Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခြင်း

      (၂၄-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ  "ထွန်းတောက်ကြယ်" ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထို့သို့တွေ့ဆုံဆွေးနွေးခဲ့ရာ ဆီစက်လည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ စွန့်ပစ်ပစ္စည်းများအသုံးပြုမှုအခြေအနေတို့အားမေးမြန်းရာ ၎င်းတို့အနေဖြင့် ကုန်ကြမ်း(မြေပဲ)များကို ကရင်ပြည်နယ်၊ မန္တလေး၊ ပုဂံ၊ မကွေးတို့မှ မှာယူရရှိပြီး ကုန်ချောများအား မော်လမြိုင်၊ ဘားအံတို့တွင် ရောင်းချဖြန့်ဖြူးကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲဆီ(၁)ပိသာလျှင် (၁၄၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများ၊ မြေပဲဖတ်များအား တိရိစ္ဆာန်အစားအစာအရောင်းဆိုင်များမှ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့တွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       (၂၅-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊  သထုံခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာအုပ်စု၊  ရွာလယ်ဓမ္မရုံတွင်   စားသုံးသူကာကွယ်ရေးအသိပညာပေး‌ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲတွင်   သထုံမြို့နယ်တာဝန်ခံက   စားသုံးသူရေးရာဦးစီးဌာ၏  Vission၊ Mission များ ၊စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိကောင်းစရာများ  စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Wesite Mobile Application၊ Call Center နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲသို့   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာနေပြည်သူများစုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်သူနာပြုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများသည် (၂၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်းရှိ သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများဆွေးနွေးရာတွင်   စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူတို့လိုက်လက်နာရမည့်တာဝန်များ၊ စားသုံးသူတို့အခွင့်အရေးအပြည့်အဝရရှိစေရေး အသိပညာများ၊ ဥပမာများဖြင့် ပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က တိုင်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြောင်း၊ အဆိုပါတွင် စားသုံးသူများသည်နစ်နာဆုံးရှုံးမှုများရှိလာလျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားမှုနှင့် လက်ခံသည့်ပုံစံများပြောကြားကြောင်း၊ (CICC) လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားနိုင်သူများနှင့်တိုင်ကြားမည့်နည်းလမ်းတို့အားဆွေးနွေး၍ ယခင်တိုင်ကြားမှုဖြစ်စဉ်တို့အား အသိပညာရရှိစေရေး ထည့်သွင်းဟောပြောဆွေးနွေးခဲ့ကြောင်း၊ ထို့နောက်တွင် ကျောင်းအုပ်ဆရာမကြီးက သိလိုသည်များအားမေးမြန်းခြင်း၊ တက်ရောက်သည့် သင်တန်းသားက မေးမြန်းခြင်းတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းနှင့် ၎င်းဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း ၂၀၀ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုတ်လတ်မြို့နယ်၏ ဒေသထွက်ကုန် အုန်းဆံကြိုးလုပ်ငန်းသို့ ကွင်းဆင်းစိစစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုတ်လတ်မြို့၊ အမှတ်(၁)ရပ်ကွက် ကားလမ်းဘေးရှိ အုန်းဆံကြိုးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

သို့ဆွေးနွေးခဲ့ရာတွင် အုန်းခွံလှေတစ်စီးကို (၁၈၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး အုန်းဆံကြိုး  ထုတ်လုပ်ရန် ဆောင်ရွက်မှုအနေဖြင့် အုန်းခွံများအား အုတ်ရေကန်ဖြင့် (၂)ညခန့် ရေစိမ်ပြီးအမျှင်  ထုတ်စက်ဖြင့် အမျှင်ထုတ်ခြင်း၊ သန့်စင်ခြင်းတို့ပြုလုပ်ပြီး သန့်စင်ပြီး အမျှင်များအား (၁)နာရီခန့် နေလှန်းခြင်း၊ အမျှင်များကို ဗိုင်းထောင့်အဖြစ် လိမ်ပြီး ကြိုးကျစ်စက်ထဲသို့ နိုင်လွန်အပ်ချည်‌ ရော၍ ကြိုးကျစ်ရပါသည်။ ရရှိလာသော အုန်းဆံကြိုးများအား (၁၅)လက်မ အရှည်အပတ်(၃၀)ခန့် အခင်းဖြစ်အောင် ပြုလုပ်ရပါသည်။ အလုပ်သမား(၇)ယောက်ရှိပြီး တစ်ယောက်လျှင် တစ်နေ့လုပ်အားခ (၄၅၀၀)ကျပ် ပေးချေရကြောင်း၊ အင်ဂျင်ပါဝါ (၂၅)ကောင်ရေဖြင့် လည်ပတ်ရသောကြောင့် ဒီဇယ်(၅)ဂါလံကို (၂)ရက် လည်ပတ်ရကြောင်းနှင့် အုန်းဆံကြိုးစက်ရုံ (၁)ရက်လည်ပတ်လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁၁၀၀၀၀)ကျပ်ခန့်ရှိပြီး ရရှိသောအုန်းဆံကြိုးများ ရောင်းချရသော ဈေးနှုန်းမှာ အခင်(၂၀၀)ပါ အထုံးကြီးတစ်ထုံးလျှင် (၆၅၀၀၀)ကျပ်ဖြင့် ရောင်းရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်လောက် အရောင်းအဝယ်မကောင်းကြောင်း မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သည့်အတွက် အမြတ်ငွေ နည်းပါးကြောင်း  အလုပ်သမားများ အဆင်ပြေစေရန်အတွက် ဆက်လက်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း အုန်းဆံကြိုးများကို ကျိုတ်လတ်မြို့နယ်အတွင်းနှင့် ပတ်ဝန်းကျင်မြို့နယ်များသို့ ပြန်လည်ရောင်းချကြောင်း၊ အုန်းဆံကြိုးထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ကုန်မျိုးစုံဆိုင်ရှိ စားသုံးသူပြည်သူ(အလုပ်သမား)များအား စားသုံးသူအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကိုဝင်းနောင်ကုန်မျိုးစုံဆိုင်ရှိ စားသုံးသူပြည်သူအလုပ်သမား(၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို သိရှိကြစေရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်သောကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူရောင်းချရန်၊ တရားမဝင်ကုန်စည်များ ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ဘေးအန္တရာယ် မရှိသော ကုန်စည်များကိုသာ  ရွေးချယ်ဝယ်ယူကြရန်တို့အား ရှင်းလင်းပြောကြားကာ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက ရှင်းလင်းတင်ပြခြင်းနှင့် တိုင်ကြားခွင့်စင်တာများ ဖွင့်လှစ်ကာ တိုင်ကြားမှုကို လက်ခံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Call Center မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်၊၊

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် စားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအသင်း(ယာယီ) ဖွဲ့စည်းခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁၈.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက် ခဲ့ပါသည်။

ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက တက်‌ရောက်လာသူ စားသုံးဆီလုပ်ငန်းရှင်များအား   မြို့နယ်အနေဖြင့် (ယာယီ) အသင်းဖွဲ့စည်းပေးခဲ့ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေအရ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်စပ်လျဉ်းပြီး ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါရှိနေပြီဖြစ်ကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက ရှင်းလင်းခွင့်၊ တိုင်ကြားခွင့်များအား စားသုံးသူရေးရာဦးစီးဌာနတွင် စင်တာများ ဖွင့်လှစ်၍ တိုင်ကြားမှုများအား လက်ခံပါကြောင်း၊ နေပြည်တော်၊ တိုင်း/ ခရိုင်များတွင် တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 မှတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်းအချက်များကို ထည့်သွင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီကုန်သည်လုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြော

ဖျာပုံခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၉.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် စာသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက အဖွင့်စကားပြောကြားရာတွင် ဆီကုန်သည်များအနေဖြင့် ရည်ညွှန်းဈေးဖြင့် ရရှိသောစားအုန်းဆီများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးရန် ဌာနကလည်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြို့နယ်အလိုက်  စားဆီအသင်းများကိုလည်း အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်းရန် လိုအပ်ပါကြောင်း   ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များအရ ဈေးကွက်အတွင်း စားသုံးဆီများအနက် အချို့သော စားသုံးဆီများကို ဟင်သီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)ဟု ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိပါသည်။ အဆိုပါကုန်စည်၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင်  စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်၊   အသားတင်အလေးချိန်တို့ကို ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားရန် (၁၈.၁၂.၂၀၂၂)ရက်နေ့ ကြေးမုံသတင်းစာတွင် ထုတ်ပြန်ထားပြီဖြစ်ပါကြောင်း၊ ပြည်ပမှတင်သွင်းထားသည့် စားသုံးဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်းညွှန်ကြားချက်အရလည်း ရန်ကုန်မြို့ ဆီသိုလှောင်ရုံးခန်းများမှ လက်ကားဖြန့်ချီခြင်းလုပ်ငန်းစဉ်ကို (၂၀၂၂)ခုနှစ်၊ မေလ(၁)ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီသိုလှောင်ရုံးခန်းများမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သက်မှတ်ထားသည့် အဝါရောင်ပေပါသစ်(သို့မဟုတ်)သန့်စင်ပြီး အဝါရောင်ပေပါများဖြင့် ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဒေသတွင်းဆီလုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆွေးနွေးခဲ့ပြီဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်  တိုက်တွန်းလိုပါကြောင်း၊ အခြားသောထုပ်ပိုးထားသည့်ကုန်စည်များလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြရန် လိုအပ်ပါကြောင်း  ဟောပြောခဲ့ပါသည်။ ထိုနောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိဈေးကွက်စောင့်ကြည့်

စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးရှိ မိဘရိပ်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးအတုအပများ ရောင်းချခြင်းမပြုရန်၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ကုန်စည်များ၊ ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှု၊ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးရာ တိုင်းရင်းဆေးများတွင်လည်း ကုန်အညွှန်းအမှတ်အသားနှင့် တိုင်းရင်းဆေးမှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဈေးနှုန်း၊ ဈေးကွက်အကြောင်းနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိကိုလည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

တောင်ငူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

       အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့အတွင်း ရောင်းချနေသော အလှကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ (၂၄.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်လျက် တောင်ငူမြို့ ဘုရင့်နောင်ဈေးအတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ အလှကုန်ဆိုင်များတွင် ရက်လွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် ဈေးအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်စဉ်တွင် ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား တရားမဝင်ဆေးဝါးနှင့် ကုန်ပစ္စည်းများ ရောင်းချခြင်းသည် စားသုံးသူကို နစ်နာဆုံးရှုံးမှုဖြစ်စေသည့်အပြင် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးစေသဖြင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ၊  မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားထားပြီးဖြစ်ရာ မြန်မာဘာသာဖြင့် ဖော်ပြရောင်းချကြရန်နှင့် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချကြခြင်းမပြုရန် ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဘိုကလေးမြို့မ(၆)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်နေ ပြည်သူ(၇)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊  ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းတို့ကို ရှင်းလင်းဟောပြောကာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ စားသုံးသူများ သိရှိစေရန်၊ ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် Coffee  Shop နှင့် Happy Water Coffee Mix တွင် မူးယစ်ဆေးပါဝင်သဖြင့်  ဝယ်ယူစားသောက်ခြင်း  မပြုကြရန် တို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စည်နှင့်  ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှု  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာနသို့   တိုင်ကြားနိုင်သည့်အပြင် Call  Center  (1535) မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ