Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက် (၁၀ꓽ၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောစားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ပေါင်းတည်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်

       နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသောဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းမဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊ ငွေတိုးဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ တောင်ပျံတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ အင်းလယ်ဆန်တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၄၀၀)ကျပ်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။

ပဲခူး)

ပေါင်းတည်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်

       နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ကွင်းဆင်းစိစစ်မှုများပြုလုပ်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ပေါင်းတည်မြိုနယ်အတွင်းရှိ ရတနာဆီဆိုင်၊ ပဒေသာဆီဆိုင်၊ မြကန်သာဆီဆိုင်၊ အဏ္ဏဝါထွန်းဆီဆိုင်၊ စိန်ရတနာဆီဆိုင်တို့ကိုကွင်းဆင်းစိစစ်ခဲ့ပြီး ဆီပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးရေးနှင့် အချင်အတွယ်မှန်ကန်စေရေးတို့ကိုစစ်ဆေးခဲ့ရာ ဆီပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးနေကြောင်းတွေ့ရှိရပါသည်။

ပဲခူး)

ဓာတ်မြေဩဇာဈေးကွက်အား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီဌာနသည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများနှစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးတို့အတွက် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

      အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးဌာန၏ ဦးဆောင်မှုဖြင့် (၂၀-၈-၂၀၂၄)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု အ ပေါ် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာမှုရှိ/မရှိစစ်ဆေးခဲ့ကြရာ ဓာတ်မြေဩဇာဈေးနှုန်းများအား သတ်မှတ်ချက်အတိုင်း ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၀-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ‌၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၀-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သာယာဝတီမြို့မအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းခြင်း

      နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀-၈-၂၀၂၄)ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/မရှိ၊ ဆေးပစ္စည်းများ လက်ကျန်မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသောဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ/မရှိနှင့် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိသိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ သြဂုတ်လ၊ တတိယအပတ်တွင် ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၁၁၃၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၁၁၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုရှိ/မရှိ ကွင်းဆင်း

      ပြည်သူများ နေ့စဉ် စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၂၀-၈-၂၀၂၄)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းများသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခြင်းရှိ/မရှိနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်မှုဆောင်ရွက်လျက်ရှိရာ ဆေးနှုန်းများ သင့်တင့်မျှတပြီး ဆေးများလည်းပြတ်လပ်မှုမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဝါးရောင်းချပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသိပညာပေးဆွေးနွေးဆေးဝါးရောင်းချပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံး၌ ကျင်းပလျက်ရှိသော ဆေးဝါးများအား ဈေးနှုန်းသက်သာစွာနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေပစ္စည်းလုပ်ငန်းရှင်များက ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲတွင် ၁၄.၈.၂၀၂၄ ရက်နေ့နှင့် ၁၅.၈.၂၀၂၄ ရက်နေ့တို့တွင် ပြခန်းပြုလုပ်၍ အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆေးဝါးများလာရောက်ဝယ်ယူသူ စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ပြီး ဆေးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် လုပ်ငန်းရှင်လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေး၍ လက်ကမ်းစာစောင်များ ဝေငှခဲ့ပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ