Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပြည့်ဖြိုးကြွယ်ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်၍ ဆန်စပါးဝယ်ယူကြိတ်ခွဲမှု၊ ရောင်းချမှုဈေးကွက်အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးအောင်ဇော်ဦးဦးစီးအရာရှိက ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ဆန်/စပါးဝယ်ယူကြိတ်ခွဲမှုအခြေအနေများ၊ ဆန်စက်မှထွက်ရှိသော ဆန်အရည်အသွေးနှင့် ဆန်ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးထားသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် မြို့နယ်တွင်းဆန်လက်ကားဖြန့်ဖြူးရောင်းချသူများအားရောင်းချရန်ကိုလည်းကောင်း၊ စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခြင်း၊ ဒေသတွင်းစားသုံးသူပြည်သူများ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဆန်ပြတ်လပ်မှုမရှိစေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူတို့ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ လုပ်ငန်းရှင်များမှ မေးမြန်းလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ရှင်းလင်းဖြေကြား

     (၁၃.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  မအူပင်မြို့နယ်မှ စားသောက်ဆိုင်လုပ်ငန်းရှင်၊ ဖုန်းအမျိုးမျိုးရောင်းချသူလုပ်ငန်းရှင်၊ မုန့်မျိုးစုံရောင်းချသူ စတိုးဆိုင်လုပ်ငန်းရှင် (၄)ဦးသည် စားသုံးသူ ရေးရာဦးစီးဌာ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို လာရောက်မေးမြန်း၍ ခရိုင်ဦးစီးမှူးမှ ရှင်းလင်း ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

    ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ကိုရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ထားကြောင်းကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍ လည်းကောင်း၊ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 

     လုပ်ငန်းရှင်များက မိမိတို့ရောင်းချသော ကုန်စည်ကို အွန်လိုင်း စနစ်အသုံးပြုလာပြီး ရောင်းအားမြင့်တင်လာခြင်းကြောင့်   အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းလုပ်ငန်းဖြင့် ရောင်းချလာသူများပြားလာပြီး  စားသုံးသူအပေါ် အခွင့်အရေးနစ်နာအောင် အချို့သော မသမာသူများက လိမ်လည်၍ရောင်းချခြင်းပြသနာများ ဖြစ်ပေါ်လာခြင်းကြောင့် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များကို ရှင်းလင်းခြင်း၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅)မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့်နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း စိတ်ဝင်တစား လာရောက်မေးမြန်းသော လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးမှ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းရင်းဆေးဝါးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ နယ်တွင်   လိုင်စင်ရ တိုင်းရင်းဆေးဝါးရောင်းချသည့်ဆေးဆိုင်များသို့ (၁၄.၈.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်တိုင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

     စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က တိုင်းရင်းဆေး အရောင်းဆိုင်များအား စစ်ဆေးပြီး သုံးစွဲရန်မသင့် တိုင်းရင်းဆေးဝါးများနှင့် ထုတ်လုပ်/ဖြန့်ချိမှု ဖော်ပြထား ခြင်းမရှိသောဆေးများကိုရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်တိုင်းရင်း ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများအပေါ်  ၅%မှ ၁၀%အထိ အမြတ်တင်ရောင်းချရန်၊ ဆေးများပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။ 

     ပန်းတနော်မြို့ပေါ်တွင် တရားဝင်လိုင်စင်နှင့် တိုင်းရင်းဆေးအရောင်းဆိုင် ၆ဆိုင်ရှိပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းချနေကြောင်း၊ ဆေးဆိုင်တိုးချဲ့ ဖွင့်လှစ်ချင်သူများအနေဖြင့် လိုင်စင်ပြုလုပ်ပေးနေကြောင်း၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အ.ထ.က(ခွဲ)အကျော်၊အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အ.ထ.က(ခွဲ)အကျော်၊အခြေခံပညာအထက်တန်းကျောင်း၊ တက်ရောက်ကျောင်းသား/ကျောင်းသူ(၄၈၃)ဦး၊ဆရာ/ဆရာမ(၇)ဦးတို့အား​ ၁၂.၈.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

    အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူက  ဟော​ပြောပွဲပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက လူငယ်နှင့်အားကစား၊ ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြည်။

      စားသုံးသူရေးရာဦးစီးဌာနက ဦးဝင်းမင်းစိုးမြို့နယ်ဦးစီးမှူးက အသိပညာပေးဟောပြောရာ ကျောင်းသူ၊ ကျောင်းသားလူငယ်များ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကိုယ်တိုင်က လိုအပ်ချက်အရ ကုန်စည်တစ်ခုကို ဝယ်ယူအသုံးပြုရာတွင် အွန်လိုင်းမှ ဝယ်ယူလိုသော ကုန်စည်ရှိပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ(Online Sales) မှတ်ပုံတင်ပြီးသော Pageများတွင်သာ ဝယ်ယူအသုံးပြုကြရန်၊ ယခုဟောပြောပွဲမှ ကျောင်းသား/ ကျောင်းသူများ မိသားစုဝင်များ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချခြင်းမျိုးရှိပါက eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကျောင်းအသိပညာဟောပြောပွဲတွင် လာရောက်ဟောပြောသော စားသုံးသူရေးရာဦးစီးဌာန အသိပညာပေးဟောပြောမှုအရ သိရှိရ၍ မိသားစုဝင် လုပ်ငန်းရှင်များကို ပြန်လည်မျှဝေရန် ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင်ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံအကျယ်တဝင့်လင်းရှင်း ဟောပြောခဲ့ပြီး အွန်လိုင်းရောင်းချသူများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခံရနိုင်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူ ဆရာ/ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများကလည်း အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရသည့်အချက်များ သိရှိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ဆန်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဓနုဖြူဈေးတာဝန်ခံရုံး၌ ဆန်ရောင်းချသူလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်ဝတ္တရာများအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူဆန်ရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို ပဏမရှင်းလင်းဆွေးနွေးပြီး ဆန်ရောင်းချသူလုပ်ငန်းရှင်တို့၏ ဆန်ရောင်းချမှုဈေးကွက်အခြေအနေကို မေးမြန်းကာ MRF က သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ ဝယ်ယူရာတွင်  သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဒေသထွက်ဆန်များဖြစ်သည့် ဧည့်မထဆန်များကို ဆန်ဈေးနှုန်းကပ်၍ သတ်မှတ်ရည်ညွှန်းဈေး အပေါ် ၅% အမြတ်တင်ရောင်းချပြီး ၊ ပေါ်ဆန်း ဆန်များသည် မိမိတို့ဒေသထွက် ဆန်မဟုတ်သည့်အတွက် အခြားနယ်မြေဖြစ်သော မြောင်းမြ၊ ဖျာပုံ၊ ပုသိမ်နှင့် အခြားဒေသမှ ဝယ်ယူရောင်းချရခြင်းကြောင်း သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ လုပ်သားခ၊ အပါအဝင် ၈% သာ အမြတ်တင်ရောင်းချရန် ပြည်သူအတွက်လည်း သက်သာ၊ ရောင်းချသူလုပ်ငန်းရှင်အတွက်လည်း မနစ်နာသဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်ရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ သတ်မှတ်ရည်ညွှန်းဈေးထက် အဆများစွာကြီးမြင့်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်၊ ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်သဖြင့် သတ်မှတ်ချက်များအတိုင်း ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆန်ရောင်းချသူလုပ်ငန်းရှင် (၇)ဦး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ နယ်တွင်  ဆေးဝါးရောင်းချခွင့်လိုင်စင်ရ ဆေးဆိုင်များသို့ (၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် တိုင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက  ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေမှုနှင့် စပ်လျဉ်း၍ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန်၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန်၊ ဆေးဝါးများအား စနစ်တကျထားသိုရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်း ရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ကို ဆွေးနွေးပြောကြားခဲ့သည်။

ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

ကော့သောင်းခရိုင်ဦးစီးမှူးသည် စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေသည့် လက်လီ အရောင်းဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့၊ညနေ (၁၇:၀၀) အချိန်တွင် ကော့သောင်းမြို့နယ် ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း အစည်းအ‌ဝေးခန်းမ၌ ကော့သောင်းမြို့နယ် စားသုံးဆီ လက်လီအရောင်းဆိုင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးမှ ကော့သောင်းမြို့နယ်ရှိ လက်လီစားသုံးဆီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုမရောင်းချစေရေး၊ စျေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မပြုလုပ်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချစေရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိ ကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

မင်းဘူးမြို့နယ်အတွင်း ကျေးရွာများရှိ စာသင်ကျောင်းများ၌ အသိပညာပေးဟောပြော

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံသည် (၁၇.၈.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကန်ရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

     မင်းဘူးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးမှူးမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း အခြေအနေများအားလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးမှ အားကစားသိပ္ပံအကြောင်း ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၄ ပေပါ တို့ကို ယာဥ်မောင်း ဦးဇေယျာလင်း ယာဉ်အမှတ် 1I-6178/ FUSO မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ စားအုန်းဆီ ၈၄ ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ မြောင်းပုလဲရပ်ရှိ ဦး‌နိုင်ဝင်းဇော်၏ စရဏ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။ 

DOCA(တနင်္သာရီ)

လေးမျက်နှာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁၆.၈.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ နင်းကြမ်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ် ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖတ်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ