Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖြူးမြို့ ပြန်/ဆက်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် စာအုပ်စာပေပြပွဲသို့ တက်ရောက်လာသော အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

        မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ ရေးရာ ဆောင်ရွက်ချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို လည်းကောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိ ကိုလည်းကောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ များကို လည်းကောင်း ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ဖြူးမြို့ စာရေးလမ်း အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

              ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည်  ၂၀.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့နှင့်အတူ ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လက်ရှိဖြစ်ပေါ်နေသော  ဓါတ်မြေဩဇာ ဈေးနှုန်းများ၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

              ထို့သို့ လေ့လာစုံစမ်းရာတွင်  တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် သီးနှံများအပေါ် မူတည်၍ သင့်တင့်လျောက်ပတ်သော ဓါတ်မြေဩဇာများကို ဝယ်ယူသုံးစွဲလျှက် ရှိပါကြောင်း၊ ဈေးနှုန်းများ အနေဖြင့် ယခင်နှစ်ကထက် ယခုနှစ်တွင် အနည်းငယ်မြင့်တက်လျှက်ရှိပါကြောင်း၊ မိမိတို့ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များအနေဖြင့်လည်း တောင်သူများ သွင်းအားစု ကုန်ကျစရိတ်ခက်အခဲများ လျှော့နည်းစေရန် သီးနှံပေါ်ချိန် ငွေခြေစနစ်ဖြင့်ပါ ရောင်းချပေးလျှက် ရှိပါကြောင်း၊  စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာများ မှာယူရာတွင်လည်း အခက်အခဲမရှိဘဲ ပစ္စည်း ပြတ်လပ်မှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ (၂၂.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး/အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရန် အရည်အသွေးပြည့်မီမှန်ကန်သည့်ပစ္စည်းများ စျေးကွက်းအတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ စျေးကွက်အတွင်းစစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အ‌ရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီရောင်းချမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

           ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည်  ၂၀.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့နှင့်အတူ ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်စွာရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ဆီသယ် Bowser ယာဉ်များ အချိန်မီရောက်ရှိခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာ စက်သုံးဆီ ဆိုင်မန်နေဂျာများက ရှင်းလင်း တင်ပြခဲ့ပြီး  ပဲခူးဒုခရိုင်ဦးစီးမှူးက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှု ပေးရေး တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ကဝမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

               ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊   စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်းတို့သည် ၂၀.၇.၂၀၂၂ ရက်နေ့၊ နေ့လယ် (၁၂ : ၃၀)နာရီအချိန်တွင် ကဝမြို့နယ်သို့ သွားရောက်၍ ကဝမြို့နယ် စည်ပင် သာယာဈေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိတ္ထီလာမြို့ပေါ်ရှိ အထူးစျေးနှုန်းဖြင့် ရောင်းချနေသော စားအုန်းဆီဆိုင်များသို့ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၅.၇.၂၀၂၂) ရက်နေ့ (၉:၃၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စားသုံဆီများ ရောင်းချပေးခြင်းဆောင်ရွက်ရာတွင် စားသုံးဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြစ်သော (၅၅၀၀) ကျပ်ဖြင့်  ပိဿာချိန် (၁၅၄၀) ပိဿာအား မိတ္ထီလာမြို့မစျေးနှင့် ရပ်ကွက်နေပြည်သူများသို့ ရောင်းချပေးခဲ့ပါကြောင်း သိရပါသည်။

DOCA(မန္တလေး)

သနပ္ပင်မြို့နယ်အတွင်း ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

        ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ သနပ္ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေ၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့သည် ၂၁.၇.၂၀၂၂ ရက်နေ့၊ နေ့လည်(၁၄ :၀၀)နာရီအချိန်တွင် သနပ္ပင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ သနပ္ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ သနပ္ပင်မြို့နယ်အတွင်း‌ ရောင်းချလျှက်ရှိသော ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရန်၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရန် ရည်ရွယ်၍  လက်ရှိရောင်းချလျှက်ရှိသော ပြည်သူလူထုအသုံးများသည့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအတက်အကျ ရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ အခြေအနေများကို ကွင်းဆင်း လေ့လာစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သနပ္ပင်မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

               ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ သနပ္ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေ၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့သည် ၂၁.၇.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သနပ္ပင်မြို့နယ်သို့ သွားရောက်၍ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သနပ္ပင်စည်ပင်သာယာဈေးမှ တာဝန်ရှိသူများ နှင့်ပူးပေါင်းပြီး သနပ္ပင်မြို့မစည်ပင် သာယာဈေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်း အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်း စာဆောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့နယ်ရှိ ဗြူးကုန်းကျေးရွာတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၇.၂၀၂၂)ရက်နေ့၊ နေ့လည်(၁:၃၀) အချိန်တွင် ပြည်မြို့နယ် အတွင်းရှိ ဗြူးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဗြူးကုန်းနှင့် ကျောင်းရွာနေ ကျေးလက်နေပြည်သူ (၈၀)ဦးအား စားသုံးသူ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထိုစားသုံးသူအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းမှ အသိပညာပေး ဟောပြောရာတွင် စားသုံးသူများရရှိမည့် အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအကြောင်း၊ ဈေးကွက်အတွင်းစားသုံးသူများစိတ်ကြိုက်ဝယ်ယူနိုင်ရေး၊ စားသုံးသူ များနစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်မည့် အခွင့်အရေးရရှိစေရေး၊ ကုန်ပစ္စည်းများ ဝယ်ယူ အသုံးပြုရာတွင် နစ်နာဆုံးရှံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် သတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) မှ လက်ခံဆောင်ရွက် ပေးနေမှု့ အခြေအနေများ အား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၇-၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းရောင်းချနေသောဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူစားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက် ဖော်ပြထားသော ကုန်စည်များကို ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင် (၁၀) ဆိုင်အား စစ်‌ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ