Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်တွင်းကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာအဖွဲ့များနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

      ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး သက်တမ်းလွန်နေသောဆေးဝါးများရောင်းချခြင်းမရှိစေရေး၊ ဆေးဈေးနှုန်းများအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆံပင်ပြုပြင်သည့် သုံးစွဲပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆံပင်ပြုပြင်သည့် သုံးစွဲပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      7-11 အလှကုန်စတိုး၊ Junction စတိုးနှင့် သမ္မာအာဇီဝ ရှောပင်လ်မောစတိုးဆိုင်တို့၌ရောင်းချနေသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းများဖြစ်သည့် (ဆံပင်ပေါင်းဆေး၊ ဆံပင်ဆိုးဆေး၊ ဆံပင်ဆိုးဆေးခရင်၊ ဆံပင်ပျော့ဆေးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါသတ်မှတ်ချက်များနှင့်ပြည့်စုံစွာဖော်ပြပါဝင်မှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး အရောင်းဆိုင်များအား တရားမဝင်တင်သွင်းလာသောကုန်စည်များ၊ ပုဒ်မ(၄၃)အရ မြန်မာစာတမ်းမပါရှိသောကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် ဩဂုတ်လ (တတိယပတ်)တွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာရောင်းချသည့် အရောင်းဆိုင်များသို့ ရည်ညွှန်းစျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဝယ်ယူစရိတ်နှင့် အမြတ်ရာခိုင်နှုန်းဖြင့်သာရောင်းချပြီး စိုက်ပျိုးတောင်သူများ၏ သွင်းအားစုစျေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ၂၀၂၄ခုနှစ်၊ သြဂုတ်လ(တတိပတ်)တွင် ‌ရောင်းချနေသောဈေးနှုန်းများမှာ ဖေါ်ကျွန်းပေါင်းသတ်ဆေး(250Cc)တစ်ဘူးလျှင် ကျပ်(၁၉၀၀၀)၊ ကွန်ပေါင်း(Awba) ဓါတ်‌မြေဩဇာမှာ (၁၅:၁၅:၁၅) ပတ်လည် 50kg တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)ဖြစ်ပြီး အာမို(၁၆:၁၆:၁၆) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ယူးရီးယားတစ်အိတ်လျှင် S4 SAN အမှတ်တံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀ မှ ၁၂၀၀၀၀)ဖြစ်ကြောင်းသိရပြီး တောင်သူများသွင်းအားစုအသုံးပြုကာလပေါ်  သယ်ယူစရိတ်၊ အမြတ်ရာခိုင်နှုန်းအပေါ်မူတည်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်အာမခံဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် အာမခံဆိုင်ရာ မိတ်ဆက်ဆွေးနွေးဟောပြောပွဲကို ဩဂုတ်လ ၂၀ရက်နေ့၊ နံနက် (၁၀:ဝဝ)နာရီ ပုသိမ်စက်မှုစီမံကိန်း အစည်းအဝေးခန်းမတွင်ကျင်းပပြုုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့် အရာထမ်း၊အမှုထမ်းများ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များဥက္ကဌ ဦးဝင်းမြင့်လှိုင် A Insurance မှ ဒေါက်တာစိုပြေအောင်ဝင်းနှင့်ဝန်ထမ်းများ မြို့ပေါ်နှင့်ခရိုင်များမှ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်များ၊ ဆီလုပ်ငန်းရှင်များ၊စားသောက်ကုန် လုပ်ငန်းရှင်များ၊ စုစုပေါင်း(၇၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။

    ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များဥက္ကဌ ဦးဝင်းမြင့်လှိုင်မှ အဖွင့် အမှာစကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်းက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ စားသုံးသူ/ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် ကုန်စည်၊ ဝန်ဆောင်မှုထုတ်လုပ်/ကုန်သွယ်/ ရောင်းချခြင်းဆိုင်ရာတားမြစ်ချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပြီးA Insurance မှဒေါက်တာ စိုပြေအောင်ဝင်းက မီးအာမခံ၊မော်တော်ယာဉ်အာမခံ ရေကြောင်း ကုန်စည်ပို့ဆောင်မှုအာမခံ၊ကုန်လမ်းကုန်စည်ပို့ဆောင်မှုအာမခံ၊နှစ်တိုငွေပင်ငွေရင်းအာမခံ၊ စုပေါင်း အသက်အာမခံ၊ကျန်းမာရေးအာမခံစသည်တို့ကို ပြည့်စုံစွာ ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

 

မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ အောင်ကောင်းစံနှင့် ရွှေရောင်သန့်စင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းအား ကွင်းဆင်း‌လေ့လာခြင်း

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ အောင်ကောင်းစံအမှတ်တံဆိပ်နှင့် ရွှေရောင်သန့်စင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းရှင်၏ ဖြစ်ပေါ်နေသောအခြေအနေ၊ အခက်အခဲနှင့် လိုအပ်ချက်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

    “အောင်ကောင်းစံ” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းတွင် လုပ်သားအမျိုးသား(၆)ဦးနှင့် အမျိုးသမီး (၅)ဦးရှိပြီး တစ်ရက်လျှင် အမျိုးသားတစ်ဦး (၁၂၀၀၀)ကျပ်နှုန်း၊ အမျိုးသမီးတစ်ဦး (၁၀၀၀၀) ကျပ်နှုန်းနှင့် ပဲရွေးအမျိုးသမီးများအား (၃၀)ပိဿာဝင်တစ်အိတ်လျှင် (၅၀၀)ကျပ်ပေးချေရကြောင်း၊ တစ်ရက်လျှင် ပဲကြီး (၃၀)ပိဿာဝင် (၂၆)အိတ်ခန့်ကြော်ရပြီး တစ်ရက်လျှင် စားအုန်းဆီ (၄၄၀)ပိဿာခန့်သုံးစွဲရပြီး ထွက်ရှိသောကုန်ချောပဲကြော်များအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့ တင်ပို့ဖြန့်ချိရကြောင်း၊ “ရွှေရောင်သန့်စင်” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းတွင် လုပ်သားအမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၀)ဦးရှိပြီး တစ်ရက်လျှင် အမျိုးသားတစ်ဦး (၁၂၀၀၀) ကျပ်နှုန်း၊ အမျိုးသမီးတစ်ဦး (၁၀၀၀၀)ကျပ်နှုန်းနှင့် ပဲရွေးအမျိုးသမီးများအား (၃၀)ပိဿာဝင် ပဲတစ်အိတ်လျှင် (၅၀၀)ကျပ်ပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်းပဲကြီး (၃၀)ပိဿာဝင် (၂၆)အိတ်ကြော်ရပြီး ထွက်ရှိသောကုန်ချောပဲကြော်များအား ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များသို့ တင်ပို့ဖြန့်ချိရကြောင်းနှင့် တစ်ရက်လျှင် စားအုန်းဆီ (၄၄၀)ပိဿာခန့်သုံးစွဲရပြီး လုပ်ငန်းသုံးဆီများရရှိရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်လျက်ရှိခြင်းကြောင့် လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ပြီး နီးစပ်ရာရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား အလုပ်အကိုင်များဖန်တီးပေးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်တွင် ဆေးပစ္စည်းနှင့် စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် အထူးစျေးကွက်စောင့်ကြည့်စစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် စျေးနှုန်းကောက်ယူလေ့လာတင်ပြလျက်ရှိရာ (၂၃-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ နိုင်လင်း၊ ကြယ်စင်နှင့် မေတ္တာမွန်ဆေးအ‌ရောင်းဆိုင်များအား စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၏ စျေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     (၂၃-၈-၂၀၂၄)ရက်နေ့၊ ညနေ(၁၇:၀၀)နာရီအချိန်တွင်လည်း မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များဖြစ်သော Denko(1)၊ Denko (2)၊ Regency (1)၊ Regency (2)၊ မင်းထက်ကြွယ်၊ ဆယ်စုသစ်နှင့် Five Star တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) (၁၄) ၊ ပုဒ်မ (၂၆ ၊ ၂၇)မှ ပြဌာန်းထားရှိသော  ဝန်ဆောင်မှုများနှင့် ပက်သက်၍ အာမခံထားရှိမှု အခြေအနေ၊ စားသုံးသူကို ကြိုတင်အသိပေးခြင်း၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း      နှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းစသည့် အချက်များနှင့် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျှော်ကြေးပေးရန်၊ အာမခံထား သော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမူအတွက်  ကုစားပေးရန် စသည့်အချက်များ ထည့်သွင်းပြောကြားခဲ့မှုအပေါ် သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဩဂုတ်လ ၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း ( ၃၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

        အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက သင်တန်းသူ/ သင်တန်းသားများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများကိုပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းအကြောင်းများကို သိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

        ထို့နောက် တက်ရောက်လာသည့်ဆရာ/ဆရာမများနှင့် သင်တန်းသူ/ သင်တန်းသားများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့နယ်၌ နိုင်ငံဝန်ထမ်းပင်စင်စားများအားအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြေခံ စားသောက်ကုန်ဖြစ်သောဆီများ၊ ဆန်များ၊ ကြက်ဥများကိုဈေးနှုန်းသက်သာစွာဖြင့်ရောင်းချခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌၂၀၂၄ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ဌာနဆိုင်ရာများသည် နိုင်ငံဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်ဖြစ်သောဆီများ၊ ဆန်များ၊ ကြက်ဥများကိုဈေးနှုန်းသက်သာစွာ  ဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ၊   စည်ပင်သာယာရေးဝန်ထမ်းများက ကူညီစောင့်ရှောက်ပေးခဲ့ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ သူနာပြုများက   နိုင်ငံဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ပါသည်။ ကျိုက်လတ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများ အား  ဆီတစ်ပိဿာလျှင် (၆၇၀၀)ကျပ်နှုန်းဖြင့် ၅၀သားဘူး (၄၀၀)ခန့်ကိုလည်းကောင်း၊ ဧမထ ဆန်(၁)ပြည်လျှင်(၃၀၀၀)  ကျပ်နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင် အိတ်( ၃)အိတ်ကိုလည်းကောင်း၊ ကြက်ဥ တစ်လုံးလျှင် ( ၃၀၀   )ကျပ်နှုန်းဖြင့် အလုံးရေ   ( ၃၀၀  )ကိုလည်းကောင်း  အသီးသီးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

“ ရွှေကမ္ဘာ ပဲကြော်” လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၂ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ “ရွှေကမ္ဘာ”  ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့် (ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ