“နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး
၂၀၂၃ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တာဝန်များ ၊ အခွင့်အရေးများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည် နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအကြောင်းသိကောင်းစရာ အကြောင်းဆွေးနွေးရာတွင် ဝန်ထမ်းများလိုက်နာရမည့် တာဝန်များနှင့် အခွင့်အရေးများ၊ အလုပ်ချိန်နှင့် သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများတာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်သည့်ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများ လုပ်ငန်းခွင်ပြုမူဆက်ဆံမှုဆိုင်ရာပြစ်မှုများ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များခွင့် ခံစားခြင်းကိစ္စရပ်များ ပင်စင်အမျိုးအစားများအစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်သည့် ဝန်ထမ်းများကလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။
Doca Kayah