ ဂျုံ၊ နှမ်းညို၊ ငါးစာ၊ ပဲပိစပ်စာ၊ တိရစ္ဆာန်အစာ၊ ဆန်ဖြူ၊ ပေါင်းဆန် စသည်တို့၏ ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများ ကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

      ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃၇) ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၆၁)ခု၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၁၃)ခု စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၂၃) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄)ရက်နေ့၊ ည(၇:၀၀)နာရီအချိန်တွင် (၂၃.၉.၂၀၂၄)ရက်နေ့ ထုတ်စားအုန်းဆီများသည် ဝါးခယ်မမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီကား (ယာဉ်အမှတ်  8I-8621)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ ၄၀၇၀  သည် ဝါးခယ်မမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာတိုင်းရင်းဆေးအဖွဲ့နှင့် ပူးပေါင်း၍(၂၅.၉.၂၀၂၄)ရက်နေ့ ၊နံနက် (၁၁:၃၀)အချိန်တွင် အမှတ်(၆)ရပ်ကွက် ရွှေနဒီဈေးအတွင်းရှိ အောင်စေတနာဆေးဆိုင်နှင့် မြတ်ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက် ရွှေနဒီဈေးအတွင်းရှိ ဒေါ်နှင်းအိစိုး(အောင်စေတနာ)ဆေးဆိုင်နှင့် ဦးစိုးသူအောင်(မြတ်)ဆေးဆိုင်တို့တွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးများကို ရန်ကုန်မြို့ရှိဆေးကုမ္ပဏီများမှ ဝယ်ယူရရှိပြီး ယခင်ထက်(၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီထုတ်ယူသူများအား အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်တာဝန်ခံသည် (၂၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ မြသီတာ (၆) လမ်း၌ စားအုန်းဆီထုတ်ယူသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေးက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လဉ်း၍ ဆုံးရှုံးနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart သို့သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ ရောနှောဆီများရောင်းချခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ရှိသောစားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းသော စားသုံးဆီများရောင်းချနေသည်ကိုသာတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        တိုက်ကြီးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်သို့ (၂၅-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာအရောင်းဆိုင်များ၌ ရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် လိုင်စင်သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာနှင့် မျိုးစေ့ စသည့် တစ်မျိုးချင်းအလိုက် ရောင်းချခွင့်လိုင်စင်များပြုလုပ်ရမည်ဖြစ်ကြောင်း၊  ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်တင်တင်ဌေးကလည်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ဓာတ်မြေဩဇာနှင့် သက်တမ်းလွန်မျိုးစေ့များကို  ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်(၅)ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်မှု

       တိုက်ကြီးမြို့နယ်အတွင်းရှိ  တာဂွကျေးရွာအုပ်စုမှ မင်းမဟာ၊ ငွေရောင်အထွဋ်အထိပ်၊ ရတနာတိုက်ကြီး၊ ဂျိုးဖြူကျေးရွာအုပ်စု မြတ်မင်္ဂလာဆီဆိုင်နှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စု Terminal 204 ဆိုင်တို့အား (၂၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ နံနက်(၁၀:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအပါ (၃)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိအပါ (၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့တို့သည် စက်သုံးဆီဆိုင်များမှ သတ်မှတ်ဈေးဖြင့် မှန်ကန်စွာရောင်းချနေမှု၊ ဆီရောင်းချလီတာပြည့်ဝစေရေးနှင့် ဆီလက်ကျန်များ၊ ဆီကားဝင်မှုအခြေအနေများ၊ ရောင်းချသော စက်သုံးဆီအမျိုးအစားများ၊ နေ့စဉ် ပြတ်လပ်မှုများကို ဆိုင်တာဝန်ခံအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သတ်မှတ်ဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ