Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်း/အပြင် ကုန်စုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၄.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်မျိုးစုံဆိုင်၊ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအာဟာရဖြစ်သော နို့မှုန့်ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်မျိုးစုံဆိုင်၊ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြရန်၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပြည့်စုံမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၆.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်မြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း ၊ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့ပေါ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          မအူပင်မြို့နယ် အသေးစား၊ အလတ်စားလုပ်ငန်းများ (၂၂၀)ဦးခန့် ရှိသည့်အနက် ကျားပဲမုန့်၊ ကျားသစ်ပဲမုန့်၊ ရွှေပွားငံပြာရည်နှင့် ဆံပင်တုလုပ်ငန်းများသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ၎င်းလုပ်ငန်းရှင်များ တင်ပြချက်များထဲမှ မတည်ရင်းနှီးအခက်အခဲ၊ နည်းပညာအခက်အခဲများနှင့် ဈေးကွက်ရရှိမှု၏ အားနည်းချက်၊ အားသာချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မတည်ရင်းနှီးငွေ အခက်အခဲအတွက်၊ သက်ဆိုင်ရာမိတ်ဖက်ဌာနနှင့် ကုမ္ပဏီများသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့်နည်းပညာ လိုအပ်ချက်အပေါ် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းအကောင်အထည်ဖော်နိုင်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်းတို့ကို အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၄.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များဖြစ်သော Denko၊ Tiger ၊ ရတနာ ကောင်းကင်၊ MM နှင့် ကြည်လွင် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဒေသတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ အချိန် အတွယ် ပြည့်ဝမှုရှိစေရေးနှင့် စက်သုံးဆီအရည်အသွေးပြည့်ဝမှုရှိစေရေးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အလားတူပင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီဆိုင် (၆)ဆိုင်၊ ပန်းတနော်မြို့နယ်မှ စက်သုံးဆီဆိုင် (၅)ဆိုင်၊ ဓနုဖြူမြို့နယ်မှ စက်သုံးဆီဆိုင် (၄)ဆိုင်တို့အား မြို့နယ် ဦးစီးမှူးများက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ အချိန် နှင့်တပြေးညီ ထုတ်ပြန်လျှက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိကို သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးကွင်းဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂)နေ့တွင် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်-၁၇ရပ်ကွက် (၂)လမ်းရှိ ရတနာ ကိတ်မုန့်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးမှ ရတနာကိတ်မုန့်လုပ်ငန်း ထုတ်လုပ်မှု လုပ်ငန်းအဆင်ဆင့်အား ကြည့်ရှုခဲ့ပြီး မုန့်လုပ်ငန်းပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)လုပ်ငန်းရှင်တာဝန်များကို လေးစားလိုက်နာရန်၊ စားသုံးသူကာကွယ်ရေး အခန်း(၁၈)အရ မိမိထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါ ရှိရန် အချက်အလက်များကို ထုတ်လုပ်ဖြန့်ဖြူးမည့် ကုန်စည်တွင်တိကျစွာ ထည့်သွင်းဖော်ပြ ရန်နှင့် SME လုပ်ငန်းဖွံ့ဖြိုးစေရေး အတွက် အသိပညာပေးဆွေးနွေး ရှင်းလင်းခဲ့ပါသည်။ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ လုပ်ကိုင်ဆောင်ရွက်ရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အသေးစား၊ အလတ်စားစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၅.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီက မြောင်းမြမြို့ စက်မှုဇုံရှိ ဦးဇော်မျိုးကြည် ပိုင် ခိုင်ဖြိုးကျော်ဆန်စက်တွင်  ထုတ်လုပ်ဖြန့်ဖြူးနေသော စပါးခွံလောင်စာတောင့် စက်ရုံသို့သွားရောက် ၍ SME စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ စွန့်ပစ်ကုန်ကြမ်းပစ္စည်းများအား ထင်းအစားထိုးလောင်စာ လူသုံးကုန်စပါးခွံလောင်စာ တောင့်များထုတ်လုပ်ဖြန့်ဖြူးနေမှုအား အထူးပင်အားပေးပါကြောင်း၊ စပါးခွံများမြစ်၊ ချောင်းအတွင်း သို့စွန့်ပစ်ခြင်းများ မပြုရတော့ပဲ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှုသည်လည်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဖြစ်ပါကြောင်း ပြောကြားပြီး၊ စပါးကြိတ်ခွဲမှုမှထွက်ရှိသော စပါးခွံများအား ထင်းအစားထိုးလောင်စာ စပါးခွံလောင်စာတောင့် ထုတ်လုပ်ပုံအဆင့်ဆင့်အား ဆက်လက်လေ့လာ ဆောင်ရွက်မှုအရ တစ်နေ့လျှင်စပါးခွံများအား (၃)နာရီကြိတ်ခွဲပြီး၊ (၁)နာရီအနားပေး၍ နံနက်ပိုင်းမှ စတင်ကြိတ်ခွဲထုတ်လုပ်ပြီး ညနေထိ ကြိတ်ခွဲထုတ်လုပ်မှု(၃)ကြိမ် ထုတ်လုပ်ခဲ့ပါသည်။ (၁)နာရီ ကြိတ်ခွဲထွက်ရှိမှုမှာ စပါးခွံလောင်စာတောင့် (၁.၅)တန်ထွက်ရှိပြီး၊ တစ်နေ့လျှင်(၁၃.၅)တန် ထွက်ရှိ ကြောင်းသိရှိရပြီး၊ ထွက်ရှိသောစပါးခွံလောင်စာတောင့်များအား ပြည်တွင်းဈေးကွက်နှင့်ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

နတ်တလင်းမြို့နယ် ဗဟိုမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မုန့်ဈေးတန်းစစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်တာဝန်ခံသည် ၇.၁၀.၂၀၂၂    ရက်နေ့ နံနက် ၁၀: ၀၀ နာရီတွင် နတ်တလင်းမြို့၊ အခြေခံပညာမူလွန်ကျောင်း၌   စားသုံးသူကာကွယ်ရေး အသိပညာပေးဟော‌ပြောပွဲနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ဟော‌ပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံမှ ဗဟိုမူလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ ၄၅ ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများဖြစ်သော ဥပဒေအကြောင်းအရာများ ကုန်စည်တွင်ပါ   ဝင်ရမည့်အချက်များ၊ ကုန်စည်များအားရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် အသိပညာပေးဟောပြာဆွေနွေးပြီး   လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

          ထို့နောက် ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသောဈေးသည်များ၏ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိ/မရှိ စစ်  ဆေးခြင်း၊ ရောင်းချနေသောမုန့်များ သန့်ရှင်း လတ်ဆတ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးရန် မသင့်သည့်မုန့်များရောင်းချခြင်းမပြုလုပ်ရန်တို့ကို ဈေးသည်များအား အသိပညာ ပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ စာသင်ကျောင်းများသို့ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

          ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၇.၁၀.၂၀၂၂) ရက် နံနက် (၁၀:၀၀) အချိန်တွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် (အ.မ.က) ကမ်းနားတန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

        ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ (အ.မ.က) ကမ်းနားတန်းကျောင်းတွင် ကျောင်းသား /ကျောင်းသူ (၃၆)ဦး၊ ဆရာ/ဆရာမ (၆)ဦး စုစုပေါင်း(၄၂)ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး မှ စားသုံးသူရေးရာဥပဒေပါအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများရပိုင်ခွင့် (၄)ချက်တို့အား နမူနာများပြ၍ အကျယ် တဝင့်ရှင်းလင်းဟောပြောခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများအား ပါဝင်မှု ရှိ/မရှိကို ကြည့်ရှု၍ ဝယ်ယူကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သလို ကျောင်းမုန့်ဈေးတန်းကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် နေကြာအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်

      ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယခုအချိန်ကာလသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ဆောင်းနေကြာများ စတင်ထွက်ပေါ်ချိန်တွင် သီးနှံများဈေးကွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် နေကြာအစုအဖွဲ့များ ဖွဲ့စည်းရန် နေကြာစိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

      ပန်းတောင်းမြို့နယ်ရှိ ဆောင်းနေကြာသီးသန့်စိုက်ပျိုးသော မကျီးထုံးအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သော မကျီးထုံး၊ ဆင်လူး၊ ကွေ့မ၊ ကြို့ကုန်း၊ ဆိတ်ကဲကျေးရွာတို့ရှိ တောင်သူ (၁၂) ဦးတို့နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆီထွက်သီးနှံဖြစ်သော ဆောင်းနေကြာ သီးသန့်စိုက်ပျိုးထုတ်လုပ်သူများမှ နေကြာအစုအဖွဲ့များ ဖွဲ့စည်းထားရှိရန် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကကွင်းဆင်း၍ အစုအဖွဲ့များဖွဲ့စည်းရန် ဆွေးနွေး ဟောပြောခဲ့ရာ မကျီးထုံးကျေးရွာမှ နေကြာစိုက်ပျိုးသူတောင်သူ ဦးကြီးရွှေ ကို အစုအဖွဲ့ ခေါင်းဆောင်ဖြင့်ဆောင်ရွက်စေပြီး အဖွဲ့ဝင် (၁၁) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

     ဆောင်းနေကြာစိုက်ပျိုးဧကအဖြစ် မကျီးထုံးကျေးရွာတွင် (၄၇) ဧက၊ ကြို့ကုန်းကျေးရွာတွင် (၂၀) ဧက၊ ဆင်လူးကျေးရွာတွင် (၁၂) ဧက၊ ကွေ့မကျေးရွာတွင် (၅) ဧက၊ ဆိတ်ကဲကျေးရွာတွင် (၂၂) ဧကဖြင့် စုစုပေါင်း (၁၀၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ (၁၄-၁၀-၂၀၂၂)

        ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက် အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ “ချေးငွေစိစစ်ကြီးကြပ် ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ “ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့” မှ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် “ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ် ရေးအဖွဲ့” မှ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင် နိုင်‌ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများ ထောက်ပံ့ပေးနိုင်ရန်လိုအပ်သည်ဖြစ်ရာ ဦးဆောင် ဆောင်ရွက်မည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့‌အောက်တွင် အထောက် အကူပြုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါအထောက်အကူပြုအဖွဲ့များအနက် ချေးငွေစိစစ် ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့အနေဖြင့် ချေးငွေရယူမှု၊ ထိရောက်စွာအသုံးချ မှုနှင့် သတ်မှတ်ချိန်အတွင်း ချေးငွေပြန်လည်ပေးဆပ်မှုနှင့်စပ်လျဉ်း၍ ရေးဆွဲချမှတ်ထားသော လုပ်ငန်းစဉ်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစွာ ဆောင်ရွက်နိုင်ခြင်းရှိမရှိအပေါ် စောင့်ကြည့် လေ့လာသုံးသပ်ကြရမည်ဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအား ထိထိရောက် ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာဌာနအလိုက်သော်လည်းကောင်း၊ အခြားဌာန/ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင် များက အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ITQM)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ