Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

   ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ် (၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးတို့ ပါဝင်သောအဖွဲ့များသည် ၂၆.၈.၂၀၂၄ ရက် နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MCL 2  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ Aluminium Scrap   များ တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

   အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄)နှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်( ၄/၂၀၂၄ ) အား (၂၃.၈.၂၀၂၄ ) ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် အမှတ်(၂၉၈) မြနန္ဒာလမ်း၊ (၁၃) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ  ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှစိုး အပါအဝင် သင်တန်းသား/သူ (၂၅) ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း လူငယ်များအား Online shopping နှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့

    စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ကွက်ကဲမှုအောက်ရှိ  အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်း ( Online ) စနစ်မှတဆင့်  ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အွန်လိုင်းမှတဆင့် ဝယ်ယူရာ၌ အားသာချက်/အားနည်းချက်များ၊ လိမ်လည်မှုများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်း၊   အွန်လိုင်း( Online ) မှတဆင့် ဈေးဝယ်ရာတွင်  စားသုံးသူများဘက်မှ သိသင့်သိထိုက်သည်များကို အသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း များကို (၂၃.၈.၂၀၂၄ ) ရက်နေ့ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင်  အမှတ်(၂၉၈) မြနန္ဒာလမ်း၊ (၁၃) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ  ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ လူငယ်များကို စားသူံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုးက ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ခရမ်းမြို့နယ်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဩဂုတ်လ ၁၄ ရက်နေ့၊နံနက်( ၁၀:၀၀ ) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးမည့် ဦးစားပေး ကုန်စည်ဖြစ်သော စားသုံးဆီအမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချရာ၌ ကုန်ခြောက်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ ဖြင့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြင့် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များအား ရှင်းလင်းပြောကြား အသိပညာပေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ခရမ်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ်လ ၁၄ ရက်၊နေ့လယ်(၁၁:၀၀) နာရီ အချိန်တွင် ပဲခူး-ရန်ကုန်ကားလမ်းမကြီးဘေးဝဲ၊ ယာ စက်သုံးဆီအရောင်းဆိုင်များစက်သုံးဆီ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှ ပဲခူး-ရန်ကုန်ကားလမ်းမကြီးဘေးဝဲယာရှိ စက်သုံးဆီဆိုင်များတွင် အချိုးကျစနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ၊  မည်သည့်ဆီအမျိုးအစားကိုမဆို အပြည့်အဝ ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/မရှိတို့အား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန်မြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ရည်ရွယ်၍ ကော့မှူးမြို့နယ်ရှိ ဓါတ်မြေဩဇာ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ ဩဂုတ်လ ၁၄ ရက်နေ့၊နံနက် (၁၁:၀၀) နာရီခွဲအချိန်တွင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခရိုင်မှ ဓါတ်မြေဩဇာအမျိုးအစားအလိုက် အရောင်းဘောင်ချာ၊ လက်ခံများအား စနစ်တကျသိမ်းဆည်းထားရန် သက်ဆိုင်ရာဌာနများမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ရှိလာပါက သက်သေအထောက်အထား ပြနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိကို ဩဂုတ်လ ၁၂ ရက်နေ့၊နံနက်(၁၀:၀၀) နာရီခွဲအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးများတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးဦးစီးဌာနမှ ခွင့်ပြုချက်မှတ်ပုံတင်အမှတ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်(င)ဆေးဝါးနှင့် ဖြည့်စွက်အစာများဖြစ်သော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့အား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြနိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်‌ ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိကို ဩဂုတ်လ ၁၂ ရက်နေ့သည်၊နံနက် (၁၀:၀၀) နာရီခွဲအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့မှ ဒလမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ဆေးဆိုင် များတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဦးစီးဌာနမှ ခွင့်ပြုချက်မှတ်ပုံတင်အမှတ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် မဖြစ်မနေဖော်ပြပါရှိရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့၊နံနက် (၁၀:၀၀)နာရီခွဲအချိန်တွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌက ကော့မှူးမြို့နယ်အတွင်းရှိ လူဦးရေ စုစုပေါင်း ၁၃၅၀၉၂ ဦးအား စားအုန်းဆီ လူတစ်ဦး တစ်ရက်စာနှုန်းအား ၂.၂၅ ကျပ်သားဖြင့် တွက်ချက်၍ တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် စားအုန်းဆီခွဲတမ်းများကို ယခုအချိန်တွင် ပြည့်မီအောင်ရရှိထားပြီး ဖြစ်သလို ကော့မှူးမြို့နယ် တွင် လက်လီ/လက်ကား ထုတ်ယူဖြန့်ဖြူးရောင်းချခွင့်ရရှိထားသည့် အီကိုဟာမိုနီနှင့် ဇမ္ဗူကံထွန်းကုမ္ပဏီများမှ စားအုန်းဆီကိုယ်စားလှယ် ဦးသိန်းထွဋ်၊ ဒေါ်ခင်ပြုံးဝေ၊ ဦးဇော်လတ်စိုး (ကိုယ်စား) ဒေါ်ဥမ္မာမျိုး တို့အနေဖြင့် ကော့မှူးမြို့နယ်အတွင်း စားအုန်းဆီ သယ်ယူ/ဖြန့်ဖြူး ရောင်းချပေးနေသည့် ဆီကိုယ်စားလှယ်စာရင်းနှင့် တစ်ပတ်စာရရှိသည့် ဆီပေပါစာရင်း ဖြန့်ဖြူး ရောင်းချပေးနေသည့် လူဦးရေတို့အား စနစ်တကျ မှတ်တမ်းထားရှိရန်နှင့် စားအုန်းဆီ ကိုယ်စားလှယ်များအနေဖြင့် ရရှိသည့် တစ်ပတ်စာ စားအုန်းဆီခွဲတမ်းများအား လက်ကျန်မထားဘဲ စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးကြရန်တို့အား ဆွေးနွေးပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)က ကော့မှူးမြို့နယ်တွင် စားအုန်းဆီ ခွဲတမ်းများအား စားသုံးသူပြည်သူများအတွက် အပြည့်အဝခွဲတမ်းများ လုံလောက် အောင်ရရှိထားသော်လည်း စားအုန်းဆီဝယ်ယူရရှိမှု အခက်အခဲများရှိနေကြောင်း ကျေးရွာအချို့မှ အုပ်ချုပ်ရေးမှူးများ၏ တင်ပြလာမှုများ ရှိလာသဖြင့် စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် ရပ်ကွက်ကျေးရွာများရှိ လူဦးရေ စုစုပေါင်းအား လူတစ်ဦး ၂.၂၅ ကျပ်သားဖြင့် ဆီခွဲတမ်းအား တွက်ချက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ နေ့စဉ် စားသုံးဆီဖြန့်ဖြူး ရောင်းချပေးသည့် ဆီကိုယ်စားလှယ်(သို့မဟုတ်) ကုန်ခြောက်ဆိုင်တို့ကို စားအုန်းဆီ သက်မှတ်ခွဲတမ်းများအား ဖြန့်ဖြူးရောင်းချပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

    ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားခေါက်ဆွဲနှင့်ကြာဇံများအား စာသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုများရှိ/မရှိ  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ