Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ် အ.ထ.က(မင်းတန်း) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၉.၈.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကဒါရပ်ကွက် အ.ထ.က (မင်းတန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ  ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Application အား playstore တွင် download ရယူ၍ ၎င်း Application မှတစ်ဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number (1535) ကိုလည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

စားအုန်းဆီများအား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့်ရောင်းချရာတွင် ကြပ်မတ်ဆောင်ရွက်ခြင်း

     ၁၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များ၌ စားအုန်းဆီအရောင်းကိုယ်စားလှယ်များမှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချမှု မရှိစေရေး၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ ဝယ်ယူသူများမှလည်း စနစ်တကျ ဝယ်ယူနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

     စားအုန်းဆီများရောင်းချရာတွင် မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက်၊ ဓမ္မာရုံနှင့်  မုပွန်ရပ်ကွက်တို့တွင် ကိုယ်စားလှယ် ဒေါ်စန်းဌေးက လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၉၃၅ ပိဿာကိုလည်းကောင်း၊ မောင်ငံဈေး၊ ကွင်းရပ်ရပ်ကွက်နှင့် ကျောက်တန်းရပ်ကွက်တို့တွင် ကိုယ်စားလှယ် ဦးလင်းသူဟန်က လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၁၁၀၀ ပိဿာကိုလည်းကောင်း၊ ထားဝယ်စုဈေး၊ ကုလားဈေးနှင့် ငန်းတေးတို့တွင် ကိုယ်စားလှယ် ဦးစံလင်းက လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၁၆၂၀ ပိဿာကိုလည်းကောင်း ဆီတစ်ပိဿာလျှင် ဈေးနှုန်း ၆၆၄၁ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်၊ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတက်ရောက်ခဲ့

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၁၈.၈.၂၀၂၄ ရက်နေ့က ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ပညာရေးဦးစီးဌာန လက်အောက်ရှိ ကျောင်းကျန်းမာရေးသွားရောက်စစ်ဆေးရာတွင် ကျောင်းသား၊ ကျောင်းသူများ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာချို့တဲ့ခြင်း၊ မျက်စိအားနည်းပါးခြင်း၊ သွားကျန်းမာရေး ဆိုင်ရာပျက်စီးခြင်း၊ လည်ပင်းအကျိတ်ရောင်ခြင်း အစရှိသည့် လက္ခဏာများတွေ့ရှိရ၍ လိုအပ်သလိုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းသို့စစ်‌ဆေးကုသပေးမှုကို ပညာသင်နှစ်ကုန်ဆုံးချိန်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ယင်းနောက် ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာရရှိစေရန် ကျန်းမာရေးအသိပညာပေးပြိုင်ပွဲပြုလုပ်မည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူ​ရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ စားသုံးသူကာကွယ်​ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့် ဈေးတန်းစစ်ဆေးခြင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး​တက်ရောက်လာသည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ပြိုင်ပွဲများပြုလုပ်ကျင်းပသွားမည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

    အဆိုပါပြိုင်ပွဲများမှာ မူလတန်းအဆင့် နှစ်သက်ရာပုံ(၂)ပုံနှင့် ကျန်းမာရေးပညာပေးခြင်းအတွက် ရေးဆွဲထားသောပန်းချီပုံများကို ဆေးရောင်စုံခြယ်သခြင်း၊ အလယ်တန်းအဆင့် ဘဝအတွက်တာသိမှတ်စရာကျန်းမာရေး အသိပညာပေးမေးခွန်းများဖြေဆိုခြင်း၊ အထက်တန်းအဆင့် အားကစားနှင့် ကျန်းမာရေး၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ ဂိမ်းကစားတာကိုလျော့ကြစို့ အစရှိသည့် မေးခွန်းများကိုဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ထူးချွန်ဆုရရှိသူများကို ဩဂုတ်လ နောက်ဆုံးပတ်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၁၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်ထိုမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီ၊ ရောနှောဆီ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ အမေထွား၊ Mazin၊ Goody စသည့် စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထို့နောက် ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

အင်းစိန်မြို့နယ်၊ အ.ထ.က(၂)ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းကွင်းဆင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၈.၂၀၂၄)နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောရာတွင် ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများအကြောင်း၊ စားသုံးသူတို့အနေဖြင့်  ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/မရှိအား အဓိကဖတ်ရှု့ရမည် ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တင်ပြပြောဆိုတိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၀၉) ဦး၊ ဆရာ/ဆရာမ (၁၀) ဦး၊ စုစုပေါင်း (၁၁၉) ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော မုန့်များကိုသာ ရောင်းချပေးရန် မုန့်ရောင်းချသူများအား အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

         

အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၈.၂၀၂၄)နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ ဦးစီးဌာနအဆင့်ဆင့် ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄) ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၀၀) ဦး၊ ဆရာ/ ဆရာမ (၁၁) ဦး၊ စုစုပေါင်း (၂၁၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုး ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၄.၈.၂၀၂၄ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးဖြစ်သော Meizan, Lotus, Sunar, Goody, အမေထွား, ရန်ကုန်,ဒီဒီနှင့် ရာသက်ပန်ဆီများတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိပြီး ပိဿာ၊ ကျပ်သားများကိုလည်း မြန်မာလိုဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင်လည်း အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်ထားသော ရောနှောဆီများကိုသာ ဝယ်ယူရောင်းချရန်နှင့် အမှတ်တံဆိပ်မပြည့်စုံသော စားသုံးဆီအမျိုးမျိုးကိုလည်း ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဖော့ကန်ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၃.၈.၂၀၂၄ ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ပဒေသာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးသည့်ဆိုင်များကို ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက မိမိတို့ ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြ ရမည့်အပြင် အမျိုးအမည်ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အသားတင် ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားစသည်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံနှင့် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၃.၈.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးဆီအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း”နှင့် ပတ်သက်၍ ပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

 

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။  ထိုသို့စစ်ဆေးခဲ့ကြရာ၌ ယနေ့ခေတ်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စားအုန်းဆီဈေးကွက်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်  မမှန်မကန်သတင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် ထုတ်ပြန်ထားသည့် ရည်ညွှန်း‌ဈေးနှုန်းမျာအပေါ် သယ်ယူပို့ဆောင်ခများအပါအဝင် ၂ % အမြတ်ဖြင့်သာရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ