Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၁:၄၅ နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ Apex စက်သုံးဆီဆိုင်၊ ဆိပ်ကမ်းသာဆီဆိုင်များသို့ စက်သုံးဆီရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ကားများ၊ ဆိုင်ကယ်တွဲများ စက်သုံးဆီဝယ်ယူနေမှုအခြေအနေများအားစစ်ဆေး၍ စက်သုံးဆီများအား အမှန်တကယ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ မှောင်ခိုရောင်းချမှုမရှိစေရေး၊ စက်သုံးဆီများအား ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း စာရင်းကောက်ယူ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်းဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။

      ထိုသို့ ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဦးချမ်းသာဆန်ဆိုင်၊ ဒေါ်စုခိုင်၊ ဦးဌေးလှိုင်နှင့် ဦးတင့်ဆွေဦးကုန်ခြောက်ဆိုင်၊ ဒေါ်နိုင်နိုင်မော်ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်းဝက်သားဆိုင်၊ ဦးစိုးမင်းထိုက်အမဲသားဆိုင်၊ ဦးဇော်ကြီး၊ ဦးကုလားဆိတ်သားဆိုင်၊ ဒေါ်ဌေးကြည် ရေချို၊ ရေငန်ငါးအရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်နှင့် ဦးသန့်ဇင်ဝင်း ကုန်စိမ်း၊ မျှင်ငါးပိကုန်စုံဆိုင်တို့၏ လက်ရှိအချိန်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ မြို့နယ်အဆင့်ယူရီယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့သည် စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၁၅ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့်ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် နိုင်ထူးခန့်ဓာတ်မြေဩဇာအရောင်းဆိုင်၊ ဦးအင်းရွှေနှင့် ညီမဒေါ်အေးကြည်ဓာတ်မြေဩဇာဆိုင်၊ ရွှေညာမြေဓာတ်မြေဩဇာဆိုင်နှင့် ရောင်ခြည်ဦးဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချရမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် ကမ်းခြံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် Online Sale ရောင်းချမှုအသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့နှင့် ပူးပေါင်း၍(၁၈.၉.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကမ်းခြံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့်  Online Sale ရောင်းချမှုအသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ   ၂၀၁၉ ပါပြဌာန်းချက်များမှစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအားအသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်၍ မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ Online စနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.ecomreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်းဌာနနှင့်ပူးပေါင်းဆောင်ရွက်ပေးပါရန် ညှိနှိုင်းလာပါသဖြင့် စက်တင်ဘာလ ၁၃ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြို့နယ်တွင် ရောင်းချနေသော ဓာတ်မြေဩဇာဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ဓာတ်မြေဩဇာရောင်းချသည့် ဆိုင်များဖြစ်သော ဒေါ်လာဝင်းဓာတ်မြေဩဇာဆိုင်၊ စန်းသော်တာ (မျိုးစေ့၊ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်)၊ မဟာသစ်( KMA Family) ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်တို့တွင် ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ စစ်ဆေးခြင်းနှင့် ဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)        

 

ပေါ်ဆန်းဆန်များ ပြည်တွင်းဆန်ဈေးကွက်သို့ ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ virtual ဖြင့် တက်ရောက်

    ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်၍ ပေါ်ဆန်းဆန်များ ပြည်တွင်းဆန် ဈေးကွက်သို့ ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

    အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်မှာ စကားပြောကြားခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဦးဟန်ဝင်းကျော်မှ   ဧရာဝတီပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းထွက်ရှိရာဒေသများမှ အခြားပြည်နယ်နှင့်တိုင်းများသို့ တင်ပို့နေမှုများဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်မှ လက်ရှိဆန်ဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်၊၊

    တက်ရောက်လာသော ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှလည်း ရည်ညွှန်းဈေး သတ်မှတ်ရာတွင် တစ်ဧက ကုန်ကျစရိတ် အသေးစိတ်တွက်ချက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပြီး ‌ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  မိမိတို့တိုင်းဒေသကြီးအလိုက် စားသုံး၊ ပိုလျှံ၊ ထွက်ရှိမှုများ တွက်ချက်ရန်နှင့် ဆန်စက်နှင့် ဆန်ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်များ ပြန်လည် အသက်ဝင်လှုပ်ရှားစေလိုကြောင်း ပြောကြားပြီး အခမ်းအနားကို နေ့လယ် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချခြင်း

       ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေ ချောမွေ့စွာ စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရေးအတွက် ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များနှင့်အုန်းပင်စု၊ သက္ကယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်း၊ တင်ချောင်းကျေးရွာအုပ်စုများ၏ အိမ်ထောင်စုဦးရေအလိုက် တစ်အိမ်ထောင်စုလျှင် စားအုန်းဆီ (၅၀) ကျပ်သားနှုန်းခန့်ကို စုစုပေါင်းအိမ်ထောင်စု (၂၆၃၉) စုအား ဆီပိဿာချိန် (၁၃၂၀) ခန့် ကျေးရွာအရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် Online Sale မှတ်ပုံတင်ခြင်းလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောခြင်း

     ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကံကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၁၆.၉.၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၀၀)အချိန်တွင် ကျေးရွာနေပြည်သူ (၅၀) ဦးအားငပုတောမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအကြောင်းကို ဟောပြောဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်အာဏာသက်ဝင်ပြီး အခန်း(၈) ခန်းပါဝင်ကြောင်းနှင့် မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်‌သော အခြေခံလိုအပ်ချက်များ၊ အမျိုးအစားရွေးချယ်လျှောက်ထားခြင်းများ၊ ကြိုတင်ပြုဆင်ထားရမည့် အထောက်အထားများနှင့် ကျသင့်ငွေပေးခြင်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ ပြင်ဆင်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့နယ် အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဦးစားပေးကုန်စည်များသတ်မှတ်ထားရှိပြီး လစဉ်ကွင်းဆင်းဆောင်ရွက်မှုများသာမက ()လပတ်လျာထားဆောင်ရွက်ရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးကို  စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ် ရပ်ကွက်အတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်များအား သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ပြည်ပမှတင်သွင်းသောကုန်စည်များ၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များကို စားသုံးသူပြည်သူများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဘေးအန္တရာယ်ရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့ပြီး ညွှန်ကြားချက်အမှတ် (/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျန်းမာရေးအထောက်အကူပြုပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေး

         ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးကင်းလုံခြုံစေရေးနှင့် အသုံးပြုမှုအဆင်ပြေချောမွေ့စေရေးတို့အတွက် မြိတ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကျန်းမာ‌ရေးအထောက်အကူပြုအသုံးအဆောင်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိနေသော ကုန်စည်များ‌ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းမရှိစေရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

      

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ