ဝန်ထမ်းများစုပေါင်း၍ သီးပင်စားပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃-၁၀-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးဝန်း အတွင်/အပြင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သိုလှောင်ရုံ အနောက်ဘက်ရှိ မြေလွတ်နေရာများ၌ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် နှစ်ရှည်စားပင်များဖြစ်သည့် ဒန့်သလွန်၊ ကန်ပွန်း၊ ခရမ်းကစော့သီးပင်များ ၊ရာသီသီးနှံနှင့် နေ့စဉ်စားသုံးသော အပင်များဖြစ်သည့် ချဉ်ပေါင်၊ ငရုပ်၊ ပင်စိမ်း၊ နနွင်း၊ သင်္ဘော၊ ရှမ်းနံနံပင်များကို ဝန်ထမ်းများ၏ လုပ်အားဖြင့် စုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
ရုံးဝန်းအတွင်းရှိ မြေလွတ်နေရာများတွင် ဝန်ထမ်းများစုပေါင်း၍ စားပင်သီးပင်များ စိုက်ပျိုးခြင်း အားဖြင့် အလွယ်တကူခူးစွက်စားနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုအပေါ် နေ့စဉ်စားသောက်စရိတ်အတွက် စျေးဖိုးကာမိစေသည့်အပြင် ပိုးသတ်ဆေးအန္တရာယ် ကင်းရှင်းစွာဖြင့် သန့်ရှင်းလတ်ဆတ်သော သီးနှံများကို စားသုံးနိုင်ကာ ဝန်ထမ်းသက်သာထောက်ပံ့ရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
DOCA(ကရင်)