မိတ္ထီလာခရိုင်တွင်း ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလတွင် မိတ္ထီလာခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၇)ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိ အားဆေး (ဖြည့်စွက်စာ) LUTEIN ESTER BLUEBERRY SALT ALGE ဆေးဝါးအား စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိမှ ဆေးဆိုင်ပိုင်ရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိအားဆေး (ဖြည့်စွက်စာ) ဖြစ်သော LUTEIN ESTER BLUEBERRY SALT ALGE ဆေးဝါးအား စျေးကွက်အတွင်း ရောင်းချမှုမပြုကြရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ် Import Resgistration No. (IR) များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၇) ဆိုင်တွင် တရားမဝင်သော မျက်စိအားဆေး (ဖြည့်စွက်စာ)ဖြစ်သော LUTEIN ESTER BLUEBERRY SALT ALGE ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(မန္တလေး)