Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း၌ ဆရာ/မ(၅)ဦး၊ ကျောင်းသား/သူ (၁၄၀)ဦး စုစုပေါင်း (၁၄၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း ဟောပြောပြီး ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်း ချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူ များကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်‌နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Kaung Hlyan New Asia  ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၆ ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း၊ မော်တော်ယာဥ်အမှတ် 7J-2781/ ISUZU အမျိုးအစား မော်တော်ယာဥ်ဖြင့်လည်းကောင်း နေ့ ၉း၃၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Maha Phone Let Yone   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဦးယဥ်ထွေး၊ မော်တော် ယာဥ်အမှတ် 9K-7917/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်တို့ဖြင့်   ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း ၁၃၈ ပေပါအား ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင် ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ MAB Bank မှဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တိုင်းဒေသကြီး ဦးစီးမှူုးရုံး၊  အစည်းအဝေးခန်းမတွင် MAB Bank မှ ဒုတိယဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာနမှ‌ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် အခွင့်အရေးများ၊ တာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့်အချက်များနှင့် အခြားသိကောင်းစရာများကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ‌ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူ‌ရေးရာဦးစီးဌာနမှ‌ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ အွန်လိုင်းဈေးဝယ်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာ များအကြောင်း ဟောပြောခြင်းနှင့် မေးခွန်းများ မေးမြန်းခဲ့ကာ အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ဟောပြောပွဲအား ညနေ(၁၅း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော ခေါက်ဆွဲခြောက်များနှင့် ကြာဇံများအား မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များမပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မော်လမြိုင်မြို့နယ်ရှိ Ocean Super Center ၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၁၉.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ Ocean Super Center ၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့နယ်အတွင်းရှိ Ocean Super Center ၌ ရောင်းချနေသော Dumex၊ Dupro၊ Ensure အမှတ်တံဆိပ် အာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈) တွင်ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(မွန်)

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ် စီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

   ၁၉.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မုပွန်ရပ်၊ အဆင့်မြင့်ငါးဈေးသစ် စီမံကိန်းဝင်း အတွင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သော အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် ငါးဈေးသစ်စီမံကိန်းမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

     မင်္ဂလာအချိန်တွင် အဆင့်မြင့်ငါးဈေးသစ်ဆောက်လုပ်မည့်နေရာအတွင်း သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များ ရိုက်သွင်းခဲ့ကြကြောင်း သိရှိရသည်။

    အဆိုပါ အဆင့်မြင့်ငါးဈေးသစ်တည်ဆောက်ပြီးစီးပါက မွန်ပြည်နယ် ဒေသအသီးသီးမှ ထွက်ရှိသော ငါးများအား သန့်ရှင်းလတ်ဆတ်စွာဖြင့် ‌ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

   ၁၈.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဘီးလင်းမြို့၊ အ.ထ.က (ကန်သာယာ) ကျောင်းမဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဘီးလင်းမြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးခင်မောင်မှ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ပြင်သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၁၀) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၂၈) ဦးတို့အား ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တွင် အာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၉.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးကို ရောင်းချနေသောဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထောက်ခံချက်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် စားသုံးသူများ ဘေးအန္တရာယ် ကင်းသော အာဟာရဖြည့်စွက်စာများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပြီး အာဟာရဖြည့်စွက်စာ ရောင်းချဖြန့်ဖြူးသည့် ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာတွင် ပါဝင်ရမည့်အချက်များနှင့်ပြည့်စုံပြီး သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သော ကုန်စည်များကိုသာ ရောင်းဝယ်မှုပြုကြစေရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     ၁၉.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဇာနည်သျှမ်းဆေးဆိုင်နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်း‌ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ