Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ ဆီကုန်သည်ကြီးများအသင်းမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းခွဲများသို့ ဖြန့်ဖြူးရောင်းချထားသော စားအုန်းဆီများကို သက်ဆိုင်ရာ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်တွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးမှု ရှိ/မရှိနှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)

ဆန်စပါးလယ်ယာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ

         ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာခန်းမ၌ ဆန်၊ စပါး ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ၂၉.၆.၂၀၂၂ ရက်နေ့ နံနက် (၈:၂၀) အချိန်တွင် ဖိတ်ကြားထားသော ဌာနများဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန လဝက ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆန်စက်လုပ်ငန်းရှင်များ ၊ တောင်သူများ ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် ဆွေးနွေးပွဲသို့ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

        အလုပ်ရုံဆွေးနွေးပွဲအား တောင်သူများ နည်းပညာပြန့်ပွားရေး အထောက်အကူပြုစေရန် မြေဆီလွှာ ၊ မျိုး ၊ ဈေးကွက်ဝင် ဆန်အရည်အသွေးနှင့် ဆန်စက်များ၏ အခြောက်ခံစက်၊ အခြောက်လှန်းမှု လိုအပ်သည့် အခြားနိုင်ငံများ၏ ဈေးကွက်ဝင် အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများအား သက်ဆိုင်ရာ ပညာရှင်များမှ နည်းပညာများ ဖြန့်ဝေပေးခဲ့ပြီးနောက် ဆွေးနွေးပွဲကို (၁၂:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့ အမှတ်(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

               ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အမှတ်(၁) ရွာမလမ်းရှိ အခြေခံပညာ အလယ်တန်းကျောင်း၊ (၃၀.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦး၊ ဆရာ၊ဆရာမ (၁၆) ဦး စုစုပေါင်း (၂၆၆) ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲ‌ဟောပြောပွဲတွင် သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ် ဒုကြီးကြပ်ရေးမှူး ဦးဝင်းသိန်းက အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူစားသောက်တက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဉပဒေပါ အကြောင်းအရာများ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးများ၏ အန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးပြီး သန့်ရှင်းလတ်ဆက်သော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာ ကိစ္စရပ်များအား ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပပြု လုပ်လျှက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဇွန်လ (၂၉)ရက်၌ မှော်ဇာအုပ်စု၊ တောင်လုံးညိုရွာ၊ ရွှေတောင်မြို့နယ်တွင် ဇွန်လ (၃၀)ရက်၌ မင်းကွန်းအုပ်စု၊ လက်ခုတ်တန်းရွာ၊ မယားမံအုပ်စု၊ မယားမံရွာ၊ ပန်းတောင်းမြို့နယ်တွင် ဒန့်ဒလွန်အုပ်စု၊ ကျီးပင်ကန်ရွာနှင့် မွန်းလွဲပိုင်း၌ ထိပ်ပေါက်အုပ်စု၊ ထိပ်ပေါက်ကျေးရွာ စသည်တို့တွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံတို့မှ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်းအမှတ် အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်နှင့်လိပ်စာ၊ ဉပဒေအရ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့အား အသိပညာပေး ပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူ (၄၄၄)ဦး တက်ရောက်ခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်တွင် ဒေသတွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများ ဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ ဒေသတွင်းထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ လိုက်နာရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်၌ ရွှေတောင်မြို့၊ ယွန်းတန်း လမ်းရှိ ဦးစန်းမြင့် ပဲခွဲစက်သို့လည်းကောင်း၊ ဇူလိုင်လ (၄)ရက်၌ သဲကုန်းမြို့၊ စားသုံးသူရေးရာဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လည်းကောင်း၊ ပြည်မြို့၊ ရတနာမာန်အောင်လမ်းရှိ ရွှေဝါသင်း ဆုံဆီလုပ်ငန်း၊ ပေါက်ခေါင်းမြို့၊ တောင်ငူလမ်းပေါ်ရှိ ကိုသိန်းဇော် ဝါရုံစက်၊ ပေါင်းတည်မြို့၊ တာပွန်လမ်းရှိ ရွှေမန်း ပဲခွဲစက်သို့လည်းကောင်း သွားရောက်၍ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်အမျိုးအစားအလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအရ ဖြည့်ဆည်းပေးရမည့် အချက်များနှင့် ကုန်စည်အမျိုးအစားအလိုက် အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချမှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ( ၄)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ပြုံးပြုံးရွှင်စက်သုံးဆီ အရောင်းဆိုင်၌ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း(၆) ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ စက်သုံးဆီဆိုင်များအားစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများ အတိုင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန်၊ အရည်အသွေးပြည့်မီ မှန်ကန်သည့် ပစ္စည်းများ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ပြည်နယ်အတွင်း စက်သုံးဆီမပြတ်လပ်ရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များဈေးကွက်တွင်းစစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ကြောင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီ ရောင်းချမှုအခြေအနေများများကို အသီသီးတင်ပြဆွေးနွေးခဲ့ကြောင်း၊ ယနေ့အချိန်ထိ ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေကြောင်း သိရပါသည်။

DOCA(ကယား)

 

 

         

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၅.၇.၂၀၂၂)ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်က အိမ်မဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ Goody ဟင်းသီးဟင်းရွက် စားသုံးဆီ)ဘူးများ၌ ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/မရှိနှင့် အခြား ကုန်မျိုးစုံတွင်လည်း သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း (၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် (၆.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးဆီသုံးစွဲမှုများ လျော့ချစားသုံးနိုင်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်၊ လက်ရှိဆောင်ရွက်လျှက်ရှိသော ဟင်းသီးဟင်းရွက်(စားအုန်းဆီ)များ၏ ရောင်းချနေမှုအားစားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မ ခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြသီတာဈေး ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၇.၂၀၂၂) ရက် နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်က ဝါးခယ်မမြို့နယ် မြသီတာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  မြသီတာဈေးအတွင်းရှိ လက်လီ၊ လက္ကားရောင်းချနေသော ကုန်စုံဆိုင်များရှိ စားအုန်းဆီဘူးများနှင့် အခြားထုပ်ပိုးကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ဖြင့် ဈေးကွက်အတွင်း အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ Vegetable Oil , Cooking Oil ဟူ၍ ဖော်ပြပြီး၊ ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း တွေ့ရှိရ၍ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိ စေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချနေသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးအစားနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဤညွှန်ကြားချက်သည်(၂၀.၁၂.၂၀၂၁)ရက်နေ့မှထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့်နေ့ရက်မှစတင်၍ အာဏာ သက်ရောက်မည်ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတ မြို့နယ်တာဝန်ခံက ဟင်္သာတခရိုင်၊  တလုထ္ထော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ (၇.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၁၀၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ