Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သရက်မြို့နယ်တွင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား အသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သရက်မြို့ ဈေးရပ်ကွက်၊ ရွှေဘုံသာရပ်ကွက် တို့ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ သြဂုတ်လအတွက် ဈေးနှုန်းများအား ဝေငှပြီး အသိပညာပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် ဆန်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများနှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၂၀.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်အတူ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

   မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူအခွင့်အရေး(၈)ချက်အားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးက ပတ်ဝန်းကျင်သန့်ရှင်းလှပအောင်လုပ်ဆောင်ခြင်းနှင့် ပလတ်စတစ်သုံးစွဲခြင်း၊ ပလတ်စတစ်ကို မီးရှို့ဖျက်စီးခြင်းအား ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်သည့်အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နည်းပညာအဆင့်မြင့်သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများအား သင်တန်းပို့ချခြင်းဆောင်ရွက်

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍  ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့သွားရောက်၍ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခဲ့ပါသည်။

         အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အကြောင်းအရာအချက်အလက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်တွင်းကြီးမြို့၊ မြို့မဈေးရှိ စားသုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစျေးပတ်ဝန်းကျင်၌ ရောင်းချနေသည့် ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ဘူးသွပ်စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  ရောင်းချရာတွင် စနစ်တကျရောင်းချရေး၊ ဆီပေပါရရှိမှုမှတ်တမ်းများ စာရင်းပြုစုထားကြပြီး ဆီတစ်နေ့ရောင်းချမှုပိဿာနှင့် ဆီဖြန့်ဖြူး ရောင်းချမှုများကို စာရင်းပြုစုရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးကျင်းပ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးအစည်းအဝေးခန်းမ၌ (၁၈.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။

   အသင်း၏ လူမှုရေး၊ စီပွားရေးဆိုင်ရာ အထွေထွေကိစ္စရပ်များ နှစ်စဉ်အောင်မြင်စွာ ဆောင်ရွက်ခဲ့မှု၊ အသင်း၏ ရန်ပုံငွေအား စနစ်တကျသုံးစွဲမှု၊ အရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားကုန်သည်များအတွက် ယခုနှစ်သီးနှံများအပေါ်တွင် ပွဲစားခ၊ အလုပ်သမားခများအား အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းမှ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသူ၊ အသင်းသားအားလုံးမှ  ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အသင်း၏ နေ့စဉ် သီးနှံမျိုးစုံပေါက်စျေးနှုန်းများ၊ စျေးနှုန်းစျေးကွက် အခြေအနေများအား အများပြည်သူ သိသာမြင်သာ ထင်ရှားစွာဖြင့် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နိုင်ရန် အသင်း၏ facebook Page တွင်သာမက ကုန်စည်ဒိုင် အဆောက်အဦအတွင်း/ အပြင်တွင်  LED Board ဖြင့် ကြော်ငြာထား ရှိရန်လိုအပ်ပါကြောင်း၊ ကုန်စည်ဒိုင်အတွင်း မိမိတို့ရောင်းဝယ်သည့် ကုန်ပစ္စည်းနမူနာများအား ခင်းကျင်းပြသပြီး ပွင့်လင်းမြင်သာစွာ စျေးနှုန်းများဖွင့်၍ စုစုရုံးရုံး ရောင်းချပါရန်နှင့် မကွေးကုန်စည်ဒိုင်သည် တိုင်းမြို့ပေါ်တွင် ရုံးစိုက်ရာ လည်းဖြစ်၍ အသင်းသူ၊ အသင်းသားများမှ အရောင်းအဝယ်မှန်၊ အချိန်အတွယ်မှန်၊ စျေးနှုန်းမှန်စွာ ရောင်းဝယ်ဖောက်ကား၍ စည်ပင်တိုးတက်လာပါက မကွေးတိုင်း၏ ကုန်သွယ်ရေး နှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ၁၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့တို့ရှိ စက်သုံးဆီ(၉)ဆိုင်အား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ရာ ဆီဈေးနှုန်း၊ ကားဝင်ရောက်မှုဘောက်ဆာဝင်စာရင်း၊ ဆီဂါလံပါဝင်လာမှု၊ ပြန်လည်ရောင်းချမှုနှင့် ရောက်ရှိချိန်လက်ကျန်နှင့်တကွ စားသုံးသူပြည်သူများ စက်သုံးဆီ ဝယ်ယူရာတွင် ကားကြီး/ကားသေး/ (၃)ဘီးအိုးဝေ၊ ဆိုင်ကယ်များကို စည်းစနစ်တကျရောင်းချစေရေး၊ လက်ကျန်ဂါလံကန်များအား တိုင်းတာစစ်ဆေးခဲ့မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၈-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နံနက်(၀၉:၀၀)နာရီအချိန်မှ ညနေ (၁၇:၀၀)နာရီအချိန်ထိ မှော်ဘီမြို့နယ်အတွင်းရှိ စက်သုံးဆီ(၁၄)ဆိုင်အားကွင်းဆင်းစစ်ဆေးခဲ့ရာ PPRD မှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီများပြတ်လပ်မှုရှိသည့်ဆိုင်များတွင် လက်ကျန်ဂါလံများတိုင်းတာခြင်း၊ AGD စက်များဖြင့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဆီသိုလှောင်ကန်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စက်သုံးဆီများဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချကြရန်၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၅၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးစိုးဝင်းနိုင်ပါ (၃)ဦး၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး စိုးသန်းပါ (၂)ဦး၊ မြို့နယ်စည်ပင်မှ လ/ထအုပ်ချုပ်ရေးမှူး ဦးစန်းမြင့်၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဒု-တပ်ကြပ်သက်ခိုင်နှင့် စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်နီလာဦးတို့ပူးပေါင်းပါဝင်လျက် Moon Sun, Max, Regency, Denko (2), Denko (3) နှင့် ကမ္ဘာသစ်စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိုင်အများစုသည် စက်သုံးဆီများပြန်လည်ရရှိနေပြီဖြစ်ပြီး ကားတန်းစီမှုများလည်းလျော့နည်းသွားခဲ့ပြီး ဆီဘောက်ဆာကားများရောက်လျှင်လည်း ချက်ချင်းပေးကြောင်း၊ ညနေပိုင်းတွင်လည်း ဆီကားများအဝင်ရှိမည်ဖြစ်ကြောင်း၊ ပုံး၊ ပေပါများလည်းမရောင်းချကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးများဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

 

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     ၂၁.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဇာနည်သျှမ်းဆေးဆိုင်နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်း‌ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ ဆေးနှင့်ဆေးပစ္စည်း‌ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ