Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ဇေယျတု သောက်ရေသန့်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန။ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ဓနုဖြူမြို့နယ် ဇေယျတု သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက ဇေယျတုသောက် ရေသန့်လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာ ကွယ်ရေးဥပဒေများအေကြာင်း၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ထား နိုင်ရေးတို့ အပြင်၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ သောက်ရေသန့်လုပ်ငန်း လည်ပတ်ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ) 

လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးသည် လွိုင်ကော် မြို့နယ်၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၅၄)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ 

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန်ဦး (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)မှ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် ၊နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်ရန် အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ TV များတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူးချဲ့ကားကြော်ငြာနေသော ကြော်ငြာများနှင့်ပတ်သက်၍လည်းကောင်း၊  စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံး မှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည် (သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများ Talk Show အောင်မြင်စွာကျင်ပပြီးစီး

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၇.၂၀၂၂)နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီ အစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးမှ စတင်၍ မိတ်ဆက်၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ စားသုံးသူရေးရာဦးစီးဌာန ၏ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများနှင့် မိတ်ဆက်စကားစတင်ပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရျင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပြစ်မှုနှင့် ပြစ်ဒါဏ်များအကြောင်းကို စားသုံးသူများနှင့် လုပ်ငန်းရှင်ပြည်သူများ သိရှိအောင် ဝေမျှဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

  မအူပင်မြို့ပေါ်ရှိ မုန့်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၇.၂၀၂၂) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၌ မုန့်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး  ဟောပြောဆွေးနွေးခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၂)ပါ ရည်ရွယ်ချက်အရ စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် အချက်အလက်များဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်ရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေ၊ အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှ ကုန်စည်(သို့)ဝန်ဆောင်မှုများ၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးပို့ခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိပဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည့်အချက်များကို အလေးပေး၍ အသိပညာပေးဟောပြောခဲ့ပါသည်။

         အဆိုပါ ဟောပြောပွဲသို့ လုပ်ငန်းရှင် (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြစ်ကြီးနားမြို့၊ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.မ.က(၄)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

         ကချင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊  မြစ်ကြီးနားခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ရက်နေ့ နေ့လယ် ၁၃:၀၀နာရီအချိန်မှ ၁၃:၄၅နာရီအချိန်ထိ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.မ.က(၄)ကျောင်းတွင် ဆရာ၊ဆရာမများနှင့်ကျောင်သား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောရာတွင်   ခရိုင်ဦးစီးမှူး  ဦးဇော်မင်းဦးမှ   စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်အားရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ ကျောင်သား၊ ကျောင်းသူများအား အသင့်စား အစားအစာအမျိုမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကထားဖတ်ရှုရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် နမူနာပစ္စည်းများဖြင့်အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ထို့နောက် စာသင်ကျောင်းမုန့်ဈေးဆိုင်များအား ဘေးအန္တရာယ်ရှိအစားအစာများရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမ(၆)ဦးနှင့် ကျောင်းသား၊ကျောင်းသူ(၇၂)ဦး စုစုပေါင်း(၇၈)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

ဗန်းမော်မြို့၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဗန်းမော်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းမှ လူငယ်ရေးရာဆိုင်ရာအကြောင်း၊ အာဇာနည်နေ့အကြောင်းသိကောင်းစရာ များကိုဟောပြောခဲ့ပြီး ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ဆန္ဒမွန်   (ဒု-ဦးစီးမှူး)မှ စားသုံးသူများသည် ကုန်စည်များရွေးချယ်ဝယ်ယူရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိသောကုန်စည်များကိုသာ ဝယ်ယူအသုံးပြုရန်နှင့်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီး ဌာနသို့ လာရောက်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာဖွင့်လှစ်ထားရှိကြောင်း၊ တယ်လီဖုန်း ဖြင့်လည်း (၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မများနှင့် ကျောင်းသူ/ သား စုစုပေါင်း (၃၀၇)ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက်ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် သက်တမ်းလွန်အစားအသောက်များ ကျောင်းဈေးအတွင်း ရောင်းချမှုရှိမရှိ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ကချင်)

ဈေးကွက်အတွင်း တရားမဝင် GANO ထုတ်ကုန်များ ရောင်းချမှုရှိ/မရှိ စိစစ်ဆောင်ရွက်ခြင်း

        GANO  အမှတ်တံဆိပ် အမည်တူ တရားမဝင်ထုတ်ကုန်များရောင်းချမှုရှိ/မရှိ စိစစ်ခြင်းကို (၁၃-၇-၂၀၂၂)နေ့တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မင်းပြားမြို့ မြို့မဈေးအတွင်း၌လည်းကောင်း၊ (၁၈.၇.၂၀၂၂)နေ့တွင် စစ်တွေမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် စစ်တွေမြို့ မြို့မဈေးနှင့် မကျည်းမြိုင်ဈေးအတွင်း၌ လည်းကောင်း၊ သံတွဲခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သံတွဲမြို့ ဒွါရာဝတီဈေးအတွင်း၌ လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ဤကဲ့သို့စစ်ဆေးရခြင်းမှာ MLM Gano Trading Company သည် မ‌လေးရှားနိုင်ငံ Gano Excel Industries SDN. BHD မှ အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်အစားအစာများကို တစ်ဦး တည်းပိုင်ကိုယ်စားလှယ်အဖြစ်မှတ်ပုံတင်ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူကာ ဈေးကွက်အတွင်းတရားဝင်ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်ရာ အခြားစီးပွားရေးလုပ်ငန်း ရှင်တစ်ဦးမှ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစား အစာများကို တရားမဝင်တင်သွင်းရောင်းချနေကြောင်းသိရှိရသည့်အတွက် မ‌လေးရှားနိုင်ငံထုတ် Gano အမှတ်တံဆိပ်နှင့် အမည်တူ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်ဈေးကွက်များအတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

       ဈေးကွက်အတွင်းရှိဈေးဆိုင်လုပ်ငန်းရှင်များအား ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများသည် တရားမဝင်ထုတ်ကုန်များဖြစ်သည့်အတွက် ဆိုင်တင်ရောင်းချမှုမရှိစေရေး နမူနာပုံစံ လက်ကမ်းစာစောင်များဖြန့်ဝေပြီး အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)

ဗန်းမော်မြို့၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ရက်နေ့ နံနက်၀၉:၃၀နာရီအချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဗန်းမော်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းမှ လူငယ်ရေးရာဆိုင်ရာအကြောင်း၊ အာဇာနည်နေ့အကြောင်းသိကောင်းစရာ များကိုဟောပြောခဲ့ပြီး ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့် အရေးနှင့်လိုက်နာရမည့်တာဝန်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ဆန္ဒမွန်   (ဒု-ဦးစီးမှူး)မှ စားသုံးသူများသည် ကုန်စည်များရွေးချယ်ဝယ်ယူရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ရှိသောကုန်စည်များကိုသာ ဝယ်ယူအသုံးပြုရန်နှင့်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီး ဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာဖွင့်လှစ်ထားရှိကြောင်း၊ တယ်လီဖုန်းဖြင့်လည်း (၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

        ဟောပြောပွဲသို့ ဆရာ/မများနှင့် ကျောင်းသူ/ သား စုစုပေါင်း (၃၀၇)ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်အစားအသောက်များ ကျောင်းဈေးအတွင်း ရောင်းချမှုရှိမရှိ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါ ဘူးသွတ်စားအုန်းဆီများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၄.၇.၂၀၂၂)ရက်နေ့ ၊ နံနက်(၉:၃၀)အချိန်တွင်  စည်ပင်သာယာဈေးအတွင်း ဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင်(၁၁)ဆိုင်အား အမှတ်တံဆိပ်ပါစားသုံးဆီများ၌ ဖော်ပြပါရှိရမည့် ကုန်စည်အလိုက် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေး ဈေးတာဝန်ခံ ဦးခင်မောင်ထွန်း၊ ဈေးအကျိုးတော်ဆောင် ဦးဝင်းကျော်တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              ထိုသို့ အမှတ်တံဆိပ်ပါ ဘူးသွတ်စားသုံးဆီများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အမှတ် တံဆိပ်များ ဖော်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်မှု အားနည်းသေးကြောင်း တွေ့ရှိရပါဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့ ဟင်းသီးဟင်းရွက်ဆီရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီရောင်းချသည့် ဆိုင်(၁၅) ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများက စားသုံးဆီရောင်းချသည့်ဆိုင်များကို “ဟင်းသီးဟင်းရွက်ဆီ (VegetableOil, CookingOil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်” ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယင်းသို့ ထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့် ၂၀၂၂ခုနှစ်၊ ဇွန်လ၂၁ရက်နေ့တွင် စတင်အာဏာ သက်ရောက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စားသုံးဆီရောင်းချသည့် ဆိုင်များအနေဖြင့်ရောင်းချ သည့်ကုန်စည်တွင် ကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏အသားတင်ပမာဏာနှင့် အရွယ်အစား၊ မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား စသည်တို့ဖော်ပြပါရှိရမည်ဖြစ်ပြီး ယင်းအချက် အလက်များပါဝင်သည့် ဟင်းသီးဟင်းရွက်ဆီများကိုသာ ရောင်းချကြရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ကျိုင်းတုံမြို့ဈေးကွက်အတွင်း စားသုံးသူကာကွယ်‌ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပါ သတ်မှတ်ချက်နှင့်အညီ ပြည်တွင်းထုတ် အမေထွားဆီနှင့် စံပြဆီများ ရောင်းချလျက်ရှိပြီး ဒေသနေပြည်သူများအကြိုက်များ၍ ဝယ်လိုအားများနေသည့် နေကြာဆီနှင့် ပဲပုပ်ဆီများတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် အစရှိသည်များနှင့် ဟင်းသီးဟင်းရွက်ဆီ (VegetableOil, CookingOil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားပါရှိရေး ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး၏တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ဈေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ