Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းများနှင့်အခြားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်များ အလွန်အကျွံသုံးစွဲနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျော့နည်းစေရန်ရည်ရွယ်၍ ဈေးရောင်း၊ ဈေးဝယ်စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲနေမှုလျှော့ချရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်စားသုံးသူပြည်သူများနှင့်တွေ့ဆုံကာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်းထိခိုက်မှုကိုဆိုးကျိုးဖြစ်စေနိုင်သည့် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကို အလွန်အကျွံသုံးစွဲခြင်းများမပြုကြရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော မိမိတို့၏ဒေသထွက် ငှက်ပျောဖက်၊ အင်ဖက်၊ စလှူဖက်၊ သစ်ရွက်အကြီးစား၊ စက္ကူတို့နှင့်သာထုပ်ပိုးရောင်းချကြရန်၊ စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် လတ်ဆတ်သန့်ရှင်းသောအသီးအရွက်၊ အသားငါးနှင့်အခြား စားသောက်ကုန်ပစ္စည်းများကို စနစ်တကျရောင်းချပေးကြရန်၊ လတ်တလောဖြစ်ပေါ်နေသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ပလတ်စတစ်အမှိုက်များစွန့်ပစ်ရာ၌ စနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်မွန်မှုရှိစေရေးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဈေးရောင်း/ဈေးဝယ်စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ရာပြည့်(၂)လမ်းတွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။

    အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည်(၃၄၀၀)ကျပ်၊ ကြက်ဥ (၃)လုံးကို(၁၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားလျင်(၃၁၀၀)ကျပ်၊ ဆားတစ်ထုတ်(၃၀၀)ကျပ်တို့ဖြင့် ရောင်းချခဲ့ပြီး ချဉ်ပေါင်ရွက်၊ ငါး၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးမှည့်စသည်များကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈.၈.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချနေသောဆိုင်များနှင့် မင်္ဂလာဈေးတို့တွင် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍  သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချစေရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံမှ ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၇.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ကုလားဘီကျေးရွာမှ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက ဆီစက်လည်ပတ်ချိန်၊ တစ်နေ့ ဆီကြိတ်အား၊ ကုန်ကြမ်းစုဆောင်းမှု၊ ကုန်ကြမ်းဈေးနှုန်း၊ ကုန်ချောဈေးနှုန်း၊ ဈေးကွက်၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတို့အား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က ကုန်ကြမ်းများတွင် နေကြာကို ချောင်းဆုံမြို့နယ်နှင့် မြေပဲကို ဘီးလင်းမြို့နယ်၊ ကရင်ပြည်နယ် ထုံးအိုင်တို့မှ ဝယ်ယူရရှိကြောင်း၊ ကုန်ကြမ်းဈေးနှုန်းမှာ နေကြာ(၁)တင်းလျှင် (၄၀၀၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာ (၇၀၀၀) ကျပ်ဖြင့်ဝယ်ယူရရှိကြောင်း တစ်နေ့လျှင် မနက် (၆) နာရီမှ ညနေ (၆) နာရီထိ စက်ရုံလည်ပတ်ရာ တစ်နေ့လျှင် ကုန်ချော ပိဿာ (၂၅၀) ကျော်ကြိတ်ခွဲနိုင်ကြောင်း၊ ကုန်ချော မြေပဲဆီ (၁) ပိဿာလျှင် (၂၁၀၀၀) ကျပ်၊ နေကြာ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် ချောင်းဆုံနှင့် မော်လမြိုင်သို့ ဖြန့်ဖြူးကြောင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၇) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

ချောင်းဆုံမြို့၌ စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၈.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂) မြို့မဈေးတွင် ရောင်းချနေသော စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်၊ အမှတ်(၂) မြို့မဈေးတွင် ရောင်းချနေသော ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ အမေထွား၊ Mazin၊ Goody စသည့်စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထို့နောက် ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ကော့မှူးမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက (၈၈၀၉၉)ဧကအား တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် လျာထားထွန်ယက်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်၌ ရာနှုန်းပြည့်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပြီး ကားလမ်းမဘေးဝဲယာနှင့် ရေတော်မိုးတော်နေရာများတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) များဖြင့် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လယ်ယာမြေများ၊ အခြားနည်းသုံးပြုခွင့်မရှိဘဲ အခြားနည်းအသုံးပြုခြင်းများတွေ့ရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့တင်ပြကြရန်၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လတ်တလောဖြစ်ပေါ်နေသော ဝမ်းပျက်၊ ဝမ်းလျောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန်၊ မိုးရာသီတွင်ဖြစ်တတ်သော ရာသီတုပ်ကွေး၊ ဝမ်းပျက်၊ ဝမ်းလျော၊ သွေးလွန်တုပ်ကွေးရောဂါတို့အား ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်ကျေးရွာများရှိ ပြည်သူလူထုနှင့်ပူးပေါင်းကာ စာသင်ကျောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ရေကြီးနစ်ုပ်လယ်ယာမြေများရှိပါက အချိန်မီတင်ပြကြရန်နှင့် အခြားပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ် ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၃၀-၇-၂၀၂၄ ရက်နေ့မှ ၅-၈-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ နိုင်းရုဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း ာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဇလွန်မြို့နယ် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၆.၈.၂၀၂၄)ရက်နေ့၊နံနက်(၁၁:၃၀)အချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ် “ ရွှေမြန်မာ” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၂.၈.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်ရှိ “ရွှေမြန်မာ” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် နေခြည်ဈေးအတွင်းရှိ စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည်(၅.၈.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊  နေခြည်ဈေးအတွင်းရှိ စားသောက်ကုန်စည်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များအား တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသောက်ကုန်စည်အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ