Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်‌၊ဝါးခယ်မမြို့နယ် တာဝန်ခံသည်ရွှေခယ်သီရီရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည်(၁၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်  ဝါးခယ်မမြို့နယ် ရွှေခယ်သီရီခန်းမတွင် ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား  ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင်သတ်မှတ် ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု များမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန် မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုဟောပြောပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင်Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည်(၁၂.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် Signal သွားတိုက်ဆေး အတုများရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာ အိမ်မဲမြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်းတွင် unilever စိးပွားရေး လုပ်ငန်းစု၏ လုပ်ငန်းအစိတ်အပိုင်းဖြစ်သော unilever EAC Myanmar Co.,Ltd မှ ယင်းတို့ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသည့် signalသွားတိုက်ဆေး signal cavity fighter Toothpaste 150gအား ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုပြုလုပ်ရောင်းချနေကြောင်း သိရှိသဖြင့် အထက်လမ်းညွှန်မှု့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် close upသွားတိုက်ဆေးနှင့် Colgate သွားတိုက်ဆေးများသာရောင်းချမှုရှိပြီး အဆိုပါ signalသွားတိုက်ဆေးမှာ လွန်ခဲ့သောတစ်လခန့်ကစပြီး လာရောက်ရောင်းချရာ မတွေ့ရကြောင်း ဈေးရောင်းချသူများပြောကြားချက်အရ သိရှိရပြီး အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် signal သွားတိုက်ဆေးအတုများ ရောင်းချမှု မရှိပါကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၂.၉.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံ ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချ ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ ထုတ်ပြန်ထာသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်း များဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

    ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၅.၉.၂၀၂၅ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ ဖြိုးသိန်းထိုက်(ဖိုက်ဝမ်း)ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ လုပ်သားဝန်ထမ်း(၉)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်)က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂)မျိုး၊စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုဝယ်ယူရာတွင်  စိစစ်သင့်သည့်အချက်အလက်များ၊ မှတ်ပုံတင်ထားသောအွန်လိုင်းရောင်းချမှုလုပ်ငန်းများမှဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊တရားမဝင်တင်သွင်းလာသည့်ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မတ္တရာမြို့နယ် ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာ ရယူခြင်းဆောင်ရွက်

          မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) ဖြန့်ဖြူးရောင်းချပွဲအခမ်းအနားကို  ၄-၉-၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်လင်းမြွေချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက  တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာဝယ်ယူ ဖြန့်ဖြူးရာင်းချခြင်းလုပ်ငန်း ကြီးကြပ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မြတ်သီတာ၊ မြို့နယ် သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်အေးအေးမြင့်နှင့်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး(ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာရယူခြင်းဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

မတ္တရာမြို့နယ်ရှိ မိုးရာသီ စပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

            မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်းအထွက် တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်းကို  ၅.၉.၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် လင်းမြွေချောင်းရွာ၊ ထီးတော်မိုးရွာ၊ တောင်ပြုံး၊ ဝသုန္ဒရ၊  ဝက်ခဲ၊ ရတနာဘုမ္မီ၊ သမင်တွင်း၊ ဝါးရင်းတုတ်၊ ကမ်းတဘက်၊ မင်္ဂလာသီရိ ကျေးရွားအုပ်စုများမှ တောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချ ပေးလျက်ရှိပါသည်။ အဆိုပါ ဓာတ်မြေဩဇာရောင်းချခြင်းကို မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးနွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က  မတ္တရာမြို့နယ်ရှိ  မိုးရာသီ စပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မတ္တရာမြို့နယ်အဆင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်တီမှ မိုးရာသီ စပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)ဖြန့်ဖြူးရောင်းချပွဲ အခမ်းအနားကျင်းပ

          မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) ဖြန့်ဖြူးရောင်းချပွဲအခမ်းအနားကို  ၄.၉.၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် လင်းမြွေချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက  တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ်  ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး အတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ၁၄.၉.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ သွင်းကုန်ထောက်ခံချက်(IR)ရရှိထားခြင်းမရှိသော Protein Beverage Vanilla Falavoured Powder with 2% fiber formula No Cholesterol, 400 g/cm ကို 2000g/ Multilayer Pouch ၏ IR Application No. ဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး  ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)

         

ပုသိမ်ကြီးမြို့နယ်အဆင့် ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်မှု ကော်တီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်း အထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁-၉-၂၀၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပုသိမ်ကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက  တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

         နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၀.၈.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများ တာဝန်ရှိသူများ တက်ရောက်ကျပါသည်။ ပထမဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ