Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ လယ်ပေါ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော မုန်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ လယ်ပေါ်ရပ်ကွက်တွင် ရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၁၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက် ဘုရားလမ်းအတွင်းရောင်းချနေသော မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက် များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်ပြန်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့နယ် စတိုးနှင့် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ သတ်တမ်းလွန်ကုန်ပစ္စည်းများ၊ ဈေးကွက်ရောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ စွာရရှိနိုင်ပြီး စားသုံးသူလိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင် ရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်ရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှလည်း လုပ်ငန်းလိုအပ်ချက်များရှိပါက သက်ဆိုင်ရာအစိုးရဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းများ အဆင်ပြေချောမွေ့ ရောင်းချလည်ပတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြီး ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းနှင့် အသင်းအဖွဲ့ ရှင်သန်စေရေး တွေ့ဆုံဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၇.၁၀.၂၀၂၂) နေ့တွင် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် အသင်းအဖွဲ့ရှင်သန်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးသည် ဓနုဖြူမြို့နယ် ဆန်စက် လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးမျိုးဆက်နှင့် သွားရောက်တွေဆုံ၍ ဆန်စပါး ဈေးကွက် ဈေးနှုန်း အခြေအနေ၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်မှသာ စိုက်ပျိုးထုတ်လုပ်သူများ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မည်ဖြစ်ကြောင်း၊ သိုမှသာ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဈေးကွက်ဝင်အရည်အသွေး မြင်မားတိုးတက်မည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန် ပိုမိုအားကောင်းလာလျှင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး  ဆန်စက်ကြိုတ်ခွဲမှု အရည် အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စက်များပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရရှိရေး မိတ်ဖက်ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် ကောင်းမွန်သောအကျိုးရလာဒ်ကို စားသုံးသူ ပြည်သူများသာမက လုပ်ငန်းရှင်များပါ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့နယ်တာဝန်ခံသည်(၇.၁၀.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဇော်ဂျီကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာ ဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရ မည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Informatio and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်တာဝန်ခံသည်(၆.၁၀.၂၀၂၂) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ဗိုလ်အောင်ကျော်လမ်း၊ မြို့နယ်သမဦးစီးမှူးရုံး၌ လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင် (၇) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၇.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတောကြီးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များအကြောင်း၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှု့ရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 ဟင်္သာတခရိုင်အတွင်း ကောက်စောစပါးများ စတင်ထွက်ရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မိုးစပါး စိုက်ပျိုးခြင်းကို ဟင်္သာတမြို့နယ်တွင် ၁၂၈၆၆၇ ဧက၊ ဇလွန်မြို့နယ်တွင် ၇၂၃၇၂ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၁၀၆၈ ဧက စိုက်ပျိုးပြီး၊ စုစုပေါင်း မိုးစပါးစိုက်ဧက ၂၅၂၁၀၇ တွင် မနောသုခ၊ ရွှေဝါထွန်း၊ မှော်ဘီ၂၊ ဧရာမင်း၊ ဆင်းသုခ၊ ထိုင်း ရက် ၉၀၊ စဝနာ၊ GW-11၊ ပခန်းရွှေဝါ၊ ငစိန် စပါးမျိုးများကို စိုက်ပျိုးကြကာ၊ ဆင်းသုခစပါးစိုက်ဧကမှာ ၁၆၀၆၃၈ဧက စိုက်ပျိုးပြီး၊ တခရိုင်လုံးစိုက်ဧက၏ ၆၃ရာနှုန်းကျော် စိုက်ပျိုးသော စပါးမျိုးလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အစိုဓာတ် ၁၆-၁၉ ရာနှုန်း၊ ပေါင် ၅၀ တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ကျပ် ၁၀၅၀၀၀၀ ကျပ် ဈေးဖြင့် တောင်သူများရောင်းချရပြီး စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်၊ ၂ ရက်တို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် စပါးဈေး အနည်းငယ်ပြန်အေးခဲ့သော်လည်း အောက်တိုဘာ ၆ ရက်နေ့တွင် စပါးတင်း ၁၀၀ လျှင် ၉၇၀၀၀၀ ကျပ်မှ ၁၀၁၀၀၀၀ ကျပ်ဈေးအတွင်း အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာမှ GW-11 မျိုး ကောက်စောစပါးရိတ်သိမ်းသော တောင်သူ ဦးကျော်နိုင်နှင့် ကုန်းကြီးကျေးရွာမှ ဆင်းသုခမျိုးကောက်စော စပါး ရိတ်သိမ်းသော တောင်သူ ဦးသက်တင်တို့နှင့်          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ် တာဝန်ခံမှ ကောက်စောစပါး ရိတ်သိမ်းထွက်ရှိမှု အခြေအနေအား ကွင်းဆင်းဆွေးနွေးစုံစမ်းခဲ့ရာ ကောက်စောစပါး တစ်ဧကလျှင် တင်း(၇၀)နှင့် (၇၅) ကြားထွက်ရှိပြီး၊ ရိတ်သိမ်းခြွေလှေ့ခမှာ တစ်ဧကလျင် ၈၅၀၀၀ ကျပ်ဈေးပေးချေရကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂.၁၀.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓမ္ဘီကျေးရွာအုပ်စု၊ ဘုရားလေးဆူဓမ္မာရုံ၌ စားသုံးသူပြည်သူ (၂၀၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များ အကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့မဈေးအတွင်း မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ်ဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးလေးလွင်မှ မြို့မဈေးအတွင်း ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အေရိုးမား သီးစုံကိတ်များတွင် ဝန်ကြီးဌာနမှထုတ်ပြန် ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ စစ်ဆေးရာတွင် ပြည်စုံမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအ စားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ