Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်တံခါးမြို့နယ်တွင် ဆန်စက်ပိုင်ရှင်များနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စာသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၃) ရက်နေ့တွင် ကျောက်တံခါး မြို့နယ် ဆန်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်များအသင်းတို့နှင့်ပူးပေါင်း၍ ဆန်ရောင်းချမှုပြုလုပ်ခဲ့ကြပါသည်။

      ထိုသို့ ဒိုက်ဦးမြို့နယ်အတွင်း ဆန်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း၊        ဆန်စက်တစ်စက်စီ အလှည့်ကျရောင်းချပေးလျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကျောင်းမုန့်ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန် လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး စားသုံးသူ ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းကို (၁၉..၂၀၂၄)ရက်နေ့ နံနက် (၀၈:၀၀) နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်အတွင်းရှိ တင်းတိန်ရံကျေးရွာ အ..က စာသင်ကျောင်းရှိ မုန့်ဈေးဆိုင်များအား သွားရောက်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက သတ်မှတ်ထားသည့် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။  

DOCA(စစ်ကိုင်း)

 

 

 

ရောနှောဆီအပါအဝင် စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၉)ရက်နေ့ နံနက် (၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် စားသုံးဆီရောင်းချသည့်ဆိုင်များတွင်  Goody ဟင်းရွက်ဆီ(အဆင့်မြှင့်သန့်စင်ထားသောစားအုန်းဆီ)ဘူးများနှင့် မြေပဲဆီသန့်မျာကိုသာ ရောင်းချ ကြောင်း တွေ့ရှိရပါသဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)ပါ အကြောင်းအရာများ၊ စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်သည့်အပြင် အမျိုးအမည်ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာ ဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားစသည်ဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်ပါ အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဌာန၏ ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ ဆန်/ ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇  ရက်၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် ခရိုင်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းက ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၆၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၁၀) အိတ်ကိုလည်းကောင်း၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၄၅) အိတ်ကိုလည်းကောင်း၊ ဧည့်မထဆန် တစ်ပြည်လျှင် ၃၁၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၆၂) အိတ်ကိုလည်းကောင်း စုစုပေါင်း အိတ်(၁၁၇) အိတ်အား ရောင်းချပေးပြီး  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက  စားအုန်းဆီ ပိဿာ (၈၈၀) အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ညောင်လေးပင်မြို့ပေါ်တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ  ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူဝန်ထမ်းများသည် (၁၄-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် ညောင်လေးပင်မြို့ပေါ်ရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်  နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန်နှင့် စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိစေရေး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၁၅-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်၏ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများရေးသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များအား ရောင်းချ ခြင်းမပြုကြရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျောင်းနေအရွယ်ကလေးများ အသိပညာ တိုးပွားစေရေး စားသုံးသူကာကွယ်ရေးဟောပြောပေး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံသည် (၁၄.၈.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

    ငွေစာရင်းတာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိမှုအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းက ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့တွင် စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့ နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ  စက်သုံးဆီရောင်းချလျက်ရှိသော “မြရွှေစင်”နှင့်“ဦးထွန်းဝင်း”ဆီဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များအား သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှင့် အမှန်တကယ်ရောင်းချခြင်းနှင့် အချိန်အတွယ်မှန်ကန်စေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။     သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင် ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများကိုလည်း ဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားမဝင် စက်ဆီ၊ ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေး ဦးစားပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားခွင့်၊ ကုစားနိုင်ခွင့်များသိရှိနိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ အသိပညာ တိုးပွားစေရေး ရည်ရွယ်၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးခဲ့ကြောင်း သိရသည်။

     ရေစကြိုမြို့နယ်တာဝန်ခံက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်း ဌာနခွဲမှဝန်ထမ်းက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူးရုံးများတွင် CICC ရုံးများဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် တိုင်ကြားနိုင်သည့်သူများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

 

ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး ရည်ရွယ်၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်မျိုးစုံနှင့် အသုပ်မျိုးစုံအရောင်းဆိုင်များအား ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ အသုပ်မျိုးစုံရောင်းချရာတွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကျောင်းမုန့်ဈေးတန်းရောင်းချသူများအနေဖြင့် ကျောင်းဖွင့်ရာသီချိန်တွင် နေ့စဉ်နှင့်အမျှ ဝယ်ယူစားသုံးနေသည့် ကျောင်းသား၊ ကျောင်းသူများအား အစားအစာများ ရောင်းချရာတွင် ကုန်စည်များပေါ်တွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များနှင့် သန့်ရှင်းလတ်ဆပ်သည့် ကုန်စည်များကိုသာရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ