Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံရုံးတွင် အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အလှကုန်ရောင်းချသည့် လုပ်ငန််းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန်အတွက်  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး    Online  Sale  မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်များက အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းကို အသေးစိတ်သိရှိလိုပါက www. eComreg. gov. mm  website  မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့  လုပ်ငန်းရှင်(၂၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၄.၈.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက  စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ကို ၂၀၁၈ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ကဏ္ဍ(၇)ခုဖြင့် သတင်း ထုတ်ပြန်ချက်များကို အချိန်နှင့် တပြေးညီ လွှင့်တင်ထားရှိမှု အခြေအနေများ၊ “စားသုံးသူရေးရာဦးစီးဌာန” အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook Page တွင်လည်း  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်များ၊ ဌာနမှညွှန်ကြားချက်များ၊ ဌာန၏ဆောင်ရွက်ချက်များ၊ အများပြည်သူသို့အသိပညာပေးလိုသည့် သတင်းအချက်အလက်များလွှင့်တင်ပေးခြင်း၊ Media Campaign ကျင်းပပြုလုပ်ခြင်းများကို ဖော်ပြပေးမှုအခြေအနေနှင့် စားသုံးသူ၏စုံစမ်းမေးမြန်းမှုများကိုလည်း ဖြေကြားပေးမှုများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီရောင်းချသူများအား တွေ့ဆုံဆွေးနွေးခြင်း

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အများပြည်သူများ စားသုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ဝယ်ယူစားသုံးနိုင်ရန်အတွက် (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီရောင်းချသူများအားခေါ်ယူ၍ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး၊ ဦးတင်စိုးလှိုင်က ဖြန့်ခွဲရရှိသောစားသုံးဆီများကို စားသုံးသူပြည်သူများထံသို့ မှန်မှန်ကန်ကန် စနစ်တကျရောက်ရှိစေရေးနှင့် ဈေးနှုန်းများကိုလည်း သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အထူးသတိပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စခန်းသာဈေးအတွင်း စားအုန်းဆီရောင်းချမှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၃.၈.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ စခန်းသာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီး၊ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာပြည်သူအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာ စိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသား များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ် လာပါကပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာန၏လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဂန့်ဂေါမြို့နယ်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး (၂၃-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးအတွက်ရည်ရွယ်၍ ဂန့်ဂေါမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

      ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများတွင် ဓာတုဆေးဝါးပစ္စည်းများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုမရှိသောကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ရောင်းချနေသောဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်၊ ဈေးနှုန်းများကို အများပြည်သူများ သိသာမြင်သာစေသည့်နေရာတွင် ဗီနိုင်းချိတ်ဆွဲပြီးရောင်းချရန် အသိပညာပေးဆွေးနွေးပြီး အချင်အတွယ်ပြည့်ဝပြီး မှန်ကန်စွာရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ အချင်အတွယ်ပြည့်ဝမှန်ကန်စွာရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည်(၂၂.၈.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီတွင် ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။  Online   Sale  မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

                                                                                   

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည်    (၂၁.၈.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၃၀)နာရီက   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  မွေးမြူရေးလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်း တာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး   Online   Shop   မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလို ပါက eComreg system www. eComreg.gov.mm တွင် ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင်ပါကြောင်း မှတ်ပုံတင် လျှောက်ထားရယူခြင်းမရှိပဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တက်ရောက်လာသော လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပေးဆွေးနွေး ဟောပြောပွဲသို့ လုပ်ငန်းရှင် လုပ်ငန်းရှင်(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်လိုတိုင်းဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်သို့ ဆန်များတင်ပို့နိုင်ရေးအတွက် ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး  ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်  ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့မည့် MV - ရတနာခိုင်ထွန်းရေယာဉ်ဖြင့် ဆန်တန်(၃၉၅)၊ အိတ်ရေ(၇၉၀၀)အိတ်၊ MV - အာသာဝတီရေယာဉ်ဖြင့် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)အိတ် တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ  ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ