Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

     (၂၆-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ်၊ ပေါင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်နေပြည်သူများ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံက ဌာန၏ Vision၊ Mission များ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ Online Shopping နှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ ရုံးလိပ်စာ၊ website, facebook page, call center နှင့် ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ခေတ်ဦး” ရေသန့်စက်ရုံလုပ်ငန်းရှင်အားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး

     (၂၇-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ခေတ်ဦး”ရေသန့်စက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်ပစ္စည်များပေါ်တွင် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်ဖော်ပြပါရှိသော လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၆-၄-၂၀၂၃) ရက်နေ့၌ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ Talk Show တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင်ပါဝင်သော စကားရပ်၏အဓိပ္ပါယ်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ စားသုံးသူများကတောင်းဆိုနိုင်သည့်အခွင့်အရေးများကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့လျှင် လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ၊ Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ပြည်မြန်မာမုန့်တိုက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာ

     (၂၈-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်ရှိ ပြည်မြန်မာမုန့်တိုက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ထိုသို့လေ့လာရာတွင် မုန့်တိုက်၏ ကုန်ထုတ်လုပ်မှုအခြေအနေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု၊ သန့်ရှင်းသပ်ရပ်မှုများကို လေ့လာခဲ့ကြပါသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေများ၊ ကုန်ကြမ်းမှာယူစုဆောင်းမှုအခြေအနေများအား မေးမြန်းခဲ့ပြီးနောက် မုန့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအပေါ် စေတနာထား၍ ကုန်ပစ္စည်းများကိုထုတ်လုပ်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည်စုံစွာဖော်ပြကြရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လစဉ်ကုန်စည်အမျိုးအစားအလိုက် ဦးစားပေးကုန်စည်များရွေးချယ်၍ အပတ်စဉ် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၁.၄.၂၀၂၃)ရက်နေ့ နံနက်( ၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ ပြည်မြို့နယ် ၊ ဝက်ထီးကန်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့် အချက်အလက်များ ပြည့်စုံထင်ရှားစွာ ဖော်ပြထားခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများသာ ဦးစားပေးရောင်းချရန် ဆိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပပြုလုပ်

     (၂၈-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှး စုစုပေါင်းဝန်ထမ်း (၃၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက ဝန်ထမ်းများအနေဖြင့် လုံခြုံရေး၊ မီးဘေးလုံခြုံရေးတို့ကို ဂရုပြုကြရန်၊ မိမိတို့၏စွမ်းဆောင်ရည်မြင့်မားရေးအတွက်လည်း အစဉ်တစိုက်ကြိုးစားကြရန်၊ မိမိတို့ဘာသာရပ်၌ ကျွမ်းကျင်ရန်လိုအပ်သကဲ့သို့ ကွန်ပျူတာ၊ အင်္ဂလိပ်စာဘာသာရပ်များကိုလည်း ကျွမ်းကျင်အောင်လေ့လာထားကြရန် ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောဝန်ထမ်းများက အခက်အခဲများတင်ပြလာခဲ့မှုအပေါ် ပြည်နယ်ဦးစီးမှူးက ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးက မော်လမြိုင်မုန့်လုပ်ငန်းရှင်အသင်းအား တွေ့ဆုံ

    (၂၇-၄-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မော်လမြိုင်မုန့်လုပ်ငန်းရှင်အသင်းအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့များအားကောင်းစေရေးနှင့် MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲရှိလျှင် တင်ပြကြစေလိုကြောင်း ဆွေးနွေးခဲ့ရာ ပြည်မြန်မာမုန့်တိုက်လုပ်ငန်းရှင် ဦးဇော်အေးက မုန့်လုပ်ငန်းအတွက် စားသုံးဆီအခက်အခဲနှင့်စပ်လျဉ်း၍တင်ပြရာ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့်ချိတ်ဆက်၍ ၎င်းတို့၏အခက်အခဲအား ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စစ်တွေမြို့၌ မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ ဟောပြောအသိပညာပေးဆွေးနွေးခြင်း

  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၃၀-၄-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များက တာဝန် ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ အခြားစိတ်ဝင်စားသူများတက်ရောက်ကြောင်း သိရှိရပါသည်။

    ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းပြီး အသိပညာဗဟုသုတများသိရှိလိုသည်များကိုမေးမြန်းနိုင်ပြီး ပွင့်လင်းစွာဆွေးနွေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်စနစ် တည်ထောင်ခြင်းမှာလည်း ပေါ်ထွန်းလာပြီးဖြစ်၍ MSME လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူ့အကျိုးစီးပွားတိုးတက်ဖြစ်ပေါ်ရေးအတွက် အတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ဥပဒေပညာရှင် ဦးသန်းမောင်က မူပိုင်ခွင့်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေး၍ တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြရာ အသိပညာပေး ဆွေးနွေးပွဲကို  ညနေ (၅:၃၀) နာရီအချိန်တွင်ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်းစတင်သည့် အခမ်းအနားကျင်းပ

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၁) ၌  အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်း စတင်သည့် အခမ်းအနားကို (၂၁-၄၀-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ အုန်းစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်းကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Arrawaddy - Chaophraya - Mekong Economic Cooperation strategy(ACMES)) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌  လုပ်ဆောင်မည်ဖြစ်သည့်အတွက် အုန်းသီးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အုန်းစိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များအတွက် လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရာရောက်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အုန်းစိုက်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးက ယခုစီမံကိန်းကာလ၌ (၁-၅-၂၀၂၃) ရက်နေ့မှ (၃၀-၄-၂၀၂၄) ရက်နေ့အထိဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၉၀၀၀၀) ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် (၄) ရပ်နှင့်အညီ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုစနစ်ပီပြင်စွာဖြစ်ပေါ်လာပြီး အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာပိုင်းနှင့် ဈေးကွက်ရရှိရေးအပိုင်းများတွင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်မည့်အစီအစဉ်များတွင်လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကူညီစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

  မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံများအား Sector အလိုက် အကျယ်တဝင့်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ အခမ်းအနားမှာ အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၄.၄.၂၀၂၃)ရက်နေ့ ညနေ (၁၅:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ခြင်းတို့ဆောင်ရွက်ကာ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ပြစ်မှုပြစ်ဒဏ်များကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို ၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင် ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ