Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်အေးဘုရားတွင်ကျင်းပသော ပဲဆွမ်းလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးပွဲကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးက ပါဝင်ဆင်နွှဲ

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့၊ (၃--၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊  ရွှေယဉ်မျှော်ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲနှင့် စတုဒီသာအလှူတော်မင်္ဂလာပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေယဉ်မျှော်ပြည်တော်၊ အေးစေတီတော်ရှိ ပရိဘောဂစေတီထိုက်သည့်မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ငွေကျပ် (၂၄၂၆၅၀၀၀) တန်ဖိုးရှိသောပဲမျိုးစုံ (၅၃၉၈) ပြည်အား ဘားအံမြို့ပေါ်ရှိ ကျောင်း တိုက်ပေါင်း (၅၄) ကျောင်းနှင့် သီလရှင်ကျောင်း (၁၄) ကျောင်းတို့မှ ရဟန်းသီလရှင် (၂၆၁၃) ပါးတို့အား စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၃) ကြိမ်မြောက်ကဆုန်လပြည့်နေ့၊ ပဲဆွမ်းလောင်းလှူပွဲအား အာရုံခံတန်ဆောင်းအတွင်း ကျင်းပခဲ့ပြီး ဘားအံမြို့၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းတွင်လည်း စုပေါင်းစတုဒီသာအလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့် တွေ့ဆုံတွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိူင် (ဦးစီးအရာရှိ)သည် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌  ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်တွေ့ဆုံ၍ ဆန်ဖြန့်ဖြူးရောင်းချနိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

       ထိုသို့ဆွေးနွေးရာတွင် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း အသင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပေါင်းစပ်၍ ကရင်းပြည်နယ်အတွင်း ဆန်များဖြန့် ဖြူးရောင်းချနေမှုအခြေအနေများ၊ ဒေသတွင်းဆန်ဖူလုံပိုလျှံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် အသင်းနှင့်ဌာနတို့ပေါင်းစပ်၍ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ အသင်းအဖွဲ့ များခိုင်မာအားကောင်းလာစေရေးနှင့် အသင်းဖွဲ့စည်းမျဉ်းရေးဆွဲဆောင်ရွက်နေမှုအခြေအနေ ကိုလည်းကောင်း၊ ကရင်ပြည်နယ်ဒေသထွက် ဆန်/စပါးများကို အနီးအနားရှိဒေသများက သိုလှောင် ရန်ရည်ရွယ်၍ အဓိကလာရောက်ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည့် အထိဖြစ်နေကြောင်းနှင့် ယင်းတို့ကို့ဖြေရှင်းနိုင်ရေးနည်းလမ်းများကို ဆွေး‌နွေးခဲ့ကြောင်းသိရပါသည်။

      ကရင်ပြည်နယ်အတွင်း ဆန်ဖူလုံပိုလျှံစေရေး၊ ဆန်/စပါးနှင့်ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းကို (  ၁-၆-၂၀၂၃  ) ရက်နေ့တွင် အသင်းဖွဲ့ဦးရေ(၂၇)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ကရင်ပြည်နယ်ဒေသထွက် စပါးများကို အနီးအနားရှိဒေသများက သိုလှောင်ရန်ရည်ရွယ်၍ အဓိကလာရောက် ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်သည်အထိဖြစ်နေကြောင်း ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံတော်ကသတ်မှတ်ထားသည် ဈေးနှုန်းနှင့် လက်ရှိမြင့်တက်နေသောဈေးနှုန်း/ဈေးကွက်အခြေအနေ၊ ပြည်ပတို့တင်ပို့မှုအခြေအနေနှင့် လမ်းခရီးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် (၈-၈-၂၀၂၃) ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိန်ဆီစက်တွင်  ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်းကောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်တွင် MSME (Help Desk Center) ဖွင့်လှစ်ထားရှိမှုနှင့် ကူညီဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောလုပ်ငန်းရှင်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေး နွေးခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားတွင် ကရင်ပြည်နယ်ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူးနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၁၇:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေး သုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များသို့  စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိနှင့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိတို့ကို   ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက (၈.၅.၂၀၂၃) ရက်နေ့အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92-1965, 95-2055, HSD-1920, PD-2000) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများရောင်းချရာတွင် အချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးရာတွင် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါသည်။ ထိုနေ့တွင် တောင်နီကျေးရွာဒေသ၌ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်းမရှိသော သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသည့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသောသီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ    စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကိုနေလင်း လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချသော  ကုန်စုံဆိုင်သို့  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သဇင်ဘီစကွတ် အမှတ်တံဆိပ်ပါ ဆိတ်နို့ဘီစကစ် အသင့်စားမုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်စည်များကို ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၈.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ ဗန်းမော်မြို့တွင်းရှိ သောက်ရေသန့် ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်(၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေလိုက်နာရမည့် တာဝန် (၁၁) ချက်ကို အကျယ်တစ်ဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက် (၈) ချက် ဖော်ပြပါ ရှိကြောင်း ၊ ပုဒ်မ ၄၃ အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ရှမ်းပြည်နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   (၅-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်ရေးရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါ သည်။

   အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ လူငယ်များအသိပညာရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာအသိပညာပေးကိစ္စရပ်များဟောပြောခြင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ပညာရေးဝန်ကြီးဌာနက လူငယ်နှင့်ကျင့်ဝတ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမောင်/မယ်များက တိုက်ကွမ်ဒို၊ ဝူရှူးနှင့် မြန်မာ့သိုင်းပညာများကို သရုပ်ပြတင်ဆက်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အားကစားဆပ်ကော်မတီအသီးသီးသို့ အားကစားပစ္စည်းများနှင့် ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်သူ(၄၂၀)ဦးခန့်ရှိပြီး နေ့လယ်(၁၂:၃၀) နာရီအချိန်ခန့်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၅-၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ၊  အဖွဲ့ဝင်များဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် မြန်မာ့သဘာဝရော်ဘာ အရည်အသွေးစမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းလုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ITQM)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်  ဝန်ထမ်းများသည်  (၅.၅.၂၀၂၃)ရက်နေ့ ၊    နံနက်(၁၀:၀၀)နာရီက     အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးလေးလွင်မှ အထက်ပိုင်းရပ်ကွက်ရှိ မုန့်ဆိုင်(၃)ဆိုင်တွင် ရောင်းချနေသော အေဝမ်း(နာနတ်လမုန့်) မုန့်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိစစ်ဆေးပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော    ဥပဒေညွှန်ကြားချက်များအား   လိုက်နာ ဆောင်ရွက်ကြရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနမှ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဘိုကလေးမြို့နယ်၊ မစိမ်းကျေးရွာရှိ စာသင်ဝိုင်း၌ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ဧပြီလ(၂၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မစိမ်းကျေးရွာရှိ ဒေါ်စန္ဒာနေအိမ် စာကျက်ဝိုင်းတွင် စာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ အခန်း(၁၈)၊ပုဒ်မ(၄၁)(၄၃)တို့တွင်ဖော်ပြထားသောကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းအကြောင်း  ဈေးကွက်တွင်လည်း ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကိုသာ စားသုံးသင့်ကြောင်း ကျန်းမာမှ နိုင်ငံသားကောင်း ရတနာများဖြစ်မည်အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ