တောင်တွင်းကြီးမြို့၊ အမှတ်(၁၉)အခြေခံပညာမူလတန်းလွန်သဖန်းကျောင်း၌ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေး
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၅.၁၀.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်တွင်းကြီးမြို့၊ အမှတ်(၁၉)အခြေခံပညာမူလတန်းလွန်သဖန်းကျောင်း စာသင်ခန်းမ၌ စားသုံးသူအသိပညာပေးရေးအစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး၊ လူငယ်နှင့်စာပေပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်အရ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းထားသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်စည်များကို သာဝယ်ယူသုံးစွဲစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။
တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအသိပညာပေးဗဟုသုတများ တိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်၍ သတင်းအချက်အလက်များအား စဉ်ဆက်မပြတ်ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)