Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့ပေါ်ရပ်ကွက်များရှိ ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့ပေါ်ရပ်ကွက်များရှိ ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဖျာပုံမြို့ပေါ်ရပ်ကွက်များရှိ ရေသန့်အမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ FDA ၏ထောက်ခံချက် ပါဝင်မှုရှိ/မရှိ၊ ထုတ်လုပ်သည့်နေရာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ အလေးချိန်ဖော်ပြထားခြင်းရှိ/မရှိနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျုံ‌ပျော်ခရိုင်၊ ရေကြည်မြို့နယ် နတ်စင်ငူ အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ် နတ်စင်ငူ အ.ထ.က (ခွဲ) ကျောင်းရှိ ဆရာ/ဆရာမ (၂၂) ဦး ကျောင်းသား၊ကျောင်းသူ ၂၈၆ ဦး တို့အား စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်၊၊

    ဟောပြောရာတွင် ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူများ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း၊  ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဥပဒေတားမြစ်ချက်များလိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အများပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူ သုံးစွဲနိုင်ရန် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိ

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်အတူ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ပုသိမ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းတို့ပူးပေါင်းပါဝင်၍ ဆန်နှင့်ဆီတို့အား ဈေးကားဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

    ထိုသို့ဈေးကားဖြင့်ရောင်းချပေးခဲ့ရာ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စု ၅၅၀ စုအတွက် စားအုန်းဆီ တစ်ပိဿာကျပ် ၅၀၀၀ ဈေးဖြင့် စားအုန်းဆီပိဿာ ၅၅၀ နှင့် ဆန်တစ်ပြည်လျှင် ကျပ် ၂၅၀၀ ဈေးနှင့် ဆန် ၁၂ အိတ် အား ပြင်ပပေါက်ဈေးနှုန်းထက်ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ကြီးကြပ်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်၊ မင်းဂံကျေးရွာ၊ “ရွှေငါး” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့

   ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်စက်မှုကြီးကြပ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၈) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်းဂံကျေးရွာ၊ “ရွှေငါး” ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှု ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းနှင့်ပက်သက်၍ အဆင့်မြင့်ဆန်စက်ဖြစ်သောကြောင့် အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ရရှိနိုင်ခြင်း၊ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ တညင်းကုန်းကျေးရွာ အ.မ.က ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တညင်ကုန်းကျေးရွာ အ..က ကျောင်းရှိ ဆရာ/ဆရာမ(၆)ဦး၊ကျောင်းသား/သူ(၉၅)ဦး၊စုစုပေါင်း(၁၀၁)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊တာရှည်ခံဆိုးဆေးများ အသုံးပြုထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများ တွင် မြန်မာစာပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောမုန့်များကို ဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသောကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကို ဝယ်ယူစားသုံးခြင်း မပြုကြရန်၊ အစားအသောက်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများ ဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိလာပါက စားသုံးသူ ရေးရာဦးစီးဌာန၏ callcenter 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြော ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာ (အ.ထ.က) ခွဲကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/မနှင့် ကျောင်းသား/သူ စုစုပေါင်း(၃၄၂) ဦးအား ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာ  (အ.ထ.က) ခွဲ အခြေခံပညာကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း၊စားသုံးရန် မသင့်သည့်အစားအစာများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ကုန် ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆီရောင်းချနေသော ဆီဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမတွင် စီးပွားရေးလုပ်ငန်းရှင် အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းကို မအူပင် ဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ အသိပညာပေး ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဆွေးနွေးခြင်းတွင်  ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  လိုက်နာကြရမည် အချက်များအကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီဆိုင်တာဝန်ရှိသူများအား မိမိတို့ရောင်းချသော စားဆီအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါဝင်ရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆီဆိုင်ရောင်းချသူ(၂၅)ဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်များမှလည်း ပြန်လည်မေးမြန် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ အထက(ခွဲ)ကျောင်း စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်() ရပ်ကွက်ရှိ အထက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးက  စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏထားသိုသိမ်း ဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်း လင်းဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှ ထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြား ချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများ အလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၃)ဦး ကျောင်းသား/သူ(၅၀)ဦး၊ ကျောင်းမုန့်ဈေးသည် (၂)ဦး ပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

           

ဖျာပုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှင့်ရောင်းချနေခြင်းရှိ/မရှိ၊ အချင်အတွယ်ပြည့်/မပြည့်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ  စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဆီလှောင်ကန်များစနစ်တကျထားရှိခြင်းရှိ/မရှိ၊ Digital LED ဘုတ်များဖြင့် ရည်ညွှန်းဈေးများ ဖော်ပြထားခြင်းရှိ/မရှိနှင့် ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းသူ၊ ကျောင်းသားများအသိပညာရရှိဖို့ စာသင်ကျောင်းများသို့ သွားရောက်ဟောပြောစို့

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၉၄)ဦး၊ စုစုပေါင်း(၉၉)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူ့အတွက်အကျိုးပြုသော ဌာနတစ်ခုဖြစ်ကြောင်း၊ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုလာရောက် အသိပညာပေးခြင်းဖြစ်ကြောင်း၊ အသိပညာနှင့် ဗဟုသုတများစွာရရှိစေလိုကြောင်း၊ လူတော်တစ်ဦးဖြစ်ရန် အတတ်ပညာများလိုအပ်ပြီး အသိပညာများစွာသိရှိပါက လူကောင်းတစ်ယောက်ဖြစ်လာမည် ဖြစ်သောကြောင့် အတတ်ပညာရော အသိပညာပါ နှစ်မျိုးလုံးရရှိရန်အတွက် မိမိကိုယ်တိုင် လေ့လာမှတ်သား၍ အများပြည်သူအားဖြန့်ဝေစေလိုကြောင်း၊ အခွင့်အရေးရရှိမှသာ အကျိုးစီးပွားများ ကာကွယ်နိုင်မည်ဖြစ်ပြီး အသိပညာပေးဟောပြောမှုများ သေချာစွာလိုက်နာမှတ်သားပြုလုပ် ဆောင်ရွက်စေလိုကြောင်း၊ ဌာနမှဝန်ထမ်းများသည် အသိပညာပေးခြင်း၊ လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

   ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးများအား ကျောင်းသား၊ ကျောင်းသူများ နားလည်နိုင်ရန်အတွက် ဥပမာများ၊ ပုံပြင်များ၊ သာဓကများနှင့်တကွ ရှင်းလင်းဆွေးနွေးပြီး အခွင့်အရေးများကိုရယူတတ်စေရန်နှင့် နစ်နာဆုံးရှုံးမှုများရှိပါက အထောက်အထားများနှင့်အတူ လာရောက်တိုင်ကြားစေလိုကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

 ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်က ဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် (၈)ချက်အား သတိပြုဝယ်ယူစားသုံးတတ်ရန် နမူနာ စားသောက်ကုန်မုန့်များနှင့်အတူ ကျောင်းသား၊ ကျောင်းသူများအား လွယ်ကူစွာနားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် အမှတ်တရဆုလက်ဆောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ