Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခရမ်းမြို့နယ်၊ အ.မ.က(၉) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (၉) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရယ်ကင်းရှင်းစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များမှ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူ များအနေဖြင့် စိစစ်သင့်သည့်အချက်အလက်များအကြောင်း၊ ထို့နောက် တရားဝင်မှတ်ပုံတင်ထားသည့်  Online ရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းအမျိုးမျိုးဝယ်ယူခြင်းကြောင့် ရရှိလာမည့်အကျိုးရလဒ်များ၊ အားသာချက်များအကြောင်း၊  တိုင်ကြားမှုနည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်တန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ဆိုင်၊ ဆေးဆိုင်၊ အလှကုန်ဆိုင်များသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းအား စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ပူးပေါင်းကွင်းဆင်းခဲ့ကြောင်းသိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးမင်းကိုလတ်၊ ဦးစီးအရာရှိ(ဆေးဝါး) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူကျန်းမားရေးဦးစီးဌာနမှ ဒေါက်တာမို့မို့ခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုရတနာလှဌေး၊ မြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသောက်ကုန်ပစ္စည်းများဖြစ်သော ပဲပြား၊ ပဲပင်ပေါက်ချဉ်၊ မျှစ်ချဉ်၊ ငရုတ်သီးခွဲကြမ်းနှင့် အကျက်မှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်(အကြမ်းနှင်အနု)၊ မု့န်ဖတ်၊ နန်းကြီး၊ ညှပ်ဖတ်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါ စားသောက်ကုန်များအနက် မုန့်ဖတ်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲပြားနှင့် မျှစ်ချဉ်တို့အား FDA မှ စမ်းသပ်စစ်ဆေးရန် နမူနာဝယ်ယူသွားကြောင်း၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများမှာ သက်တမ်းကျော်လွန်နေခြင်းရှိ/မရှိနှင့် FDA ၏ထောက်ခံချက်ပါရှိမှုရှိ/မရှိ၊ ဆေးဆိုင်မှတ်ပုံတင်ပြုလုပ်ထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  အခြေချနေထိုင်လျက်ရှိပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များကို လိုက်နာနိုင်သူ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်းတရပ်ရပ်က အမည်ပျက်ကြေညာထားသော ပုဂ္ဂိုလ်များ မဖြစ်ရဟု ဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော၊ ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဘ်ဆိုဒ်ရရှိထားပြီး  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် နေရာ တင်ပြနိုင်သောအဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ကုမ္ပဏီသို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ရောင်စုံဓါတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန်တကယ် တည်ရှိကြောင်း သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု  အမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံမှ တင်သွင်းကြောင်း သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်ကြောင်း ဖော်ပြထားသည့်အချက်အလက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကခွင့်ပြုထားသော အထောက်အထားများရှိပါက ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများပါ ပူးတွဲတင်ပြ၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု  ဖော်ပြထားကြောင်း အသိပညာပေး  ရှင်းလင်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့်မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများစာရင်းကောက်ယူနေမှု

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် မြောက်ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် အင်းစိန်ဈေးအတွင်းရှိကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့်ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပါသည်။

        အဆိုပါစာရင်းကောက်ယူရာတွင် (၂၀-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် အင်းစိန်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးနှင့် ငါးပိ စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိူးဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းကို ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြံခင်းမြို့နယ် အ.ထ.က(၂) ရွာသစ်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၈.၉.၂၀၂၄)နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်(တောင်ပိုင်း)ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လူငယ်အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည် ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁၇.၉.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ လုပ်ငန်းရှင်နေအိမ်၌ မုန့်မျိုးစုံ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီအမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်ရှင်များအား တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စည်ပင်သာယာခန်းမ၌ အသိပညာပေးတွေ့ဆုံဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိကိုကြည့်ရှုပြီး ဝယ်ယူရောင်းချရန်၊ မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့်ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ စသည်တို့ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကျော် City Mark အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင် (လက်ထောက်ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် City Mark အတွင်းရှိ ရေသန့်အမျိုးမျိုးအားစစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ရေသန့်အမျိုးအစား ALPINE, WAVE တို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ လုပ်ငန်းများအတွက် MSME ချေးငွေပံပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ် အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာအသုံးပြုနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  ဒဂုံမြို့သစ်‌မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နှင့်ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှလျှောက်ထားသည့် စုစုပေါင်းလုပ်ငန်းရှင် (၉) ဦးတို့အား ၁၉-၉-၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ