Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဇလွန်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင် များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့၊ Preminum Capital Co.,Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၃၂)ပေပါ မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့မှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

        အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Online Shop  မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ  Online  စနစ်ဖြင့်ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းရှင်များသည် မှတ်ပုံတင်လျှောက်ထားပြီးမှသာ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အမိန့်စာပါညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ Online Shop  မှတ်ပုံတင်လျှောက်ထားခြင်းအား အသေးစိတ်သိလိုပါက www. eComreg. gov. mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူရေးရာတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိ ဆန်ဆိုင်နှင့် ဆန်စက်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍  (၁၆.၉.၂၀၂၄) နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် သာသနာ့ဗိမာန် အထက်ပိုင်းရပ်ကွက်    စန်းရွှေဝါဆန်စက်နှင့် မြို့မဈေးရှိ ဒေါ်မြထွေးဆန်ဆိုင်တွင် ရောင်းချပေးနေသော ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ သာသနာ့ဗိမာန်အထက်ပိုင်းရပ်ကွက် စန်းရွှေဝါဆန်စက်တွင် ရောင်းချနေသော ဧည့်မထ ဆန်တစ်ပြည်လျှင် ၂၇၀၀ ကျပ်ဖြင့် တကောကျေးရွာနှင့် ပါရမီထောင့်ကျေးရွာတွင် လူဦးရေ(၆၀၀)အား တစ်အိမ်ထောင်လျှင် (၁)ပြည်နှုန်းဖြင့် ရောင်းချ ပေးခဲ့ပြီး၊ မြို့မဈေး ဒေါ်မြထွေးဆန်ဆိုင်တွင်ရောင်းချနေသော ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊   ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခဆန် တစ်ပြည်လျှင် (၃၃၀၀)ကျပ်ဖြင့် ပြည်သူများအား ရောင်းချပေးနေပြီး ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်အား ဆန်ရောင်းချမှုအခြေအနေနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်  ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်များအား  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာအုပ်စု၊ လယ်တော်အဝေးပြေးကားဝန်း ရှိ အသင်းရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟော ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ မိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ် ထားရှိမှု အခြေအနေတို့ကို လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ  ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၄.၉.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်ဆီကိုယ်စားလှယ် များသို့ ရန်ကုန်မြို့ရှိ    Preminum   Capital   Co.Ltd မှ ထုတ်ယူခဲ့သော စားအုန်းဆီများအား ယာဉ်အမှတ်  4P-3634 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ (၄၀၇၀)သည်  ဝါးခယ်မမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၉.၂၀၂၄)ရက်နေ့၊နံနက် (၈:၃၀)နာရီအချိန်တွင် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဝင်းဌေးဆန်ဆိုင်တွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်တွင် ရောင်းချနေသော ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှင့် ဝင်းဌေးဆန်ဆိုင်တွင် ရောင်းချနေသော ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊    ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချနေမှုအပေါ်  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး  ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆန်ရောင်းချနေသော ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်း ဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၃.၉.၂၀၂၄) ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၃)ပေပါ နှင့် Golden Upstart Co.Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၁၄)ပေပါ စုစုပေါင်း (၃၇)ပေပါသည် လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျ စရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီထုတ်ယူခြင်း၊ ခွဲဝေချထားခြင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်   တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ Managing Director ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများပူးပေါင်း၍ Zoom Metting ဖြင့်လုပ်ဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့  Online  Virtual  စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးတွင် စားသုံးဆီခွဲဝေဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်နှင့်အခြားခရိုင်များသို့ နေ့စဉ်ဆီထုတ်ဖြန့်ဖြူးခြင်း၊ နေ့စဉ်ပို့နိုင်ရန်အတွက် အထူးကုန်စည်အဖြစ်သတ်မှတ်၍   တင်ပို့မည့်ကားများတွင်လည်း  CCTV နှင့် GPS များတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ပုသိမ် ခရိုင်သို့ စားအုန်းဆီတင်ပို့ရာတွင် တွဲကားဖြင့်လည်းကောင်း၊ မြောင်းမြခရိုင်သို့တင်ပို့ရာတွင် (၆)ဘီးကားဖြင့်လည်းကောင်း၊ ဟင်္သာတခရိုင်သို့တင်ပို့ရာတွင် (၁၂)ဘီးကားဖြင့်လည်းကောင်း ခရိုင်အသီးသီးသို့ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေးအတွက် သွားလာနိုင်သောလမ်းခရီးများကိုလည်းတင်ပြ၍  ဆွေးနွေး ညှိနှိုင်းပြီး ဆီပေပါအမျိုးအစားကိုလည်း ဈေးကွက်အတွင်း စည်းပိတ်၍ရသော ပေပါအဝါ Original တစ်မျိုးတည်းကိုသာအသုံးပြုရန်လိုအပ်ကြောင်း၊ ကုမ္ပဏီဘက်မှလည်း ပေပါ(၂)ဆကို ကျခံပေးမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဦးစီးမှူးသည် ခရိုင်ဦးစီးမှူးများအား ဆီကားချရန်အတွက် လိုအပ်သော လိပ်စာ၊ ဖုန်းနံပါတ်များကို တိကျမှန်ကန်စွာပေးနိုင်ရေး၊ ခရိုင်မှူးများကလည်း မိမိတို့သက်ဆိုင်ရာမြို့နယ်များသို့ စနစ်တကျဖြန့်ဖြူးခွဲဝေပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၁၂:၀၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေးသည့် စားအုန်းဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့၊ မြတ် Myat  Ay  Kam Co,Ltd  မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၃)ပေပါရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

      အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ် အပါအဝင် ၂% အမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ