ကန့်ဘလူမြို့၊ အမှတ်(၁)(အ.လ.က)ခွဲကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးသည်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၁)(အ.လ.က)ခွဲကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကြည်ဆန်းက ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဉ်ဘဝကပင် ကောင်းမွန်သောအလေ့အကျင့်များကို နည်းစနစ်မှန်ကန်စွာလုပ်ကိုင် ပြုမှုနေထိုင်တတ်ဖို့လိုကြောင်း၊ မကောင်းသောအပြုအမူအကျင့်များကို လုပ်ဆောင်ပါက မကောင်းသောအလေ့ အထအကျင့်စရိုက် စွဲမြဲတတ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းခံရလျှင် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်သည့်အတွက် တိုင်ကြား၍ရပါကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင် တာ (CICC) များတွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများကို ရယူတောင်းဆိုဖို့လိုကြောင်း၊ သို့မှသာ မရိုးသားသောစီးပွားရေး လုပ်ငန်းရှင်များက စားသုံးသူများအပေါ် လိမ်လည်လှည့်ဖြားခြင်းမှကင်းဝေးပြီး မိမိတို့၏ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသည့် လူနေမှုပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမ နှင့်ကျောင်းသား/သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)