Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ (၅/၂၀၂၃) ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြှင့်တက်စေရေးတို့အတွက် Thursday Talk အသိပညာပေးသင်တန်းများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း (labelling) နှင့်ပတ်သတ်၍လည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်(ဒု-ဦးစီးမှူး)က အောင်မြင်သော စားသုံးသူအသိပညာပေးဆွေးနွေးပွဲတစ်ခုဖြစ်မြောက်စေရန် ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုလည်းကောင်း၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်လျမ်းဝေ(ဒု-ကြီးကြပ်ရေးမှူး)က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ဝန်ထမ်းများက  သိရှိလိုသည်များကို ‌မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး ားနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                                               

ဒေးဒရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ပြည်တော်သာလမ်းရှိ ဒေါ်လှလှဝင်းအလှကုန်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊  ဇွန်လ(၁၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင်    ဒေးဒရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ပြည်တော်သာလမ်းရှိ ဒေါ်လှလှဝင်း၏ အေးချမ်းဖြိုး အလှကုန်ဆိုင်ကို  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်   ရောင်းချလျက်ရှိသော  အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆိုင်ပိုင်ရှင် ဒေါ်လှလှဝင်းအား ဝယ်ယူရောင်းချသော ကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်း    အမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများတွင်    မြန်မာဘာသာဖြင့်ဖော်ပြမှုမရှိသည့် ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ   အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၂၀.၆.၂၀၂၃)ရက်နေ့၊နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားကာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊ အခန်း(၂)ပါ ပုဒ်မ(၃)ပုဒ်မခွဲ(က)မှ(ဇ)ထိ ဥပဒေ၏ ရည်ရွယ်ချက်(၈)ချက်၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပုဒ်မ(၁၉)ပါစားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် ပုဒ်မ(၂၀)ပါစားသုံးသူ၏တာဝန်(၄)ချက်။ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသား ဖော်ပြရမည့် ကိစ္စရပ်များကို သိရှိရမည်ဖြစ်ပါကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၉.၆.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင်  ဝါးခယ်မမြို့နယ် မြို့နယ်တာဝန်ခံရုံး၌ မုန့်မျိုးစုံဆိုင်ရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များကို သိရှိစေရန်နှင့် ဌာနက ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့မ‌‌ဈေးရှိ ဦးသိန်းမြင့် မုန့်မျိုးစုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊  ဘိုကလေးမြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည်   ၂၀၂၃ခုနှစ်  ၊    ဇွန်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မြို့မဈေးအတွင်းရှိ ဦးသိန်းမြင့်မုန့်မျိုးစုံဆိုင်သို့ ဈေးကွက် ရောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များမှ (DOOWEE DONUT)ဒိုဂီ စတော်ဘယ်ရီအရသာ ဒိုးနက်မုန့်တွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ရေးသားဖော်ပြထားကြောင်း၊ အခြားကုန်စည်များတွင်လည်း ဖော်ပြထားရှိကြောင်း  တွေ့ရှိရပါသည်။ ထို့နောက် ဘေးအန္တရာယ်ရှိသောကုန်စည်များနှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန် ရှောင်ကြဥ်ရမည်ဖြစ်ကြောင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၃ခုနှစ်၊ဇွန် ၁၅ ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများကို ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၁၆.၆.၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့မစည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်မုန့်များရောင်းချခြင်းရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး မုန့်မျိုးစုံ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၆.၆.၂၀၂၃ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် အောင်နန်းရပ်ကွက်ရှိ လက်လီ/လက်ကား ကုန်စုံဆိုင် လုပ်ငန်းရှင်  (၂)ဦးနှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊  စားသုံးသူ၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊  အာမခံထားသောအချိန်ကာလအတွင်း   ပြီးမြောက်‌အောင်ဆောင်ရွက်ပေးခြင်း၊  စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဇလွန်မြို့စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မြို့နယ်တာဝန်ခံသည် (၁၃.၆.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင်  ဂဗျဉ်းကျေးရွာအုပ်စုရှိ အ.လ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့် ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့်  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်၏ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက်လယ်ယာ) စိုက်ပျိုးစရိတ် ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်မှ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက်လယ်ယာ) စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် တောင်သူနှင့် ကုမ္ပဏီ နှစ်ဦးစလုံး အကျိုးရှိစေရန် တောင်သူများမှ စိုက်စနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေး နည်းပညာ များဖြင့် စပါးပိုထွက်ရေး၊ အရည်အသွေးမြှင့်စပါးများ ထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ရေးစသည့် အခြေအနေနှင့် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်” ဆိုသည့် ဆောင်ပုဒ်အတိုင်း တောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်လွန်ပြီး ကြိတ်ခွဲသယ်ယူဖြန့်ဖြူးရောင်းချသည်အထိ စိုက်ပျိုးရေးကဏ္ဍ၊ ရိတ်သိမ်းမှုကဏ္ဍ၊ ကြိတ်ခွဲမှုကဏ္ဍ၊ ဖြန့်ဖြူးရောင်းချမှုကဏ္ဍ စသည့်ကဏ္ဍအသီးအသီးတွင် အရည်အသွေးမြှင့်စပါး၊ ဆန်များထုတ်လုပ်ပြီး ဆန်စပါး၏ Supply Change တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအပါအဝင် ဆန်စပါးမူဝါဒသစ် အကြောင်းများကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

  ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှ စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စပါးမျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲနိုင်မှုကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကဉ္ဇနကျွန်းသာကုမ္ပဏီမှ တောင်သူများ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

  အဆိုပါအခမ်းအနားသို့ တောင်သူ (၂၈၀)ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်မှ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက် လယ်ယာ) စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ