Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခရိုင်စားသုံးသူရေးရာကော်မတီများနှင့် တွေ့ဆုံပွဲသို့ မော်လမြိုင်ခရိုင်မှူးတက်ရောက်

   ၁၈.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးသည် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးဆောင်ကျင်းပသော ခရိုင်စားသုံးသူရေးရာ ကော်မတီများနှင့်တွေ့ဆုံပွဲသို့ Zoom ဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ မော်လမြိုင်ခရိုင်မှ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Zoom ဖြင့် တက်ရောက်ခဲ့ကြသည်။

       အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ခံများက စားသုံးသူရေးရာလှုပ်ရှားမှုဖြစ်ပေါ်လာပုံ၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ် ရေးဥပဒေပြဋ္ဌာန်းထားရှိမှု၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူတိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်၊ အ.မ.က ကန်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

  ၁၈.၉.၂၀၂၅ ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ အ.မ.က ကန်ကြီး ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန် အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၉၇) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင် ပိုမိုအမြတ်တင်ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် တာဝန်ခံ၊ မြို့နယ်တာဝန်ခံ၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနဆိုင်ရာဝန်ထမ်း များပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်း များအား ပိုမိုအမြတ်တင်ရောင်းချနေမှု မရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးအရောင်းဆိုင်ရှိ ဆေးနှင့်ဆေးပစ္စည်း များအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းနှင့် ပြတ်လပ်လျက်ရှိသောဆေးဝါးများ တွင် တင်သွင်းသောဆေးဝါးကုမ္ပဏီမတူသော်လည်း အာနိသင်တူဆေးဝါးများရှိသောကြောင့် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရသည်။

DOCA (မွန်)

စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးOnline သင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းကျင်းပပြုလုပ်

   ၁၇.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Online သင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး မော်လမြိုင်ခရိုင်ရုံး မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ တိုင်ကြားမှုနှင့် စပ်လျဉ်း၍လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့်အရေးယူမှုဆိုင်ရာ ညွှန်ကြားချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမင်းခိုင်စိုးမှ Cyber security အကြောင်းသိကောင်းစရာများ ရှင်းလင်းခြင်း၊ သထုံခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/သူများက အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင် ဆောက်လုပ်မည့်မြေနေရာအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

   ၁၇..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် စက်သုံးဆီဆိုင် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ “ရွှေဗျိုင်းဖြူ” ဆီဆိုင်ဆောက်လုပ်မည့် နေရာအား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုရှိစေရေး စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အရည်အသွေး မှန်ကန်ရန်၊ ဈေးနှုန်း မှန်ကန်ရန်၊ အချိန်အတွယ်မှန်ကန်ရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေး အလေးထားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေး

  ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများ သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံအား Myanmar Rice Online- MyRo တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံလုပ်ငန်းရှင်၏ အချက်အလက်များ၊ သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ ဝင်ဆံ့မှုပမာဏ၊ သိုလှောင်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ပဲနှမ်းအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

   ၁၈.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ပဲနှမ်းအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အသင်းဖွဲ့စည်းထားရှိမှု၊ အသင်းအနေဖြင့် သက်ဝင် လှုပ်ရှားမှု ရှိ/မရှိ၊ ပဲနှမ်းဝယ်ယူမှုအခြေအနေ၊ ပဲနှမ်းတင်ပို့မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်၊ ရတနာထွန်းပွဲရုံအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်း မြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    ၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်း‌စစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး၊ ရောနှောဆီ များရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုံရွာမြို့နယ်ရှိ အထက(၂)တွင်ကျောင်းမုန့်ဈေး ရောင်းချသူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ  အထက(၂) အခြေခံပညာနှင့်စိုက်ပျိုးရေးသင်တန်းကျောင်းအတွင်းမှ ကျောင်းမုန့်ဈေးတန်းတွင် ဈေးရောင်းချသူများနှင့် ( ၉.၉.၂၀၂၅) ရက်နေ့၊ နံနက် ( ၁၀:၄၅ ) နာရီအချိန်တွင်၊ စားသုံး/ ထုတ်လုံတာဝန်ခံမှ ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ