Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့တွင် (ဆဌမ)အကြိမ်မြောက် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေးလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ဆန်ကုန်သည်ကြီးများအသင်းမှ လူတစ်ဦးလျှင်(၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၆၀)ဦးအတွက် ဆန်ရောင်းချပေးနေမှုအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ဆန်ကုန်သည်ကြီးများအသင်းရှိ အလှည့်ကျကုန်သည်များမှ ရွှေဘို(၇၂)သွယ်လေး ဆန်အိတ်ရေ (၇၅)အိတ်အား ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာဟောပြောပေး

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ တပ်မြေ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

     မင်းဘူးမြို့နယ်တာဝန်ခံမှ ဆေးရွက်ကြီးအန္တရာယ်နှင့် ရောနှောဆီများ၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ကိစ္စများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးမှူးမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း အခြေအနေများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးမှ အားကစားသိပ္ပံအကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

မင်းဘူးခရိုင်တွင် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်နှင့်စလင်းမြို့နယ်တာဝန်ခံတို့သည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့နယ်နှင့်စလင်းမြို့နယ်ရှိ စည်ပင်သာယာဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ဘူးသွပ်စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ်(၂/၂၀၂၄)ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များ ပြည့်စုံစွာမပါရှိသော ဘူးသွပ်ဆီများအား ပြည့်စုံစွာပါရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက် ပြည့်စုံစွာပါရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

 

ပွင့်ဖြူမြို့မှ “လာဒ်ပွင့်”ပေါင်မုန့်ဆီကြော်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄)၊ နံနက်(၀၉း၃၀)အချိန်တွင် ပွင့်ဖြူမြို့နယ်အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သော “လာဒ်ပွင့်” ပေါင်မုန့်ဆီကြော်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

      “လာဒ်ပွင့်”ပေါင်မုန့်ဆီကြော် လုပ်ငန်းကို လွန်ခဲ့သော (၁၀)နှစ်လောက်က စတင်လုပ်ကိုင် ခဲ့ပြီး တွင်ကျယ်မှုနည်းပါးခဲ့ကြောင်း၊ ယခုအခါမှာ စားသုံးသူရေးရာဦးစီးဌာန၏ အကူအညီဖြင့် ကုန်အမှတ်တံဆိပ်များပြည့်စုံပြီး၊ လိုအပ်သော လုပ်ငန်းလိုင်စင်များ၊ အသေးစားစက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးဌာန၏ မှတ်ပုံတင်များ ပြည့်စုံပြီးဖြစ်၍ (MSMEs) လုပ်ငန်းများမှ ချေးငွေများရရှိကာ လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခဲ့ကြောင်း၊  ယခင်က ဝယ်ယူလိုသော်လည်း စားသုံးသူများအနေဖြင့် ပါဝင်ပစ္စည်းများကို တိကျစွာ မသိခြင်း၊ မိမိစားသုံးရန်သင့်မသင့်ကိုလည်း ချင့်ချိန်နိုင်မှုနည်းပါးခြင်း၊ ထားသိုမှုမမှန်ကန်၍ Date မကုန်ခင် ကုန်ပစ္စည်းပျက်စီးခြင်း၊ အသားတင်ပမာဏ မှန်ကန်မှုမရှိခြင်း၊ နေရပ်လိပ်စာ မပါရှိ၍ မည်သို့ဆက်သွယ်ဝယ်ယူရမည်ကို တိကျစွာမသိခြင်းတို့ကြောင့် ဈေးကွက်၌ တွင်ကျယ်စွာ ရောင်းချရမှုနည်းပါးခဲ့ပြီး ယခုအခါတွင် ကုန်အမှတ်တံဆိပ်များ ပြည့်စုံမှန်ကန်လာခြင်းကြောင့် ဝယ်လိုအားများလာခဲ့ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ ဈေးကွက်အနေဖြင့် ရှောက်တော၊ စလင်း၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ စကု၊ မင်းဘူးမြို့များ သာမက ရေနံချောင်းမြို့များအထိ တွင်ကျယ်စွာ ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ စည်ပင်သာယာစျေးအတွင်းဖြစ်ပေါ်နေသော ကုန်စျေးနှုန်းများအား ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ  အသားငါးဆိုင်များ၊ ဟင်သီးဟင်းရွက်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့သွားရောက်၍ လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းများအား ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။

    ကွင်းဆင်းစုံစမ်းရာတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူစသောအခြေခံစားကုန်များအား၏ စျေးနှုန်းများကို အဓိကထားစစ်ဆေးခဲ့ပြီး စျေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရေး၊ သန့်ရှင်းလတ်ဆပ်စွာဖြင့် အလေးချိန်မှန်ကန်စွာရောင်းချရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၆-၈-၂၀၂၄ ရက်နေ့မှ ၁၂-၈-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ နိုင်းရုဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်၊ Denko အောင်ဆန်းစက်သုံးဆီဆိုင်နှင့် 360 Petro တညင်းကုန်းဆိုင်တို့မှ တာဝန်ခံတို့အားသွားရောက်တွေ့ဆုံခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ PPRD စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်သောကြာနေ့တိုင်း သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိနှင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းမပြုရန်၊ ထိုသို့ရောင်းချနေသည်ကိုစိစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ စက်သုံးဆီများကို သိုလှောင်ထားခြင်းမပြုရန်နှင့် ဌာနမှထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဟင်္သာတမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်းစိန်မြို့နယ်၊ ရွှေအိုးဆေးဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခြင်း

        ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၂-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၈၂)၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေအိုးဆေးဆိုင်၌ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ်၊ ဂြိုလ်ထု၊ ရွှေ၊ မဟာဖြေဆေး၊ ဆန္ဒမွန် အစရှိသောဆေးများတွင် ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များကို မြန်မာလိုပြည့်စုံစွာပါရှိပြီး တချို့သောစားသုံးသူများက တိုင်းရင်းဆေးဝါးများကိုအလေးထားပြီး သုံးစွဲနေကြောင်း၊ ရွှေအိုးဆေးဆိုင်တာဝန်ခံကလည်း မိမိတို့ဆေးဆိုင်တွင် ဆီးချိုနှင့်ပတ်သက်သော ဆေးများကိုလည်းပိုမိုရောင်းချရကြောင်း၊ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းရင်းဆေးရောင်းချသော ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံအပါ (၂)ဦးနှင့် မြို့နယ်စည်ပင်ဈေးတာဝန်ခံအပါ (၂)ဦးတို့ပူးပေါင်း၍  (၁၃-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ တိုင်းရင်းဆေးရောင်းချသောဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်္ဂလိပ်ဆေးအပြင် မြန်မာတိုင်းရင်းဆေးများကိုလည်း တိုက်ကြီးမြို့မဈေးတွင်း/ ဈေးပြင်ပတို့တွင် ရောင်းချလျက်ရှိရာ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချရာ၌ ဆေးအမျိုးအစားအလိုက် စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီသော တိုင်းရင်းဆေးများရောင်းချရန်နှင့် အသက်အရွယ်ကြီးမားသည့်လူကြီးများ အများဆုံးအသုံးပြုနေသောကြောင့် ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ