Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည်  (၃.၄.၂၀၂၃) ရက်နေ့၊(၁၀:၃၀) အချိန်တွင် မအူပင်မြို့နယ် ထန်းပင်ကွေ့အရှေ့ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ(၂၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ပြည်သူအသိပညာပေး ဟောပြောရာတွင် မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိပြီး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအနေဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် လည်းကောင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်များကို သိရှိလိုခြင်း၊ တိုင်ကြားလိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center (၁၅၃၅) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းတို့အား အသိပညာပေး ဟောပြောဆွေးနွေးကာ ပြည်သူများ၏ သိရှိလိုသည်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်း‌ဒေသကြီး စားသုံးသူရေးရာကော်မတီ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၃၀.၃.၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၄:၀၀ နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်တီ ဒု-ဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ကော်မတီသို့ တင်ပြမည့်အမှာစာ  ၁၃ စောင်အား ရှင်းလင်း ဖတ်ကြားခဲ့ပါသည်၊၊

   အဆိုပါ ကော်မတီအစည်းအဝေးသို့ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင် (၅) ဦး၊ ဖိတ်ကြား ထားသူ (၃)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ (၆)ဦး၊ ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သတ်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာကော်မတီဒု-ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆီစက်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၃.၄.၂၀၂၃) ရက်နေ့တွင် ပန်းတနော်မြို့နယ် ကောင်းမြတ်ချမ်းသာ ဆီစက်လုပ်ငန်းသို့ (၁၁:၀၀)အချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆီစက်လုပ်ငန်းရှင်ကို တွေ့ဆုံ၍ ဆီကြိတ်ခွဲမှုလုပ်ငန်းအား ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီး၊ ဆီတစ်နေ့ကြိတ်ခွဲမှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ မြေပဲကုန်ကြမ်း၊ နေကြာကုန်ကြမ်းဝယ်ယူမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ထွက်ရှိလာသောဆီများကို ရောင်းဝယ်တင်ပို့မှု အခြေအနေများကို မေးမြန်းပြီးနောက် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အမျိုးအစားအလိုက် သတ်မှတ်ချက်များဖော်ပြပါဝင်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မန္တလေးမြို့၌ ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံသဘောထားရယူ ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

    ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ခန်းမ၌ ၇.၄.၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ၊  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးကဏ္ဍတွင် ပါဝင်သည့် အသင်းဥက္ကဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က  ဆန်စပါးဥပဒေ(မူကြမ်း)အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ခြင်း၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်းနှင့် ဆွေနွေးပွဲရလဒ် ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား (၁၂:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

      အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄) ဖွဲ့အနက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည့် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ (၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က Article 5.3: Test Procedures အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၂၀၄ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြုစုထားသည့် “ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်း၏ ပထမအကြိမ် စမ်းသပ်စစ်‌ဆေးမှုရလဒ်အပေါ် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးခွင့်ပြုသည့်အမိန့်” (မူကြမ်း)အပေါ် အပြီးသတ်ဆွေးနွေးအတည်ပြုကြရန်၊ ဆွေးနွေးချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်ထားသည့်အမိန့် (မူကြမ်း)အား ဥပဒေရေးရာအကြံပြုချက်များမြန်ဆန်စွာရရှိနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ ရန်နှင့် ၎င်းအမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (၄) အဖွဲ့ဝင်များမှ အမိန့် (မူကြမ်း)အပေါ် ဥပဒေပိုင်းဆိုင်ရာ ရှုထောင့်၊ ဘာသာရပ်ဆိုင်ရာရှုထောင့်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ITQM)

စားအုန်းဆီများအား ဈေးကွက်အတွင်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၄.၄.၂၀၂၃  ရက်နေ့တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းနှင့် မော်လမြိုင်မြို့နယ်ရှိ ဘဲကုန်းဈေးနှင့် အုံးတော တို့တွင်လည်းကောင်း၊ ၅.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် မြို့သစ် (မုတ္တမ)၊ မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာ၊ မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တို့တွင်လည်းကောင်း၊ ၆.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ကျောက်တံတား (မုတ္တမ)၊ မော်လမြိုင်မြို့နယ် သာယာကုန်းရပ်ကွက်၊ လှိုင် (ရွှေပြည်စိုး)ရပ်ကွက်တို့တွင် လည်းကောင်း၊ ၇.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ကျုံက (မုတ္တမ)၊ မော်လမြိုင်မြို့နယ် သီရိမင်္ဂလာရပ်ကွက်၊ နတ်စမ်းရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

           ၃၁.၃.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်း(၃၆) ဦး တက်ရောက်ခဲ့ကြသည်။

    ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် သင်္ကြန်ကာလနီးကပ်လာသဖြင့် ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်ဂျူတီများကို ပျက်ကွက်မှုမရှိစေရေး၊ လုံခြုံရေးအထူးဂရုပြုရေး၊ အသစ်ခန့်အပ်သော ဝန်ထမ်းများအား တာဝန်ချထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောဝန်ထမ်းများမှ ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီမြှင့်ခြင်း၊ တစ်ဆင့်မြှင့်ရာထူးသို့ တိုးမြှင့်ခြင်းခံရသော ဝန်ထမ်းများအား အဆင့်တံဆိပ်တပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အသစ်ခန့်အပ်သော ဝန်ထမ်းများအား ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်း

       ၃.၄.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် အသစ်ခန့်အပ်သော အငယ်တန်းစာရေးဝန်ထမ်း (၄)ဦးအား ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

       ပြည်နယ်ဦးစီးမှူးမှ ဝန်ထမ်းများအား စီးပွား/ကူးသန်း၏ဆောင်ပုဒ်၊ Vision၊ Mission၊ ကုန်သွယ်မှုမူဝါဒများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ Vision၊ Mission၊ ဌာန၏ မူဝါဒများ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများကို ရှင်းလင်းခဲ့ပါသည်။

  ထို့နောက် ဒုဦးစီးမှူး ဒေါ်ခင်ကြည်က ပြည်သူများ၊ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းPower Point များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲတာဝန်ခံက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အသိပညာပေးဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင် များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ကန့်ဘလူမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လေးစား လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာန၏ အတည်ပြုချက်ရယူနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့”ပေါ်ဦး “သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၃.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင်  ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ နှင့် စက်ရုံအတွင်းရှိ အလုပ် သမားများအား ကျွန်းလှမြို့ပေါ်ရှိ ပေါ်ဦး သောက်ရေသန့်စက်ရုံ သို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသန့် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦးမင်းကျော့မောင် တို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင်တို့သည် လုပ်ငန်းရှင်နှင့် စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေး အသိပညာ ပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောရာတွင် “ပေါ်ဦး” သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူအကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြသော  ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် ၊ ကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏ အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက်ကြရန် နှင့်  အလုပ်သမားများအား စားသုံးသူဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ပါကြောင်း ၊ ဌာန၏ Website ၊ Facebook Page၊ DOCA Myanmar (Mobile App)၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) နှင့် Call Center No. 1535 တို့မှတဆင့် ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။

           အသိပညာပေးဟောပြောပွဲသို့ စက်ရုံပိုင်ရှင်နှင့် စက်ရုံ အလုပ်သမား(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ