Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် စခန်းကြီးကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၁၉.၉.၂၀၂၄)နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ စခန်းကြီးကျေးရွာအုပ်စုရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော မုန့်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကွင်းကောက်(မ)၊ ငွေသာစည် စည်ပင်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်၊ ငွေသာစည် စည်ပင်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင် များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀း၄၅)နာရီအချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် မြိတ်မြို့ပေါ်ရှိဆန်ဆိုင်များသို့သွားရောက်၍ ဖြစ်သင့်ဖြစ်ထိုက်သောစျေးများဖြင့် ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်စျေးအတွင်းရောင်းချမှုရှိစေရေးနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရေး၊ ဒေသအတွက်ရည်ရွယ်၍ သင့်လျော်သောစျေးနှုန်းများဖြင့် ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်  (၁၈.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဌဦးသန်းမင်းထွန်း၏ ဆန်စက်ရုံးခန်းတွင်တွေ့ဆုံ၍ ဆန်ရောင်းချနေမှု အခြေအနေအား ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်များကိုကြိတ်ခွဲပြီး သင့်တင့်သောဈေးဖြင့်ရောင်းချရန်၊ လက်လီ/လက္ကားဝယ်ယူသူများကိုလည်း ဈေးနှုန်းချို သာစွာဖြင့်ရောင်းချပေးရန်၊ ရန်ကုန်နှင့် အညာဒေသများကိုလည်း တင်ပို့ရောင်းချနိုင်ရန်၊ ‌ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွက်ဆန်ရောင်းဝယ်ရေးကိုလည်း ယခင်ဆောင်ရွက်နေသည့်အတိုင်း     ဆက်လက်ဆောင်ရွက်ပြီး ဈေးနှုန်းအပြောင်းအလဲများကိုလည်း သက်ဆိုင်ရာ များသို့ သတင်းပို့တင်ပြရန်လိုအပ်ကြောင်း ဆန်အရောင်းအဝယ်ဈေးနှုန်းများမှာ တည်ငြိမ်မှု မရှိသည့်အတွက် ဆန်ဈေးနှုန်းများ အတက်အကျအလိုက် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးရန် လိုအပ်ကြောင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊     ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ ဆန်စက်ပိုင်ရှင်များတက်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ  ဒုခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးသည် မြောင်းမြမြို့နယ်ဆန်စက်ပိုင်ရှင်များနှင့်(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး တိုင်းဦးစီးမှူးများနှင့်    ခရိုင်ဦးစီးမှူးများ၊ ဆန်စက်ပိုင်ရှင်များနှင့်  ပူးပေါင်း၍ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို နေပြည်တော်ရုံးချုပ်မှ Online  Virtual စနစ်ဖြင့် ပြုလုပ်သော Zoom  Metting  သို့ တက်ရောက်ခဲ့ကြပါသည်။

      အစည်းအဝေးတွင်ဦးစွာ နေပြည်တော်ရုံးချုပ်မှ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းနှင့် ပတ်သက်သောအကြောင်းအရာများကို       ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်၊ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်ကလည်း ဩဂုတ်လ တစ်လအတွင်း နေပြည်တော်သို့ (၅)ကြိမ်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ စက်တင်ဘာလ(၁၅)ရက်နေ့ထိ အိတ်ရေ(၄၀၀၀၀)ကျော်တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ အခြားလိုအပ်သည်များကိုလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်၊   မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) မှတာဝန်ရှိသူတစ်ဦးကလည်း      ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း ဝယ်ယူရရှိမှုအား ညှိနှိုင်းဆွေးနွေးပြီး အသင်းချုပ်အနေဖြင့် ဆန်များကို   အိမ်အရောက်ပို့စနစ်ဖြင့်   ပို့ဆောင်ပေးမည်ဖြစ်ပြီး (၁၈)ရက်နေ့အထိ(၁၃၀၀၀)ကျော်အိမ်အရောက်ပို့ဆောင် ပေးခဲ့ပြီ ဖြစ်ကြောင်း၊   ကုန်ဈေးနှုန်းတည်ငြိမ်အောင်လည်းဆောင်ရွက်ရန်လိုအပ်ကြောင်းတိုင်းနှင့်   ပြည်နယ်ဆန်စက် ပိုင်ရှင်များမှလည်း စီးဝင်စီးထွက် မှန်ကန်အောင်တင်ပို့နိုင်မှသာ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး နိုင်မည်ဖြစ်ကြောင်း       ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီးမြောင်းမြ  ခရိုင်မှ ဆန်စက်ပိုင်ရှင်ဦးရွှေထွန်းက ဆွေးနွေးတင်ပြခဲ့ပါသည်။ ဖျာပုံဆန်စက်ပိုင်ရှင်၊ ကျိုက်လတ်မြို့နယ်      ဆန်စက်ပိုင်ရှင်၊ စစ်ကိုင်းတိုင်းရွှေဘို  ဆန်စက်လုပ်ငန်းရှင်များမှလည်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။       ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးမှလည်း  ဧရာဝတီပေါ်ဆန်းစီးဝင်စီးထွက်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး   နိဂုံးချုပ်အနေဖြင့် ညွှန်ကြား ရေးမှူးချုပ်မှ  ဆန်စက်ပိုင်ရှင်များအား ၁၀% ဆိုလျှင်အသိပေး၊ သတိပေးအဆင့်အဖြစ်သတ်မှတ်ပြီး ၂၀% ဆိုလျှင် အခွန်ဆောင်ရန်၊ ၃၀% ထက်ကျော်လွန်လျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥဒေအရ အရေးယူမည်ဖြစ်ကြောင်း၊  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို နံနက် (၁၁:၄၀)နာရီခန့်က ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

       ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တာမွေမြို့နယ်ရှိ ၂၀၀၀ စက်သုံးဆီဆိုင်၊ သူရိယစွမ်းအင်စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Max Energy စက်သုံးဆီဆိုင်များသို့ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီကားရောက်ချိန်နှင့် ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး တရားမဝင်စက်သုံးဆီများရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်းများသည် (၁၈.၉.၂၀၂၄) ရက်နေ့၊ ညနေ (၁၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့  ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှထုတ်ယူခဲ့သော ယာဉ်အမှတ် 4G-7022 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ   (၂၃)ပေပါ (သို့) ပိဿာ ၂၅၃၀နှင့် Golden Upstart Co.Ltd မှထုတ်ယူခဲ့ သောယာဉ်အမှတ် 3M-1493 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၁၄)ပေပါ (သို့) ပိဿာ ၁၅၄၀ သည် လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း စားအုန်းဆီကိုယ်စားလှယ်များထံမှသိရှိရပါသည်။

    အဆိုပါရောက်ရှိလာသောစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ   မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် လပွတ္တာမြို့နယ်မှ ငါးလုပ်ငန်းအဖွဲ့ချုပ်အသင်းနှင့် တွေ့ဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်ရှိ တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (၁၉.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ ငါးလုပ်ငန်းအသင်း ဥက္ကဌဦးညွန့်ရွှေနှင့် အမှတ်(၄)ရပ်ကွက် ကုန်သည်လမ်းအောင်ထိုက်သူ ငါး၊ ပုစွန်ဒိုင်တွင် တွေ့ဆုံ၍ ငါးလုပ်ငန်းအခြေအနေအားဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အသင်းအနေဖြင့် လပွတ္တာမြို့နယ်၏ ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချသောငါးများကို  လပွတ္တာမြို့ပေါ်ရှိ၍ငါးဒိုင်များ၊ အရွယ်အစား အမျိုးအစားအလိုက် သင့်တင့်မျှသော ဈေးနှုန်းတို့ဖြင့်ဝယ်ယူစေရေး၊ ငါးများကို ရန်ကုန်မြို့သို့အချိန်မီ တင်ပို့နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကားအသင်းတို့မှ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အသင်းရေရှည်တည်မြဲရေး၊ အသင်းရုံးတည်ဆောက်နိုင်ရေး၊ အသင်းကိုယခင်ထက်ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ရေး၊ ငါးဖမ်းရေလုပ်သားများ၏ဘဝဖွံ့ဖြိုးတိုးတက်စေရေး အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်  လိုအပ်ကြောင်း ဈေးနှုန်းဈေးကွက်အခြေအနေ များနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ငါး၊ပုစွန်၊ကဏန်းလုပ်ငန်းရှင်များစုပေါင်းပြီး ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန် လပွတ္တာမြို့အနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို   ရန်ကုန်သို့တင်ပို့ ရောင်းချရသည့်အတွက်   ကုန်စည်ဒိုင်ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။  ထိုသို့စစ်ဆေးခဲ့ကြရာ၌ ယနေ့ခေတ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စားအုန်းဆီဈေးကွက်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်  မမှန်မကန်သတင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် ထုတ်ပြန်ထားသည့် ရည်ညွှန်း‌ဈေးနှုန်းမျာအပေါ် သယ်ယူပို့ဆောင်ခများအပါအဝင် ၂ %   အမြတ်ဖြင့်သာရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်) 

သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး၊ မြို့သက်ဆိုင်ရာနယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၁၆-၈-၂၀၂၄ ရက်နေ့တွင်  မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၄) ဆိုင်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ